စကြာဝဠာတို့၏ မူလအစ

စကြာဝဠာတို့၏ မူလအစ
September 26, 2017 Leanne Win
စကြာဝဠာတို့၏ မူလအစ

တစ်ခါတော့ ကျွန်တော့်အ တွေး၊ ကျွန်တော့်ဆုံးဖြတ်ချက် မှန်သွားပြီဟု ဆိုရပေလိမ့်မည်။ ခါ တိုင်းတစ်ခါမျှ ဒီလိုဟန်ကျကျ နေရာ မရဖူးခဲ့။ ဒီတစ်ခါတော့ “ဟဲ့ ငါတို့ လည်း မနက်ဖန်မန္တလေးလိုက်မှာ အတူသွားကြတာပေါ” ဆိုသဖြင့် မနေ့တုန်းက ပြန်မည်လုပ်ပြီးမှ မပြန်ဖြစ်ခဲ့။ တစ်ရက်စောင့်ရကျိုး နပ်သွားသည်ဟု ဆိုရပေလိမ့်မည်။ သည်လမ်းပိုင်းမှာက အဓိကမြို့ကြီး တွေလောက်သာ ကားများကူးသန်း သွားလာမှုရှိသည်။ တောမြို့ကလေး တွေ၊ တောဘူတာလေးတွေကျ တော့ ကားလမ်းမပေါက်လို့ဘဲ ကားမရှိတာ လား။ စီးသူနည်းပါးလို့ဘဲ ကားတွေ မရှိတာဘဲလားမသိ။ မီးရထားကိုသာ အဓိကအားထားကြသဖြင့် ရထားစီး ခရီးသည် များလှသည်။  တစ်ခါတော့ ကျွန်တော့်အ တွေး၊ ကျွန်တော့်ဆုံးဖြတ်ချက် မှန်သွားပြီဟု ဆိုရပေလိမ့်မည်။ ခါ တိုင်းတစ်ခါမျှ ဒီလိုဟန်ကျကျ နေရာ မရဖူးခဲ့။

ဒီတစ်ခါတော့ “ဟဲ့ ငါတို့ လည်း မနက်ဖြန် မန္တလေးလိုက်မှာ အတူသွားကြတာပေါ” ဆိုသဖြင့် မနေ့တုန်းက ပြန်မည်လုပ်ပြီးမှ မပြန်ဖြစ်ခဲ့။ တစ်ရက်စောင့်ရကျိုး နပ်သွားသည်ဟု ဆိုရပေလိမ့်မည်။ သည်လမ်းပိုင်းမှာက အဓိကမြို့ကြီး တွေလောက်သာ ကားများကူးသန်း သွားလာမှုရှိသည်။ တောမြို့ကလေး တွေ၊ တောဘူတာလေးတွေကျ တော့ ကားလမ်းမပေါက်လို့ဘဲ ကားမရှိတာ လား။ စီးသူနည်းပါးလို့ဘဲ ကားတွေ မရှိတာဘဲလားမသိ။ မီးရထားကိုသာ အဓိကအားထားကြသဖြင့် ရထားစီး ခရီးသည် များလှသည်။  အစ်မအုန်းသန်းတို့ဆိုတာက  သည်ရထားဖြင့်စုန်ဆန်သွားလာ ရောင်းဝယ်ဖောက်ကားနေသူတွေ ဖြစ်သဖြင့် သည်ရထားမှာ သိသူ မရှား။ အခုလည်း ရထားပေါ်တွင်ပါ လာသော အစ်မအုန်းသန်းမိတ်ဆွေ တစ်ယောက်က “အုန်းသန်းရေ သည်တွဲကိုလာ ဟေ့။ သည်မှာဆင်းမယ့်သူတွေများ တယ်” သည်လိုနှင့် ခုံနေရာတော် တော်များများ လွတ်သွားသော တွဲပေါ်သို့ ရောက်ခဲ့သည်။

ဟန်ကျ ပန်ကျနေရာရခဲ့သည်။ စိတ်ချမ်းသာ လိုက်တာ။ သည်နေရာမှာ ခါတိုင်းခုံ နေရာမရသဖြင့် ရထားကြမ်းပြင်ပေါ် မှာပဲ ဖြစ်သလို၊ ကြုံသလို လိုက်ခဲ့ရ စဉ်က သိမ်ငယ်စိတ်တွေ ခံစားခဲ့ရ သလောက် အခုတော့လည်း စိတ် ချမ်းမြေ့ရပုံတို့ကို တွေးမိရင်း၊ ခုံနေ ရာ တစ်နေရာ၏ အရေးပါမှုကို တစိမ့်စိမ့်တွေးတောနေမိသည်။  မျက်နှာချင်းဆိုင်ခုံမှာက ကျွန်တော်နှင့်သက်တူရွယ်တူခန့်ရှိ မည်ဟုယူဆရသော ကောင်မလေး တစ်ယောက်နှင့် သူ့၏အစ်ကိုဖြစ်ဟန် တူသော သက်လတ်ပိုင်းလူတစ် ယောက်၊ ကောင်မလေးပုံစံ အသား ဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ မျက် ဝန်းနက်နက်၊ သွက်သွက်လတ်လတ်၊ ထက်ထက်မြက်မြက်ရှိမည့်ပုံ။ မကြည့်ချင် မြင်လျက်သားဆိုသလို သည်လောက်မျက်နှာချင်းဆိုင်ကြီး ဆိုတော့လည်း ကျွန်တော့်မှာ အရုပ် လည်းမြင်နေရသည်။ အသံကိုလည်း ကြားနေရသည်။ ဘူတာပလက် ဖောင်းပေါ်မှ လူတစ်ယောက်နှင့် အပြန်အလှန်စကားပြောနေသံကို ကြားနေရ၏။  “အစ်ကိုညွှန့်ဝင်း မန္တလေးကို ဘာမှာဦးမလဲ။ ချိုမာ ပါလာတဲ့ ပစ္စည်းတွေကို အစ်ကိုတို့အိမ် ပို့ ထားပေးဖို့ ကုလားကိုမှာထားခဲ့ တယ်။ ကြည့်သိမ်းထားပေးဦး။ မနက်မှ မာမာအေးတို့လာသယ်ကြ လိမ့်မယ်”

“အေး ကွာ၊ အတော်ပဲ အမေ က ထိုးမုန့်လေးစားချင်လိုက်တာလို့ ဟိုနေ့ကပြောနေတာ အပြန်ကျရင် ထိုးမုန့်လေးအစိတ်သားလောက် ဝယ်ခဲ့ကြကွာ၊ ရော့ ပိုက်ဆံ ပိုတာ မင်းတို့မောင်နှမနှစ်ယောက် မုန့်ဖိုး သုံးလိုက်ကြကွာ”ဟုဆိုရင်း နှစ်ဆယ့် ငါးကျပ်တန် ငွေစက္ကူတစ်ရာအုပ် နှစ်အုပ်၊ သုံးအုပ်ခန့်ကို ပေးလာ၏။

“အေးကွာ အစ်ကို့ကိုတွေ့လို့ မုန့်ဖိုး တောင်းမလို့ စဉ်းစားနေတာနဲ့ အတော်ပဲ” အောက်မှပေးလာသော ငွေကို သွက်သွက်လက်လက်လှမ်း ယူရင်း ကောင်မလေးက ဆို၏။ ငွေစက္ကူတို့ကို လှမ်းယူအပြီး မျက်နှာ ချင်းဆိုင်မှ ကျွန်တော့်ထံအကြည့် တစ်ချက်ရောက်လာ၏။ မျက်တောင် မခတ်စတမ်း ငေးကြည့်နေသော ကျွန်တော့်မျက်ဝန်းများနှင့် တိုက်ဆိုင် မိစဉ် တဒင်္ဂမျက်စောင်းလေးတစ် ချက်ထိုးပြီး မဲ့လိုက်သည်ကို မြင်ရ၏။ ပြီးတော့လည်းဘာကိုမှ အမှုမထား ဟန်ဖြင့် သူ့အစ်ကိုတွေနှင့် စကား တွေဖောင်ဖွဲ့နေ၏။ လောလောဆယ် မျက်စောင်းတစ်ချက် ထိုးခံထားရ သည့် အရှိန်ကြောင့် ကောင်မလေး ကို ကျွန်တော်မကြည့်မိတော့။ ဘူတာ ပလက်ဖောင်းပေါ်မှ လူများ ဆီသို့သာ မျက်လုံး ကစားနေမိသည်။ ယောင်မှားပြီး သူ့ထံအကြည့်မ ရောက်သွားစေဖို့ ကိုယ့်စိတ်ကို အမိန့်ပေးနေရ၏။ ထိန်းချုပ်နေရ၏။ စိတ်မလွတ်လပ်မှု ကို ခံစားနေရ၏။ မုန်းဖို့ကောင်းလိုက် တာ။  မကြာခင်မှာပင် ရထားကြီး သည် မြို့လေးနှင့် ဘူတာရုံကလေး ကို နှုတ်ဆက်ခြင်းအဖြစ်၊ ဥသြသံ ရှည်တစ်ချက်ပေးကာ စတင်ထွက်ခွာ လာခဲ့သည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း မီးရထားလမ်းနံဘေး ရှုခင်းတို့ကို ကြည့်ရှုရင်း လိုက်ပါလာ ခဲ့၏။ စကားသံတို့ကတော့ ကြားနေ ရဆဲ။

“ဇီးကုန်းဘူတာမှာ အစ်မတူ ရောင်းခိုင်းလိုက်တဲ့ ပြောင်းအိတ်ကို ရထားရဲက ထမ်းချသွားလို့ ငါ့မှာ တောင်းပန်လိုက်ရတာ။ ကျွန်မတို့ နယ်ဘက်မှာ မိုးခေါင်လို့ စပါးမစိုက်ရ တော့ လူစာမပြောနဲ့ နွားစာကောက် ရိုးတောင် တမျှင်မျှမှ မရတဲ့အ ကြောင်း၊ လူတွေစားစရာမရှိတာက အခြားဒီ့ပြင်အလုပ်လုပ်ပြီး ကြံဖန် စားသောက်လို့ရပါသေးတယ်။ တိရ စ္ဆာန်တွေမှ လူကကျွေးမှ စားရမှာပါ။ ဒါလေးရောင်းချပြီးရတဲ့ငွေနဲ့ နွားစာ ဖွဲနုတို့၊ ကောက်ရိုးတို့ ဝယ်ရမှာပါလို့ တောင်းပန်လိုက်ရတာ၊ အာပေါက် မတတ်ပဲ။ ဒါတောင်အမေပေးတဲ့ ငွေထဲက တစ်ဆယ်ထုတ်ပေးလိုက်မှ ပြန်ရတယ်”

ဒီလိုဆိုတော့လည်း အလာကြီး ပါလားဟု။ ကောင်မလေး၏ အသက် အရွယ်ထက်စာလျှင် ကျွန်တော့်ထက် ဘဝအတွေ့အကြုံ၊ ဘဝသင်ခန်းစာ စုံပါလားဟု စိတ်ထဲမှ မှတ်ချက်ချ လိုက်ရင်း ကောင်မလေးကို လေးစား အထင်ကြီးသွားသည်။ ဝက်လက် ဘူတာ၏ တောင်ဘက်တွင် ရုံးသာ ဟူသော ရွာလေးတစ်ရွာတည်ရှိ၏။ ဘူတာရုံကတော့ မရှိသေး။ သို့သော် အညာသားမီးရထားသည် အညာကျေး လက်တို့ကို ချစ်ခင်ပုံရ၏။ ညှာတာ ဟန်ရှိ၏။ လုံးဝရပ်နားခြင်းမရှိသော် လည်း ရွှေ့သည်ဆိုရုံကလေး တစ် လိမ့်ချင်း လိမ့်ပေးရှာ၏။ ဆင်းလို သူတွေ ဆင်းကြ၏။ တက်လို သူတွေ တက်လာ၏။ ထုံးစံအတိုင်း ဈေးသည် လေးတွေ တွဲပေါ်ရောက် လာ၏။ ပေါက်စီ၊ စမူဆာရောင်းသူ လေးတွေ ဗိုက်မဆာလှတော်လည်း  ဈေးသည် လေးတွေကို အားပေးချင် စိတ်ဖြင့် အိပ်ထောင်ကို ဖြဲကြည့်လိုက် တော့ OK။ လက်မှတ်ဝယ်စဉ်က ဘူတာမှ အမ်းလိုက်သောငွေအကြွေ နှစ်ကျပ် ကို တွေ့ရ၏။ ပေါက်စီ တစ်ကျပ်ဖိုး ဝယ်လိုက်သည်။ တစ်ကျပ်ဖိုး နှစ်လုံး၊ ပေါက်စီသည် လေးကို အားပေးတော့ စမူဆာ သည်လေးကလည်း ဝယ်ပါဦး ဟု ဆိုလာပြန်သည်။ တစ်ကျပ်ဖိုး သုံးခုဆိုတော့စမူဆာကို လေးခုပေး ရန်ကျွန်တော့်နံဘေးမှ လိုက်ပါ လာသော သူကစွတ်ဆစ်နေ၏။ စမူဆာသည် လေးမှလည်း ခါတိုင်း လေးခုပေးတာမှန်ပါတယ်။ အခုစီ ဈေးတက်သွားလို့ မကိုက်ကြောင်း၊ သုံးခုသာလျှင် ပေး နိုင်ကြောင်း ပြောနေသံကို ကြားရ၏။ ထိုသူက လည်း ခါတိုင်းလေးခုရနေကြ ဖြစ် သောစမူဆာကို ယခုသုံးခုသာ ရသ ဖြင့် အင်တင်တင်ဖြစ်နေ၏။

သို့ဖြင့် စမူဆာတစ်ကျပ်ဖိုးပေးကွာဆို ပြီး အားပေးလိုက်၏။ သည်လိုနှင့် ရထားသည် နောက်တစ်ဘူတာသို့ ဆိုက်ခဲ့ပြီ။ ပေါက္ကံဘူတာ။ ဒီဘူတာ လေးမှာ အများဆုံးတွေ့ရသည်က ထန်းရည်လေးတွေ။ အသက်က ကျောင်းနေမည်ဆိုလျှင် သုံးတန်း၊ လေးတန်းအရွယ်လေးတွေ။  “ထန်းရည်တစ်အိုး ဘယ် လောက်လဲကွ” ကျွန်တော့်နောက်ကျောဘက် ဆီမှ ဈေးမေးသံကိုကြားရ၏။ ဈေး သည်လေးထံမှ “နှစ်ကျပ်ပါခင်ဗျာ” ဟူသောအသံကို ကြားရ၏။ တန် လိုက်တာဟု ကျွန်တော်တွေးမိသည်။ သို့သော်ခရီးသွားရင်း၊ သူစိမ်းတစ်ရံ ဆန်တို့ကြားတွင် ထန်းရည်သောက်ပြ ရဲသော သတ္တိမျိုး ကျွန်တော့်တွင်မရှိ။ အထူးသဖြင့် ကျွန်တော်နှင့် သက်တူ ရွယ်တူခန့်ရှိမည်ဖြစ်သော ကောင်မ လေးရှေ့တွင် ထန်းရည်မသောက် ပြချင်။ မိမိကို အထင်အမြင်သေး သွားမည်ကို မလိုလား။ ပြီးတော့ လောကဝတ္တရားအရဆိုလျှင်လည်း မကောင်းဘူးမဟုတ်လား။

ကျွန်တော့်နောက်ကျောဘက်ဆီမှ လူမှအတော်နှင့်မဝယ်။ အတန်ကြာ ဈေးဆစ်နေ၏။ ထန်းရည်သည်လေး မှလည်း ထန်းရည်တစ်မြူကို အရင်း ငွေ မည်မျှကျကြောင်း ဘယ်လောက် ဝေးဝေးမှ သယ်ဆောင်လာရကြောင်း တို့ကို ရှင်းပြရင်း ဆိုသည့်ဈေးနှင့် ရောင်းရရန် ဝယ်သူကို ရှင်းပြနေသံ တို့ကို ကြားနေရသည်။  ရထားကြီး ဘီးစတင်လိမ့်ပြီ။ ထိုအခါကျမှ “ပေးကွာ ထန်းရည်တစ် အိုး”ဟူသော အသံကိုကြားလိုက်ရ ၏။  ရထားကြီးက တစ်လိမ့်ချင်းလှိမ့် နေရာမှ တဖြည်းဖြည်း အရှိန်ရစပြု လာ၏။ ထိုစဉ်မှာပင် “ပိုက်ဆံချခဲ့ ပါဗျို့”အသံစူးစူးလေးကို ကြားလိုက် ရ၏။ ပြတင်းပေါက်မှကြည့်လိုက် တော့ အစောတုန်းက တွေ့ရသည့် ထန်းရည်သည်ကလေး။ “ဟိုလူနှယ် ယုတ်မာလိုက်တာ။ ထန်းရည်ကျ တော့ သောက်ချင်ပြီး ထန်းရည်ဖိုး ပိုက်ဆံကျတော့ မပေးချင်ဘူး” “အစ်ကိုလေး မင်းဆီမှာ အကြွေရှိလား။ အကြွေရှိရင် ပေးစမ်း။ ထန်းရည်ဖိုး ပိုက်ဆံပေး လိုက်ရအောင်။ င့ါဆီမှာက အစ်ကို ညွှန့်ဝင်းပေးလိုက်တဲ့ အစိတ်တန်တွေ ပဲရှိလို့” ကျွန်တော့်အိတ်ထောင်ကို ဖြဲ ကြည့်လိုက်တယ်။ အစိတ်တန်တစ် ရာအုပ်နှစ်အုပ်နှင့် ဆယ်တန် များကိုသာ တွေ့ရသည်။ ဆယ်တန် တစ်ရွက်လောက် စွန့်ကြဲရန် ကျွန်တော်နှမြောနေ၏။

“င့ါဆီမှာ လည်း ဆယ်တန်တွေပဲပါတယ်ဟ၊ “ဘာနေနေ ပေးစမ်းကွာ၊ ကြာရင် ကလေးက ရထားအောက်ရောက် တော့မယ်” တဖြည်းဖြည်း အရှိန်ရ စပြုလာသည့် ရထားကြီးနောက်သို့ အပြေးလိုက်နေသောကလေးကို တွေ့နေရဆဲ။ တစ်စုံတစ်ခုနှင့် ခလုတ်တိုက်လဲလို့ကတော့ သူက လေးပြောသလိုပင် ကလေးငယ်သည် ရထားအောက် ရောက်သွားမည်မှာ အသေအချာ။ ကလေးငယ်အတွက် ကျွန်တော်စိုးရိမ်မိ၏။ ဒီလိုယုတ်မာ ပက်စက်သော သကောင့်သားကို လည်း ကုပ်မှဆွဲကိုင်ပြီး အရှိန်ပြင်း စွာ ခုတ်မောင်းနေသည့် ရထားပေါ် မှ ကန်ချလိုစိတ် ဖြစ်ပေါ်နေ၏။  ခက်တာက ကျွန်တော်ကလည်း သည်လောက်အားကောင်းမောင်း သန်မရှိ။ ကိုယ်တိုင်က လူပလံလေးမျှ သာ။ စိတ်ထဲမှ တွေးရင်းတွေးရင်း ဒေါသဖြစ်လိုက်တာ။ ဒေါသဖြစ်ရ သည့်အကြောင်းရင်းတွင် ကျွန်တော့် ကိုယ် ကျွန်တော်ဖြစ်ရသည်လည်း ပါ၏။ ပိုက်ဆံတစ်ဆယ်လောက်ကို စွန့်လွှတ်ဖို့လေးကိုပင် ကျွန်တော် မချမ်းသာသေးဟု ထင်နေမိသည်။

အဘယ်ကြောင့်ဆိုသော် စာရေးဝန် ထမ်းတစ်ယောက်၏လစာ တစ်လ လျှင် တစ်ရာ့သုံးဆယ်ကျပ်မျှသာ။ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်၊ ပဲပလာတာတစ်ပွဲ တစ်ကျပ်၊ ဝက်လက်လို တောမြို့ကလေးတွင် မုန့်တီစားပါက မုန့်တီတစ်ပွဲလျှင် နှစ် ကျပ်၊ ဒါတောင်တချို့ဆိုင်များဆို ကြက်သားဖက်လေးများပင် ပါလိုက် သေးဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော် ဒီလောက်ကြီး မကြွယ်ဝ သေး။ ဆင်ခြင်ပေးမိ၏။ ပြီးတော့ ကိုယ်ပိုင်ဝင်ငွေ မရှိသေး။ မိဘနှစ်ပါး ၏ ချွေးနည်းစာဖြင့် ကျောင်းတက်နေ ရသည့် ကျောင်းသားမျှဖြစ်ရာ မိမိ ကိုယ်မိမိ အားမလို အားမရ ဖြစ်မိ သည့် ဒေါသတစ်ဝက်လောက်ပါ၏။  ထိုစဉ်မှာပင် ဟေ့ ဟေ့ ဟေ့ တစ်ဆယ်တန်ငွေစက္ကူလေးတစ်ရွက် ကို ဟေအသံပေးလွှတ်ချလိုက်သော သူကလေးကို တွေ့ရ၏။  ဆယ်တန်ကိုရရှိသွား၍ ပြုံးပျော်သွားသော ကလေးငယ်လေး နှင့်အပြိုင် ပြုံးပျော်ကြည်နူးနေသော သူကလေးကို တွေ့နေရသော ကျွန်တော့်မှာလည်း သူတို့နှင့်အတူ ပြုံးပျော်ကြည်နူး ပီတိဖြစ်ရင်း … ထိုကောင်မလေးကို လေးစား အထင်ကြီးခြင်းများနှင့်အတူ ရင်ထဲက ကြည်ညိုလိုက်တာ၊ လေး စားလိုက်တာ၊ ပြီးတော့ မိန်းမတို့၏ မူလဗီဇစိတ်ဖြစ်သော မိခင်စိတ်ကို ပြက်ပြက်ထင်ထင် သတိပြုမိလိုက် သည်။

မိုးနီထွဏ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*