ပက်ထရစ်ရှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဇွတ်ကျား’ ရုပ်ရှင် ဇာတ်ကား ကြီးလည်း မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က အနုပညာဖန်တီးပုံဖော်ရိုက် ကူးထားတာ ဖြစ်ပြီး ကျော်ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေး၊ ထက်အောင်သျှိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ပက်ထရစ်ရှာနဲ့ သန္တာဗိုလ်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပက်ထရစ်ရှာက…

“ဒီဇာတ်ကားလေးက ဟာသဇာတ်ကားလေးပါ။ ပရိသတ်တွေ လည်း အရမ်းကြိုက်ကြမှာပါ။ မြင်နေကျ ဇာတ်ပုံစံမျိုးလည်း မဟုတ် ဘူး။ မိန်းမရှာပုံစံမျိုး ရိုက်ကူးထားတယ် ဆိုပေမယ့်လည်း ပရိသတ် တွေက အရမ်းကြိုက်ကြမှာပါ။ အဓိကပြောချင်တာက ပေါကား မဟုတ်ပါဘူး။ ဟာသဇာတ်ကားတိုင်း ပေါကားမဟုတ်ပါဘူးလို့ ပြော ချင်ပါတယ်” လို့ ပြောပါတယ်။
အနုပညာလောကမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု နေရာတစ်နေရာကို ပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ရှာကတော့ ပရိသတ် တွေ အားပေးမှုလည်းအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ သူမနဲ့ပတ်သက်ပြီး ဘယ်လိုကောလာ ဟလတွေ ထွက်နေပါစေ၊ အခုချိန်ထိ အားပေးကြတဲ့ အတွက် ကျေးဇူး တင်ကြောင်းကိုတော့…
“ပက်ထရစ်ရှာကို ငယ်ငယ်တုန်းကတည်းက အခုချိန်ထိ လူတွေဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက်၊ ဘယ်လောက် နာမည် ဖျက်ဖျက် ခုချိန်ထိ ပက်ထရစ်ရှာဘက်ကနေ အမာခံ အားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ ပက်ထရစ်ရှာပြောသလို ပက် ထရစ်ရှာကိုနာမည်ဖျက်တဲ့ သတင်းတွေထွက်လာတဲ့ အတွက် လည်း ပက်ထရစ်ရှာကို အားပေးနေတဲ့ ပရိသတ်တွေအပေါ် ပက် ထရစ်ရှာအရမ်းအားနာပါတယ်။ ဒီကနေ ပက်ထရစ်ရှာ တောင်းပန် ပါတယ်”လို့ ပက်ထရစ်ရှာက ပြောပြခဲ့ပါတယ်။ လတ်တ လောမှာတော့ ကြော်ငြာတွေ ရိုက်ကူးဖို့ လက်ခံထားပြီး ရုပ်ရှင် ဇာတ်ကားကြီးလည်း ရိုက်ကူးဖို့ရှိ ကြောင်း ပက်ထရစ်ရှာကပြောပါတယ်။
တွယ်တာ၊
ဓာတ်ပုံ-သီဟ