Heineken Beer
Heineken Beer

အနုပညာကြေး ၃၄ သိန်းကို စေတနာနဲ့ ပြန်ပေးခဲ့ဖူးတဲ့ ဇေရဲထက်

အနုပညာကြေး ၃၄ သိန်းကို စေတနာနဲ့ ပြန်ပေးခဲ့ဖူးတဲ့ ဇေရဲထက်
September 25, 2017 Leanne Win

ဇေရဲထက် အနေနဲ့ အခုချိန်ထိလည်း သူ့ရဲ့အနု ပညာကြေးကို တိုးမြှင့် တောင်းခဲ့တာမျိုး၊ သူ့ကို အနုပညာ ကြေးဘယ်လောက်ပေး ပါဆိုပြီး တောင်း ဆိုခဲ့တာမျိုးတွေ မရှိခဲ့ကြောင်း သူက အခုလိုပြောပြပါတယ်။ ဇေရဲထက် အနေနဲ့ အခုချိန်ထိလည်း သူ့ရဲ့အနု ပညာကြေးကို တိုးမြင့် တောင်းခဲ့တာမျိုး၊ သူ့ကို အနုပညာ ကြေးဘယ်လောက်ပေး ပါဆိုပြီး တောင်း ဆိုခဲ့တာမျိုးတွေ မရှိခဲ့ကြောင်း သူက အခုလိုပြောပြပါတယ်။

“ကျွန်တော်ကိုယ်တိုင် ဘယ်တော့မှစပြီး အနုပညာကြေးတိုးမတောင်းခဲ့ ဘူး။ ကျွန်တော့်ရဲ့တန်ရာတန်ကြေးကို ပရိုဂျူဆာတွေသိမယ်။ အားလုံးလည်းသိ မှာပဲ။  ကျွန်တော်ကစပြီး ဒီကြေးပေးပါဆိုပြီး မတောင်းဆိုခဲ့ဘူး။ သူများ ပေးလာတဲ့အပေါ်မှာပဲ အဲဒီအပေါ် မူတည်ပြီး ကျွန်တော် ဖြတ်သွား တာပဲ ရှိတယ်။ မတောင်းတာက ကျွန်တော် သရုပ်ဆောင် ကြေးကိုနားမလည်ဘူး။ ကျွန်တော်ရိုက်ချင်တာရိုက် တယ်။ ကျွန် တော့်အတွက် အဆင်ပြေတယ်။ ပိုက်ဆံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ကတော့ ငါ ဘယ်လောက်ရမှ ဘယ်လောက်လုပ်မှဆိုတဲ့ ပုံစံမျိုး တော့ အခုချိန်ထိမရှိခဲ့ဖူးဘူး” လို့ ပြောပြပါတယ်။ သူ့ရဲ့အနုပညာကြေးကို သူကိုယ်တိုင်သတ် မှတ်ပြီး မတောင်းခဲ့တဲ့ ဇေရဲထက်က ဇာတ်ကားရိုက် ကူးရင်းနဲ့ အဲဒီဇာတ်ကားအတွက်ရရှိတဲ့ အနုပညာ ကြေး ၃၄သိန်းကို စေတနာနဲ့ ပြန်ပေးခဲ့ဖူးကြောင်းကို ဇေရဲထက်က…..

” ဟိုးအရင်တုန်းက ‘ရင်မှာစီးတဲ့ မေတ္တာရေ’ ဇာတ်ကားလေး။ တကယ့် ပညာပေး ကားလေး။ အဲဒီဇာတ်ကားလေးကို ရုပ်ရှင်ဇာတ် ကားလေး ဖြစ်စေချင်တာ။ တကယ့်ဒရာမာ အစစ်။ အဲဒီမှာ ကျွန်တော်က အခြောက်။ အခြောက်ကိုမှ ယဉ်ယဉ်လေးရူးနေတဲ့အခြောက်။ သူတောင်မှ မိခင် မေတ္တာစိတ်ရှိတာဘာလို့ မိန်းကလေးတွေက မိခင်မေတ္တာ စိတ်မရှိတာလဲဆိုတဲ့ အဲဒီပညာပေးကာလေး ကျွန်တော် ရိုက်ကူးထားတယ်။ အဲဒီကားမှာ တအားကျေနပ်ပြီး ကျွန်တော့်ကိုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် Actor ကြေး ၃၄သိန်းပြန်ပေးလိုက်တာ။အဲဒါကျွန်တော့်ရဲ့ စေတနာပေါ့။ သူကလည်း ပြောပါတယ်၊ ဘယ်သရုပ်ဆောင်မှ ကျပ်၂သိန်း၊ ၃ သိန်းပြည့်အောင် မပေးဖူးဘူးတဲ့ ။ ဒါကျွန်တော့်ရဲ့ အမှတ်တရပေါ့” လို့ သူ့ဘဝမှာ အမှတ်တရဖြစ်ခဲ့ရပုံကို ပြန်ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*