Heineken Beer
Heineken Beer

မင်းဦး အသားအရေ တင်းရင်း နုပျိုအောင် ဘာတွေလုပ်ဖြစ်လဲ

မင်းဦး အသားအရေ တင်းရင်း နုပျိုအောင် ဘာတွေလုပ်ဖြစ်လဲ
September 25, 2017 Asian Fame

သရုပ်ဆောင်မင်းဦးက မျက်နှာမှာ ကော်လာဂျင် လှုံ့ဆော်တဲ့ကြိုးကလေး များကိုထည့်ပြီး အသားရေ တင်းရင်းနုပျိုအောင် လုပ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဒီလိုနုပျိုအောင် လုပ်ဖြစ်ခဲ့ပုံကိုတော့ မင်းဦးက သရုပ်ဆောင်မင်းဦးက မျက်နှာမှာ ကော်လာဂျင် လှုံ့ဆော်တဲ့ကြိုးကလေး များကိုထည့်ပြီး အသားရေ တင်းရင်းနုပျိုအောင် လုပ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဒီလိုနုပျိုအောင် လုပ်ဖြစ်ခဲ့ပုံကိုတော့ မင်းဦးက “နုပျိုအောင် ထိန်းသိမ်းတာမျိုးတော့ မဟုတ်ပါဘူး။ အစ်ကိုက ပျော် ပျော်နေတတ်တယ်လေ။ တခြားဘာမှ မလုပ်ဖြစ်ပါဘူး။ အခုမျက်နှာကို နည်း နည်း လုပ်ရတယ် ဆိုတာက  အမျိုးသမီးကလည်း လုပ်ကြည့်လိုက်ပါ ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ တစ်ခါမှလည်း မလုပ်ဖူးပါဘူး။ တစ်ခါမှလည်း မလုပ်ဖူးတော့ အခု  မျက်နှာလုပ်ဖြစ်သွား တာလေးကတော့ အမှတ်တရပါပဲ။ နုပျိုသွား တယ်လို့ ပြောကြတာက ထင်လို့ပါ။ အစ်ကိုလည်း ထင်တာပဲလေ။ အစ်ကိုက ဒီပုံစံပါပဲ။ ဘာမှမပြောင်း လဲသွားပါဘူး။ သူတို့ပြောတာတော့ ကော်လာဂျင်က အသားအရေ အတွက်ကောင်းတယ်။ အသားအ ရေ ပြန်ကောင်းလာအောင်ပေါ့။  နည်းနည်း တွဲတာတွေ အသက်အရွယ် အရ ဆိုရှိလာတော့ အဲဒါတွေ နည်း နည်းတင်းသွားအောင် ကော်လာဂျင် လှုံဆော်တဲ့ကြိုး လို့ခေါ်တာပေါ့။ အစ်ကို တော့ မသိဘူး။ အစ်ကိုက ထည့်နေတုန်းကြောက်လို့ မျက်စိ မှိတ်ထားတာပေါ့။ ဘာတွေ ဘယ်လိုလုပ်သွားမှန်းတောင် မသိဘူး။ လောလောဆယ်တော့ ပထမ လုပ် ထားတာပဲရှိပါတယ်။ ဆက်လုပ်ဖို့တော့ မစဉ်းစားရသေးပါဘူး” လို့ ပြောပါတယ်။

မင်းဦးက သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား အနေနဲ့ “ချူဆီ”ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူး ပုံဖော် သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖန်တီးရမှာဖြစ် တဲ့အတွက် စိတ် ဖိစီးမှုတွေ ရှိနေတဲ့ မင်းဦးက “အစ်ကို ဒီဇာတ်ကားကို ဖန်တီးရမှာဖြစ်တဲ့ အတွက် စိတ်ဖိစီးမှုတော့ ရှိတယ်။ အစ်ကို့ အပေါ်မှာ အကောင်းမြင်ထားတဲ့ လူတွေရော၊ မကောင်းမြင်ထားတဲ့ လူတွေရော ဘယ်လို စိတ်မှ မရှိတဲ့လူတွေ အတွက်ပါ။ အစ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေ ပါတယ်။ အစ်ကို့ဘဝမှာ ဒါဟာ စိန် ခေါ်မှု အသစ်တစ်ခုပါပဲ။ အစ်ကိုက ဒါရိုက်တာဘက်မှာ အသစ်စက် စက်ဖြစ်တဲ့ အတွက် လိုအပ်ချက် တွေ ရှိမှာပါ။ ဒါပေမဲ့ လိုအပ်တာ တွေ နည်းနိုင်သမျှ နည်းအောင် ပြင်ဆင်ပြီး ရိုက်ကူး သွားမှာပါ။ ဒီဇာတ်ကားပြီးရင်လည်း ဒါရိုက် တာအနေနဲ့ ဇာတ်ကားတွေ ဆက်ပြီးရိုက် ကူးသွားဖို့လည်း ရှိပါတယ်။ ကိုယ်လည်း ကြိုက် တဲ့ဇာတ်လမ်းဆို ရိုက်ဖြစ် သွားမှာပါ။ လိုအပ်တာတွေ ရှိရင် ပြင်ဆင်ပြီး လုပ်သွားပါ့ မယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ 

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*