ဇာတ်ပို့ဆု ရပြီးပြီဆိုတော့ ဇာတ်ဆောင်ဆု လည်း အခွင့် အရေးရရင် လိုချင်ပါတယ် ချစ်စနိုးဦး

ဇာတ်ပို့ဆု ရပြီးပြီဆိုတော့ ဇာတ်ဆောင်ဆု လည်း အခွင့် အရေးရရင် လိုချင်ပါတယ် ချစ်စနိုးဦး
September 25, 2017 Asian Fame
ဇာတ်ပို့ဆု ရပြီးပြီဆိုတော့ ဇာတ်ဆောင်ဆု လည်း အခွင့် အရေးရရင် လိုချင်ပါတယ် ချစ်စနိုးဦး

သရုပ်ဆောင် ချစ်စနိုးဦးက သရုပ် ဆောင် အလုပ်အပြင် သီချင်းဆိုတဲ့ အလုပ်ကို လည်း လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်ပါတယ်။ အခု လတ်တလော မှာလည်း သူမအနေ နဲ့ နယ်ရှိုး တွေ သီဆိုဖြစ်နေပြီး ပထမ တစ်ကိုယ်တော် အခွေ အတွက် MTV ရိုက်ကူးမှုတွေ ပြုလုပ်နေ ကြောင်းကိုတော့ …သရုပ်ဆောင် ချစ်စနိုးဦးက သရုပ် ဆောင် အလုပ်အပြင် သီချင်းဆိုတဲ့ အလုပ်ကို လည်း လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်ပါတယ်။ အခု လတ်တလော မှာလည်း သူမအနေ နဲ့ နယ်ရှိုး တွေ သီဆိုဖြစ်နေပြီး ပထမ တစ်ကိုယ်တော် အခွေ အတွက် MTV ရိုက်ကူးမှုတွေ ပြုလုပ်နေ ကြောင်းကိုတော့ …    “အစ်မအခု လတ်တလော မန္တလေးမှာ ရှိုးပွဲ ဆိုဖို့ရှိတယ်။ သီတင်းကျွတ် ကာလဖြစ်တော့ မယ်ဆိုတော့ နယ်ရှိုးလေးတွေ စပြီး ဆိုတော့မှာပါ။ သီချင်းဆိုရတဲ့ အတွေ့ အကြုံက အမှန်တိုင်းပြောရရင် ရုပ်ရှင် ရိုက်ကူးတာထက် ပိုပြီးတော့ စိတ်လှုပ်ရှား ဖို့ ကောင်းပါတယ်။ အစ်မ တစ်ကိုယ်တော် အခွေလေးထုတ်ပြီး သိပ်မကြာခင်မှာ အဖေ က နေမကောင်းဖြစ်လို့ Audio/  CD  လေးပဲ ထွက်ပြီးထားတယ်။ အဲဒီ အခွေလေးကို MTV  ထွက်ရှိဖို့ ၆ ပုဒ်လောက်တော့ပြီးပြီ။ အဲဒီ MTV  လေးကိုတော့ လကုန် နှစ်ဆန်းပိုင်းလောက် ထွက် နိုင်ဖို့ ကြိုး စားနေပါတယ်” လို့ ပြောပါတယ်။
နယ်ရှိုးပွဲတွေ သီဆိုရင်း ဇာတ်ကားရိုက်ကူးမှု နည်းပါး လာတဲ့ ချစ်စနိုးဦးက သူမအနေ နဲ့ ဇာတ်ကား ရိုက်ကူးမှုနည်းပါး လာရခြင်း အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။ “အစ်မ ဇာတ်ကား သိပ်မရိုက် ဖြစ်ဘူး။ နယ်ရှိုးတွေဆို နေတော့ ကားရိုက် တိုက်နေလို့ မရိုက်ဖြစ်တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း ဇာတ်လမ်းတိုလေးတွေ ရိုက်ဖြစ်နေပါ တယ်။ ရုပ်ရှင်လောက က ပြောင်းလဲလာတဲ့ အတွက် ကိုယ့်ကို အခွင့်အရေး ပေးပြီး ရိုက်ကူးခွင့်ရမယ့် ဇာတ်ကားတွေကို မျှော်လင့်မိတယ်။ အစ်မ ရထား တဲ့ဆုက ဇာတ်ပို့ဆု။ ဇာတ်ကောင်ဆု တော့ လိုချင်မိတယ်။ အခွင့်အရေး ရရင်။ ဒါပေမဲ့ ကမ်းလှမ်းမယ့် သူက မရှိသေးဘူး။ အခုနောက်ပိုင်း သရုပ်ဆောင် အသစ်တွေက လည်း များလာကြတယ်။ သူတို့က အရမ်းလည်း တော်ပါတယ်။ ကံလည်းကောင်းတယ်။ အစ်မ တို့ ခေတ်တုန်းက ခေါင်းဆောင်ဆိုတဲ့ နေရာ ရဖို့ ၃ နှစ်လောက် ကြိုးစားရတယ်။ အခုဆိုရင် အရည်အချင်း လည်းရှိပြီး လုပ်တတ် ကိုင်တတ်ဆိုရင် မင်း သား ကြီးတွေကတောင် တွဲ ခေါ်ကြတယ်” လို့ ဆိုပါတယ်။
ချယ်ရီဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*