
အကယ်ဒမီ စိုးပြည့်သဇင်ကစက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ ငွေရတု မွေးနေ့အလှူ အဖြစ် ယနေ့ မနက်ပိုင်းက သူတို့ရဲ့နေအိမ်နားမှာ ရှိတဲ့ သီရီမင်္ဂလာဗောဓိ ရိပ်သာကျောင်းတိုက်မှာ နေ့ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ပါတယ်။ဒါ့အပြင် သန်လျင်မြို့ မှာရှိတဲ့ ဆုတောင်းပြည့်ကျောင်းတိုက် ဆုတောင်းပြည့်ဘုန်းတော်ကြီးသင်ပညာရေးနှင့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ကျောင်းတိုက်ရှိ သံဃာတော် ၁၇ ပါး ၊ကိုရင်ငယ် အပါး ၅၀ ကျော်တို့ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သလို ကျောင်းတိုက်ရှိ ကလေးငယ် အယောက် ၅၀၀ ကျော်တို့ကိုလည်း နေ့လည်စာ ကျွေးမွေးခြင်း ဆန်အိတ်များလှူဒါန်းခြင်း ကျောင်းသုံးဗလာ စာအုပ်များ အစရှိသည်တို့ကို မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့ပါတယ်။
ဇင်မာနွယ်
ဓါတ်ပုံ- မင်းမင်းထွန်း
0
0