Heineken Beer
Heineken Beer

ခပ်မာမာ၊ ခပ်ကြမ်းကြမ်း ဇာတ်ရုပ်ပုံစံမျိုး သရုပ်ဆောင်ချင်တဲ့ ကောင်းပြည့်

ခပ်မာမာ၊ ခပ်ကြမ်းကြမ်း ဇာတ်ရုပ်ပုံစံမျိုး သရုပ်ဆောင်ချင်တဲ့ ကောင်းပြည့်
September 20, 2017 Leanne Win

အခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ရိုက်ကူးလာတဲ့ ကောင်း ပြည့်က ဒါရိုက်တာ နေသူရိန်ရိုက်ကူးမယ့် “မုန်းတိုင်းကို ရင်ဆိုင်ခဲ့သူတွေ”ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတွဲကို နေထက်လင်း၊ နေမင်း၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ကျောင်းအုပ် ဆရာ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ကောင်းပြည့်က ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး …

ကျွန်တော့်ဘက်ကတော့ ကျွန်တော်ပါဝင်ရမယ့် ဇာတ်ကောင်နေရာမှာပဲ အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားဖို့ရယ်၊ ဒါလေးကတ ကယ့်ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိလေးလည်း ဖြစ်တဲ့အတွက် ဇာတ်ကောင် ကာရိုက်တာပေါ်မှာ စီးမျောပြီး ပရိသတ်နဲ့ ထပ်တူစီးမျှောဖို့ကလည်း ကျွန်တော်တို့ အပေါ်မှာသာ မတည် သက်ဆိုင် နေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကောင်အပေါ် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားသွားမှာပါ။ ကြိုတင်ပြင်ဆင်မှုက အဝတ်အစားပိုင်းကို ဆရာမနဲ့ တိုင်ပင်ပြီး ပြင်ဆင်ထားပါတယ်။ ဆံပင်လည်းပြန်သရဦးမယ်။ အဲဒါက ရိုက်ခါနီး တစ်ပတ်၊ နှစ်ပတ်အလိုမှ ပြန်လုပ်တော့မယ်။ ကျွန်တော့်အခန်းက ဒီဇာတ်ကားမှာ တစ်လ နီးပါးလောက် ပါဝင်ရပါမယ်”လို့ ပြောပါတယ်။

ခုနောက်ပိုင်းမှာ ခပ်မာမာ၊ ခပ်ကြမ်းကြမ်း ဇာတ်ပုံစံမျိုးကို သရုပ်ဆောင် ချင်ကြောင်းပြောတဲ့ ကောင်း ပြည့်က ကိုယ့်အလုပ်ပေါ်မှာ အကောင်းဆုံး ကြိုးစားပြီး အဘက်ဘက် က ပြည့်စုံအောင် တစ်နေ့နဲ့တစ်နေ့ မတူအောင် ပြောင်းလဲပြီးနေ ထိုင်နေကြောင်းပြောပါတယ်။ “ကျွန်တော်က အဓိကကတော့ လူမှုဆက်ဆံရေးမှာ လည်း အကောင်းဆုံးဖြစ်အောင် ကျွန်တော်နေထိုင် တယ်။ ကိုယ့်ရဲ့အလုပ်မှာလည်း တစ် န့ထက်တစ်နေ့ပိုပြီးတော့ ကြိုးစား ဖို့လည်းလိုပါတယ်။ အဲဒီအတွက် ပရိသတ် တွေ ရင်ထဲရောက်မှာ ဖြစ်တဲ့အတွက် ကြိုးစားမှုရော ၊ အဘက် ဘက်ကပြည့်စုံအောင် ကျွန်တော်ကြိုး စားပြောင်းလဲပြီး နေထိုင်နေပါတယ်” လို့ ပြောပါတယ်။

တွယ်တာ 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*