
အဆိုတော် မေခလာရဲ့ ဒဏ္ဍာရီ လို့ အမည်ပေးထားတဲ့ တစ်ကိုယ် တော် ဂီတဖျော်ဖြေပွဲကို စက်တင် ဘာလ ၃ဝ ရက်နေ့ည ရန်ကုန်မြို့  အမျိုးသားက ဇာတ်ရုံမှာ ကျင်းပပြု လုပ်တော့မှာ ဖြစ်ပါတယ်။ ဒီဒဏ္ဍာရီ ဂီတပွဲ မှာတော့ မေခလာနဲ့ အတူ အောင် ထက်၊ စောလားထော်ဝါး၊ သားငယ်၊ ကောင်းထက်ဇော်တို့က ပါဝင်ကူညီ သီဆိုပေးကြမှာဖြစ်ပါ တယ်။ ပွဲရဲ့တီခတ်မှု အပိုင်းကို တော့ Heaven Born တီးဝိုင်းက တာဝန် ယူတီးခတ်မှာ ဖြစ်တယ်လို့လည်း သိရပြီး အခြား Surprise အစီ အစဉ်များလည်း ပါဝင်ဦးမှာဖြစ် တယ်လို့ သိရပါတယ်။ ခုလို လူငယ် မျိုးဆက်သစ်တွေနဲ့ တွဲဖက် သီဆိုပြီး ဂီတပွဲပြုလုပ် ဖြစ်ပုံကို မေခလာက..
“ချစ်ငယ် အနေနဲ့  ဒီပွဲလေးကို ထူးထူးခြားခြားလေး ဖြစ်စေချင် တာပါ။ ဒီပွဲက ပြီးခဲ့တဲ့ နှစ်ကတည်း က စီစဉ်နေတာတော့ ကြာပြီပေါ့။ ဒီနှစ်မှာ လုပ်ဖြစ်တယ်။ လုပ်ဖြစ်တဲ့ အခါမှာလည်း ချစ်ငယ်ကို ဆိုရင် တွဲမြင်ကြတဲ့ အဆိုတော်တွေ ရှိတာ ပေါ့။ ချစ်ငယ်နဲ့  တွဲဆိုနေကြ သူငယ် ချင်း အဆိုတော်တွေ၊ လုပ်ဖော်ကိုင် ဖက် တွဲဖက်တွေ ရှိပါတယ်။ အဲဒီလို တွဲမြင်တာရှိတယ်။ ဒါကိုမှ ချစ်ငယ် က အသစ် တစ်ခုအနေနဲ့  ပြောင်းလဲ ပြီး ထူးထူးခြားခြားလေး ဖြစ်အောင် ခုလို လူငယ်တွေနဲ့ တွဲဖြစ်တာပါ။အမျိုး သမီး အဆိုတော် တွေနဲ့လည်း တွဲဆို ချင်တယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျတော့ ထူးထူးခြားခြားလေး လည်း ဖြစ်အောင် ခုလိုလူငယ် မျိုးဆက်သစ် တွေနဲ့တွဲဖြစ်တဲ့ သဘောပါ” လို့  မေခ လာက ပြောပါတယ်။
P054