Heineken Beer
Heineken Beer

နတ်မျက်စိ၏ မှတ်စုများ -၁၈

နတ်မျက်စိ၏ မှတ်စုများ -၁၈
September 13, 2017 Leanne Win

တစ်နေ့သောအခါ လူ့ ဘုံလောက၏ အရေးကိစ္စများ၌ စိတ်ဝင်စား အာရုံပြုတတ်သည့် လောကပါလ နတ်မင်းကြီးတစ်ပါးသည် သူ၏လက်စွဲ   ‘ နတ်ယုံတော်’ ကိုခေါ်ယူ၍ တာဝန်တစ်ရပ် ပေးအပ်ပြန်လေ သည်။ ” နတ်ယုံတော်” ဟူသည်ကား ဒိဗ္ဗစက္ခုစွမ်းအားအပြင် အခြား သော ဣဒ္ဓိပါဒ် အမျိုးမျိုးကိုပါ ပိုင် ဆိုင်သော… နတ်မျက်စိပေတည်း။တစ်နေ့သောအခါ လူ့ ဘုံလောက၏ အရေးကိစ္စများ၌ စိတ်ဝင်စား အာရုံပြုတတ်သည့် လောကပါလ နတ်မင်းကြီးတစ်ပါးသည် သူ၏လက်စွဲ ‘ နတ်ယုံတော်’ ကိုခေါ်ယူ၍ တာဝန်တစ်ရပ် ပေးအပ်ပြန်လေ သည်။ ” နတ်ယုံတော်” ဟူသည်ကား ဒိဗ္ဗစက္ခုစွမ်းအားအပြင် အခြား သော ဣဒ္ဓိပါဒ် အမျိုးမျိုးကိုပါ ပိုင် ဆိုင်သော… နတ်မျက်စိပေတည်း။

“အို… အချင်း ဒိဗ္ဗစက္ခု။ အချင်းသည် မြန်မာနိုင်ငံသို့ချည်း ဂရီး ဂရီး သွားရောက်နေရသဖြင့် ပျင်းရိငြီးငွေ့ကောင်း ပျင်းရိငြီးငွေ့မိ ပေလိမ့်မည်။ သို့မို့ကြောင့် အာရုံ အပြောင်းအလဲ ဖြစ်ရလေအောင် ထူးထူးခြားခြား အာရေးဘီးယား ဒေသသို့ ကွင်းဆင်းလေ့လာ ချေဦး လော့…”

“ဟိုက်… ကျားသားမိုကြိုး ရေအလွန်ရှားတဲ့ ဧရာမ လွင်တီး ခေါင်သဲကန္တာရဆီ အကျွန့်အား စေလွှတ်ခြင်းမှာ ရက်စက်ရာ မကျ ပေဘူးလား မင်းကြီးဖျာ့”ဟု နတ် မျက်စိက တီကောင်ဆားပက်ခြင်း ခံရသည့် အမူအရာမျိုးဖြင့် စောဒက တက်လေသည်။ “အိုကွယ်… အအေးပိုင်း ဒေသသား တီးအီးလောရင့် (T.E. Lawrence) ဆိုတဲ့ ငနဲတောင် အာ ရေးဘီးယား သဲကန္တာရမှာ အာရပ် တွေနဲ့ လက်တွဲပြီး အော်ကိုမန် တူရကီတွေကို တော်လှန်တိုက်ခိုက် ခဲ့သေးတာပဲ။ စွမ်းဆောင်မှု ထက်    မြက်လို့ လောရင့်ဆိုတဲ့ငနဲဟာ (အာ ရေးဘီးယားရဲ့ လောရင့်) ဆိုပြီး သမိုင်းတွင်ခဲ့သေးသမှုတ်လား။ လောရင့်ဆိုတဲ့ ကုလားဖြူက သဲကန္တာ ရထဲကို စွန့်စားသွားရောက် နိုင်သေး ရင် (စူပါနတ်) တစ်ပါးဖြစ်တဲ့ အချင်း ဒိဗ္ဗစက္ခုဘာကြောင့် မသွားနိုင်ရမှာ တုံး” နတ်မျက်စိမှာ နောက်ထပ်ဆင် ခြေတက်ဖို့ အခွင့်အရေးမရတော့ သဖြင့် အထက်က အမိန့်ကို ဦးလည် မသုန်ထမ်းရွက်ရန် “အမိန့်တော် မြတ်အတိုင်းပါဖျာ့”ဟု အာမဝန္တာ ပြုလိုက်ပြီးနောက် လူ့ဘုံလောကသို့ ခရီးထွက်ရန် ခြေလှမ်းပြင်တော့ သည်။ သို့ရာတွင် သူ့စိတ်က မဖြောင့်။ စနောင့်စနင်း ဖြစ်နေရှာသည်။

“ဟူး… မင်းကြီးက ငါ့ကို သေတွင်းပို့တာပဲ၊ ငါသွားရမယ့် ဒေသဟာ အမြဲတမ်း ပြဿနာဖြစ်နေ တဲ့ နေရာ။ အချင်းချင်း သတ်ဖြတ် နေတတ်ကြတဲ့ သတ္ထန္တရ ကပ်ဆိုက်ရာ နယ်မြေ… အေးလေ… အာ ရေးဘီးယားဒေသဆိုတာ အကျယ် ကြီးပဲ။ စစ်တိုက်နေကြတဲ့ နေရာရှိသ လို အေးချမ်းငြိမ်သက်တဲ့နေရာ လည်း ရှိမှာပ…” သို့နှင့်ပင် နတ်မျက်စိသည် သဲကန္တရဒေသကို ရှုစားလေ့လာပြီး နောက်၊ သေနတ်သံ ဗုံးသံ မကြားရ သောနေရာ၊ မီးခိုးတလူလူ မထွက် သောနေရာ။ လင်းတတွေ မဝဲသော နေရာတစ်နေရာကို ရွေးချယ်၍ ဆင်းသက်လိုက်လေသည်။ “အံမယ်လေး… ဘယ်ကြည့် ကြည့် သဲတောင်၊ သဲကုန်း။ သဲလွင် ပြင်တွေချည်း ပါကလားကွယ်…။ သို့သော်လည်း အာရပ်တွေကတော့ သဲကန္တာရကို ချစ်ကြသတဲ့။ သဲကန္တာ ရထဲမှာ မြောက်မြားစွာသော ရေနံ သိုက်တွေရှိကြတယ်လို့ သူတို့က ယုံကြည်သတဲ့”

နတ်မျက်စိသည် ကန္တာရခရီး သည် အသွင်ယူကာ ကုလားအုတ်တစ် ကောင်ကို စီး၍ ခရီးလှည့်လည်နေ လေ၏။ တစ်နေရာအရောက်တွင် တောင်စောင်းတစ်ခုဘေး၌ အာရပ် တစ်ယောက် တဲတစ်လုံးထိုး၍ နေ ထိုင်လျက် ရှိသည်ကို နတ်မျက်စိ မြင်ရသည်။ နတ်မျက်စိနှင့် သူစီး လာသော ကုလားအုတ်တို့ ကား… သာမညောင်ည သတ္တဝါ ဖြစ်သော အာရပ်က မမြင်နိုင်ရှာချေ။ မကြာမီ ညအမှောင် ကျရောက်လာပြီ။ ညအမှောင်နှင့်အတူ သဲကန္တာရ နှင်းမုန်တိုင်းက တစ်ဝေါဝေါ မြည် ဟည်းတိုက်ခတ်လာရာ နှင်းမှုန်များ သာမက သဲမှုန်များကပါ ကျိုင်း ကောင်အုပ်ကြီးသဖွယ် မင်းမူလျက် ရှိတော့သည်။ ကျွန်ုပ်တို့၏ နတ်မျက်စိမှာ “စူပါနတ်” ပီပီ ကန္တာရမုန်တိုင်းဒဏ် ကို မခံစားရဘဲ ကင်းလွတ်ခွင့် ရနေ သည်။ သူ၏ကုလားအုတ်မှာလည်း နတ်ဖန်ဆင်းထားသော ကုလားအုတ် ဖြစ်ရာ မုန်တိုင်း လေပြေလေညင်း အမှတ်ဖြင့် သဲပြင်မှာ ဝပ်စင်းကာ ဇိမ်ခံလျက် ရှိလေသည်။ မကြာမီ အာရပ်၏ တဲအနီးသို့ လူမပါသော ကုလားအုတ်တစ်ကောင် သည် ချမ်းခိုက်ခိုက်တုန်သော ဟန် ပန်ဖြင့် ရောက်လာ၏။

“အို… တဲရှင်သခင်ကြီး။ ကျွန်ုပ်သည် အပြင်မှာ သဲမုန်တိုင်း ဒဏ်ကို  ခါးဆီး၍ ခံနေရပါသည်။ အနည်းငယ် သက်သာရာရအောင် ကျွန်ုပ်၏ ဦးခေါင်းကို သခင်ကြီး၏ တဲအတွင်းသို့ သွင်းထားပါရစေ..” ဟု ကုလားအုတ်က အသနားခံလေ ၏။ “လုပ်ပေးရမှာပေါ့ကွယ်… အာရပ်နဲ့ ကုလားအုတ်ဆိုတာ ဘုရား သခင် ဖန်ဆင်းပေးထားတဲ့ ညီအစ်ကို တွေပဲ” ဟု သဘောကောင်းသော အာရပ်ကြီးက ကြည်ဖြူစွာ ခွင့်ပြု လိုက်သည်။ တစ်ခဏကြာလျှင် ကုလား အုတ်က အာရပ်၏ ထဲအတွင်းသို့ သူ ၏ ရှည်လျားသော လည်တိုင်ကြီးကို တိုးသွင်းကာ..

“လည်ပင်းတွေ မတရားအေး စက်လာလို့ တဲရှင်သခင်ကြီး ခွင့်ပြု ပါဦးနော်” ဟု တောင်းဆိုသည်။ “ရွှေစိတ်တော် ကြိုက်သလိုပ ကွာ။ အာရပ်နဲ့ ကုလားအုတ်ဆိုတာ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ ညီအစ်ကိုတွေပဲ” ဟု အာရပ်ကြီးက သဘောတူ လိုက်ပြန်သည်။ နတ်မျက်စိက “တယ်… နှလုံးလှတဲ့ အာရပ်ပေကိုး” ဟူ၍ စိတ်ထဲမှ ချီးကျူးလိုက်မိသည်။  မကြာမီ ကုလားအုတ်သည် တုန်တုန်ရီရီဖြင့် သူ၏ ကိုယ်တစ်ပိုင်း ကို တဲအတွင်းသို့ အတင်းထိုးသွင်း လျက်…

“အား…ချမ်းတယ်။ ချမ်း တယ်။ မခံစားနိုင်တော့ဘူး။ တဲရှင် သခင်ကြီးရေ…အားလား လား ချမ်းလိုက်တာ” ဟု ညည်းလေသည်။  “ရပါတယ်…ရပါတယ်။ လုပ် ပါ..လုပ်ပါ”ဟု ဆိုရင်း တဲရှင်အာ ရပ်ကြီးသည် ကျဉ်းမြောင်းသော  တဲ အတွင်း၌ နောက်ဆုတ်ကာ ထောင့် မှာကပ်နေရလေ၏။ တဲအပြင်မှာ နောက်ခြေထောက်အစုံနှင့် တင်ပါး သာ ကျန်တော့သည့် ကုလားအုတ် သည် မာန်တက်လာသကဲ့သို့ ကြုံးဝါး အော်ဟစ်လိုက်သည်။ ” ဘယ်သူသေသေ ငတေမာဖို့ အဓိက၊ ကိုင်း… ငါလွတ်လွတ် လပ်လပ် နေခွင့်ရအောင် နင် ဝေးရာ သွားပေတော့ လဟ” ကုလားအုတ်က ကန်ထုတ်လိုက် ရာ အာရပ်ကြီးသည် တဲအပြင် နှင်း တောထဲသို့ တလိမ့်ခေါက်ကွေး လွင့်ထွက်သွားရှာသည်။ နတ်မျက်စိသည် ကုလားအုတ် ပါးဝလွန်းသော ကုလားအုတ်ကို မည် သည့်နည်းနှင့်မျှ သည်းညည်း မခံ နိုင်လောက်အောင် ဒေါသအမျက် ချောင်းချောင်းထွက်လာတော့သည်။ “သားရေပေါ်အိပ် သားရေနား စားတဲ့ ကျေးဇူးကန်း တိရစ္ဆာန်ယုတ်၊ အရိပ်နေနေ အခက်ချိုးချိုး အရိုင်း ကောင်…။ နင့်ကို မှတ်လောက် သားလောက်အောင် ဆုံးမရလိမ့်မ ဟဲ့” ဟု ကြုံးဝါးကာ၊ ဂေါ်ဇီလာအသွင် ပြောင်းလိုက်သော နတ်မျက်စိသည် တဲအတွင်းမှာ ဇိမ်ကျနေသော ကု လားအုတ်ကို ဧရာမအမြီးကြီးဖြင့် ရိုက်ထုတ်လိုက်လေ၏။ ပြင်းထန်သော ရိုက်ချက်ကြောင့် ကုလားအုတ်သည် အော်ပင်မအော် နိုင်တော့ဘဲ လေအဟုန်ထဲတွင် ခြေ ကားရား လက်ကားရား လွင့်ပျံသွား ရာက ဘင်္ဂလား ပင်လယ်အော် ရေပြင်တစ်နေရာသို့ “ဗွမ်း” ခနဲ မြည် ဟည်းကျရောက် ပျောက်ကွယ်သွား လေတော့သတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*