Heineken Beer
Heineken Beer

နိုင်ငံကိုယ်စားပြု အလှမယ်တွေအတွက် ရည်ရွယ်ပြီး အေဂျင်စီတစ်ခု ဖွင့်လှစ်ဖို့ ကြိုးစားသွားမယ့် အလှမယ် ဇွန်သံစဉ်

နိုင်ငံကိုယ်စားပြု အလှမယ်တွေအတွက် ရည်ရွယ်ပြီး အေဂျင်စီတစ်ခု ဖွင့်လှစ်ဖို့ ကြိုးစားသွားမယ့် အလှမယ် ဇွန်သံစဉ်
September 8, 2017 Leanne Win

Zune-Than-Zin

အလှမယ်ဇွန်သံစဉ်က သရုပ်ဆောင်မေဂျာဖြင့် အမျိုးသားယဉ် ကျေးမှုနဲ့ အနုပညာတက္ကသိုလ်ကနေ ကျောင်းပြီးထားတာဖြစ်တဲ့အတွက် Miss Universe 2017  ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ပြီးသွားရင် သရုပ် ဆောင်တစ်ဦး အနေနဲ့ဆက်လက်ရပ်တည်သွားမှာဖြစ်သလို အေဂျင်စီတစ်ခုကိုလည်း တည် ထောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“ကျောင်းပြီးတာလည်း သရုပ်ဆောင်နဲ့ပဲပြီးတာဆိုတော့ ပြိုင်ပွဲပြီး သွားရင်သရုပ်ဆောင်အနေနဲ့ရပ်တည်သွားမယ်။ ပြီးရင်ာငျ တစ်ယောက် အနေနဲ့လည်း ပြိုင်ပွဲတွေမှာ အားဖြည့်ကူညီသွားပါ မယ်။ အေဂျင်စီလေးတစ်ခု ဖွင့်ဖို့လည်း ရည် ရွယ်ထားပါတယ်။လိုတော့လိုပါသေးတယ်။ နောက်ထပ်၎၊ ၅၊ ၆ နှစ်လောက်တော့ လိုသေးတယ်။ ကိုယ်ကိုယ်တိုင်လည်း ပညာတွေကို လေ့လာသင်ယူတဲ့အရွယ်ပဲ ရှိသေးတာဆိုတော့  ကိုယ်ကိုယ်တိုင် အားလုံးတတ်မြောက်သွားရင်တော့ ဒီလို မျိုးဖွင့်လှစ်ဖို့ ရည်ရွယ်ချက်ထားထား ပါတယ်။ ဘယ်လိုအေဂျင်စီလဲဆိုတော့ နိုင်ငံ ကိုယ်စားပြုမယ့် အလှမယ်တွေအတွက် ရည် ရွယ်ပြီးတော့ ဖွင့်ချင်တာပါ”လို့ပြော ပါတယ်။

ဇွန်သံစဉ်က Miss Universe 2017 ပြိုင်ပွဲကိုသွားရောက် ယှဉ်ပြိုင်ဖို့အတွက် ပြင် ဆင်ချိန်တစ် နှစ်ရတဲ့ အတွက်အားကောင်းပြီး ပြိုင်ပွဲအတွက် စိတ်ဖိစီးမှု မများတော့ဘဲ အဝတ် အစားပိုင်းကအစစိတ် အေးအေးနဲ့စဉ်းစားနိုင် သလိုခန္ဓာကိုယ်ပိုင်းကိုလည်း ပြင်ဆင်ဖို့အချိန် ပိုရသွား တယ်လို့ ဇွန်သံစဉ်က ဆိုပါ တယ်။ Miss Universe 2017 ပြိုင်ပွဲကို အမေရိ ကန်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုဝင်ဘာလထဲမှာ သွားရောက်ယှဉ် ပြိုင်ရဖို့များကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
 ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*