
“ဝါကျွတ်ပြီးရင် မင်္ဂလာဆောင်ဖို့ အားလုံး စီစဉ်ထားပါတယ်။ မင်္ဂလာဆောင် ရက်ကတော့ ၁ဝ လပိုင်း ၁၄ရက်ပါ။ သီတင်းကျွတ် လပြည့် ကျော် ၉ရက်နေ့ပေါ့။ မင်္ဂလာပွဲကတော့ တောင်ကြီးမှာ ကျင်းပမှာပါ။ နေရာက တောင်ကြီးမြို့တော်ခန်းမ ဖြစ်ရင်ဖြစ်မယ်။ ပြီးရင် နောက် ခန်းမ တစ်ခုမှာ နှစ်ဖက်မိဘ နဲ့အတူ စီစဉ်ကျင်းပမှာပါ။ ရန်ကုန်မှာကျတော့ ကျွန်တော်တို့ မိတ်ဆွေတွေ အနုပညာ အသိုင်း အဝိုင်းတွေ နဲ့ Dinner ပွဲလေး လုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆောင် ပြီးရင်တော့ ဟန်းနီးမွန်းခရီးက ပျော်ရွှင် စရာနေရာတွေ မဟုတ်ဘဲ ဘုရားဖူးသွားဖို့ပဲ စီစဉ်ထားပါတယ်။ အရင်ဆုံး တော့ သူ (ဆုဟန်ဖြိုး) မရောက်ဖူးတဲ့ ဘုရားတွေ လိုက်ပို့ပေးမှာပါ”လို့ ပြောခဲ့ပါတယ်။ သူက မင်္ဂလာဆောင် ပြီးသွားရင် အနုပညာ အလုပ်အပြင် တခြား စီးပွားရေး တစ်ခုလည်းလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
“မင်္ဂလာဆောင်ပြီးရင်လည်း အနုပညာ အလုပ်တွေ အရင်အတိုင်း ဆက်လုပ်သွားမှာပါ။ ပရိသတ်အတွက် အရင်ထက်လည်း ပိုကြိုးစား လုပ်ကိုင်သွားမှာပါ။ မင်္ဂလာဆောင်ပြီးရင် ကျွန်တော့် အမျိုးသမီး အတွက် စီးပွားရေးလေး တစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ စီးပွားရေး ကတော့ သူလည်း ကျွမ်းကျင်တဲ့ Cosmetic လေးတွေ အရောင်းအဝယ်တွေပေါ့။ တစ်နိုင် တစ်ပိုင်လေး လုပ်ဖို့ စီစဉ်ထားပါ တယ်” လို့ပြောပါတယ်။
ဇော်ဝင်းအောင်