မိဘ၂ပါးအကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ် အွန်လိုင်းမှာ ဖြန့်ချီမယ့် စိုးပြည့်သဇင်

မိဘ၂ပါးအကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ် အွန်လိုင်းမှာ ဖြန့်ချီမယ့် စိုးပြည့်သဇင်
September 1, 2017 Leanne Win
မိဘ၂ပါးအကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ် အွန်လိုင်းမှာ ဖြန့်ချီမယ့် စိုးပြည့်သဇင်

Soe-Pyae-Thazin

စက်တင်ဘာလ ၂၂ရက်နေ့ မွေးနေ့ရှင် စိုးပြည့်သဇင်က  မကြာခင်ကျရောက် တော့မယ့် သူ့ရဲ့မွေးနေ့မှာ ချစ်တဲ့မိဘဆွေမျိုးများ၊ ပရိသတ်များနဲ့အတူ အလှူ အတန်းများပြုလုပ်ကာ မွေးနေ့ကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင်ကို သူ့ ရဲ့မွေးနေ့မှာ ကျေးဇူးရှင် မိဘ ၂ပါးအတွက်လည်း အမှတ်တရဖြစ်အောင် အစီ အစဉ်တစ်ခု ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး စိုးပြည့်သဇင်က “စိုးပြည့်အတွက်က မိဘမေတ္တာနဲ့ ပတ်သက်ပြီးဆိုတာက ပထမဦး ဆုံးပါပဲ။ စိုးပြည့်တစ်ခါမှ မဆိုဖူးဘူးပေါ့နော်။ စိုးပြည့် အရင်ကတည်းကလည်း ဆိုချင်တယ်။ ဒါပေမဲ့ များသောအားဖြင့် အမေ့အတွက် သီချင်းကို  ရေး စပ်ကြတာများတယ်။ နောက်တစ်ခုက တစ်ယောက်ချင်းစီရဲ့ ဂုဏ်ကိုပဲ ရေးစပ်ကြတာ များတယ်ပေါ့နော်။ အဲဒီတော့ စိုးပြည့်က ကိုညီ မင်းခိုင်ကို မိဘသီချင်းလေး တစ်ပုဒ်လောက် စိုးပြည့်ဘဝမှာ အမှတ်တရ ဆိုချင်တယ်။ နောက်ပြီးတော့ မိဘဆိုလည်း မိခင် တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ မိဘဆိုတာ ၂ ပါး စလုံးက ကျေးဇူးရှိတယ်လေ။

အဲဒီတော့  ဒီ၂ ယောက်စလုံး အတွက် စိုးပြည့်ကိုယ်တိုင်လည်း အမှတ်တရဖြစ်မယ့် သီချင်း လေးတစ်ပုဒ် ဖန်တီးပေးပါဆိုတဲ့အခါကျတော့ ဒီသီချင်းလေး ကို ဖန်တီးဖြစ်တယ်ပေါ့နော်။ အစကတော့ မွေးနေ့မှာထွက်ရှိ ဖို့ အစီအစဉ်တော့ မရှိဘူး။ ဒါပေမဲ့ ဒါလေးကို စိုးပြည့်အတွက် အမှတ်တရလည်း ဖြစ်သွားအောင်၊ ကိုယ့်မွေးနေ့မှာ ကိုယ့်ကို မွေးဖွားပေးတဲ့  မိဘတွေအတွက်လည်း အမှတ်တရလေးဖြစ်သွား အောင်ဆိုပြီး စိုးပြည့် ဒီဟာလေးကို စီစဉ်လိုက်တာပါ။ ဒီသီချင်းကို အွန်လိုင်း မှာ ဖြန့်ပြီးရင်း စိုးပြည့်နောက်ထွက်ရှိမယ့် တတိယအယ်လ်ဘမ်ထဲမှာ ပြန် ထည့်သွားမှာပါ” လို့ မိဘ ၂ ပါးအတွက် သီဆိုမယ့်သီချင်းအကြောင်းကို ပြောပြပါတယ်။ဒီနှစ်ကတော့  စိုးပြည့်သဇင်ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ကျ ရောက်တာဖြစ်ပြီး မွေးနေ့တိုင်း အလှူအတန်းတွေနဲ့ပဲ အမြဲဖြတ်သန်း       ဖြစ်တဲ့ စိုးပြည့်သဇင်က ဒီနှစ်မှာလည်း …

မွေးနေ့မှာတော့ အလှူလုပ်ဖို့ရှိပါတယ်။  မွေး နေ့မှာစိုးပြည့်က ဘာမှ လည်း ထွေထွေထူးထုး လုပ်လေ့မရှိပါဘူး။ နှစ်တိုင်းအလှူလေးနဲ့ပဲ ဖြတ်သန်း ဖြစ်တယ်။ ချစ်တဲ့ပရိသတ်တွေ  ဖန်တွေက စိုးပြည့်ဆီလာတယ်။ သူတို့နဲ့ပဲ မွေးနေ့ ကိုအတူတူ ဖြတ်သန်းတယ်။ အလှူလေးတွေလုပ်တယ်။ ဒီနှစ်တော့ သန်လျင် ဘက်မှာ သွားလှူဖြစ်မယ်။ နောက်တခြားလိုအပ်မယ့် နေရာလေးတွေမှာလည်း သွားလှူဖို့ စိုးပြည့်စဉ်းစားနေပါတယ်” လို့ မွေးနေ့မှာ လှူဒါန်းသွားမယ့် အလှူ နေရာများကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*