Heineken Beer
Heineken Beer

ကိုယ်တိုင် ခေါင်းဆောင်မင်းသားနေရာအဖြစ် ပါဝင်ရိုက်ကူးတဲ့အခါ ပိုကြီးတာဝန်ကြီးပါတယ် ညီထွဋ်ခေါင်

ကိုယ်တိုင် ခေါင်းဆောင်မင်းသားနေရာအဖြစ် ပါဝင်ရိုက်ကူးတဲ့အခါ ပိုကြီးတာဝန်ကြီးပါတယ် ညီထွဋ်ခေါင်
August 31, 2017 Leanne Win

 Nyi-Htut-Khaung

သရုပ်ဆောင် ညီထွဋ်ခေါင်က သူဝါသနာပါတဲ့အလုပ်နဲ့  ရပ်တည်ခွင့်ရပြီး ပရိသတ်က နေရာတစ်နေရာပေး ထားတဲ့အတွက် ဝမ်းသာကျေနပ်မိတယ်လို့  ဆိုပါတယ်။မကြာမီမှာလည်း ညီထွဋ်ခေါင်က မင်းသမီး ခိုင်သင်းကြည် အပါအဝင်မင်းသားလေးလက်နဲ့အတူ’ အဖွားပိန်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ခုလိုမင်း သားလေးလက်နဲ့အတူ ပါဝင်သရုပ်ဆောင်တဲ့အခါ ကိုယ့်ကာရိုက်တာအတွက်  ဘယ်လိုပြင်ဆင်ကြိုး စားရတာ  ရှိလဲဆိုတော့ ညီထွဋ်ခေါင်က…

“မင်းသားလေးလက်၊ မင်းသား သုံးလက်စသဖြင့်ပေါ့။ အဲဒီလိုဇာတ်လမ်းတွေမှာ ကိုယ့်ရဲ့ စီနီယာတွေလည်းပါဝင်တယ်ဆိုတဲ့အခါ ကျွန်တော့်စိတ်က ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ် လုပ်ရမယ့် ကာရိုက်တာလေးကို အကောင်းဆုံး သတိထားလိုက်တယ်။ ကိုယ့်ရှေ့က စီနီယာမင်းသား ကြီးတွေကတော့ ဒီဇာတ်ကားကိုဦးဆောင် သယ်သွားမှာပဲ ဆိုတဲ့ စိတ်ကလေးတော့ဖြစ်မိတယ်။ ကိုယ်ယူရမယ့် တာဝန်လေးကို အကောင်းဆုံးလုပ်တယ်။Teamwork  ကောင်းကောင်းလေးနဲ့ သွားကြတယ်ပေါ့။ ကိုယ်က ခေါင်းဆောင် မင်းသားနေရာက တစ်ယောက် တည်းသွားရတဲ့အခါမျိုးကျတော့ ဇာတ်ကားတစ် ကားလုံး ရဲ့တာဝန်ကကိုယ့်အပေါ်မှာကျရောက်သလို ခံစားရ တယ်။ အဲဒီအခါကျ အဘက်ဘက်က တွေးရတဲ့အခါ ပိုပြီးတော့ တာဝန်ကြီးပါတယ်။ကိုယ့်ရဲ့ စီနီယာတွေပါဝင်တဲ့ ဇာတ်ကားမျိုးဆိုရင်တော့ နည်းနည်းသက်သာတယ်။ ဒါကခိုတာမဟုတ်ပါဘူး။ကိုယ့်ကာရိုက်တာလေးကိုအကောင်း ဆုံးဖြစ်အောင်တည်ဆောက်ပြီး ကြိုးစားပါတယ်။ မလုပ်တတ်တဲ့၊ မသိတဲ့ ကိစ္စတွေကို စီနီယာအစ်ကိုတွေ၊ အစ်မတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်သွားတာပေါ့။ ကိုယ်က Mainstream အနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ်သွား တဲ့အခါမှာတော့ ကောင်းခြင်း၊ မကောင်းခြင်းက သူ့ဇာတ် ကားကောင်းတယ်၊ မကောင်းဘူးပဲ လာတာဆိုတော့ ပိုတော့တာဝန်ကြီးပါတယ်” လို့ ညီထွဋ်ခေါင်က ပြောပြ ခဲ့ပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*