
“ဒီဆိုင်လေးဖွင့်ဖြစ်တာ ကတော့ ကော်ဖီဆိုင်လေးမှာ ကိတ်နဲ့ပီဇာပါ တွဲပြီး စားသောက်နိုင်အောင် လို့ ဒီလိုလေး ဖွင့်ဖြစ် တာပါ။ ဒီလို စီးပွားရေး လုပ် ဖြစ်တာ ကတော့ တခြား အနုပညာရှင် တွေလည်း စီးပွားရေး လုပ်ကြတယ်။ ဒါကြောင့်ကျွန် တော်လည်း လုပ်ချင်တယ်။ အစား အသောက်ပိုင်း ဆိုင်ရာကို ကျွန်တော် ကိုယ်တိုင် ကြိုက်တာရယ်၊ နေ့စဉ်ဝင်ငွေ (Daily Income) အရ ရပ်တည်ပေးမှုလေးတွေ အတွက် ဒီကော်ဖီဆိုင်လေး ဖွင့်ဖြစ်သွားတာပါ။ ကျွန်တော်ရယ်၊ ကျွန်တော့် အစ်ကို ရယ်၊ ကျွန်တော့် ကောင်မလေးရယ် သုံးယောက်ပေါင်းပြီး ဖွင့်တာပါ။ ဒီလ ၂၈ ရက်နေ့ကို Soft Opening လေးပဲဖြစ် ဖြစ်လုပ်ပြီး ဖွင့်သွားမှာပါ” လို့ စိုးရန်အောင်က ပြောပြပါတယ်။
လတ်တလော ဖွင့်ဖြစ်မယ့် ပီဇာဆိုင်လေးကြောင့် လည်း အနုပညာ လှုပ်ရှားမှုလေးတွေ အတွက် အနည်း ငယ် အချိန်မပေးနိုင်သေးဘူးလို့ စိုးရန်အောင်က ဆိုပါတယ်။ လတ်တလော မှာတော့ အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားအ တွက် အပြီးသတ် ရိုက်ကူးမှုတွေ ပြုလုပ်နေပြီး အခြား အနုပညာ လှုပ်ရှားမှုနဲ့ ဇာတ်ကား ရိုက်ကူးမှု တွေကိုတော့ သီတင်း ကျွတ်လောက်မှ သေသေချာချာ ပြန်လည် လုပ်ဖြစ်မယ်လို့ ပြောပြပါတယ်။ ချစ်သူနဲ့အတူ စီးပွားရေး အတူတူ လုပ်ဖြစ်နေတဲ့ အတွက်လည်း စိုးရန် အောင်ရဲ့ လတ်တလော အချစ်ရေး အကြောင်းအရာတွေ ကို မေးမြန်းကြည့်တော့
“ကျွန်တော့် ရဲ့အချစ်ရေးက တည်တည်ငြိမ်ငြိမ်ပါပဲ ခင်ဗျ။ ကောင်မလေး နဲ့အတူ ဆိုင်လေး လုပ်ဖြစ်တာကလည်း စီးပွားရေး တစ်ခုကို စစမ်း လုပ်ကြည့်တာပါ။ အိမ်ထောင်ပြုဖို့ကတော့ အချိန်တန်ရင်ပေါ့နော်။ အဲဒီလိုပဲ ပြောရမှာပါ ပဲခင်ဗျ”လို့ စိုးရန်အောင် ပြောပြပါတယ်။
မြတ်မိုးပွင့်