Heineken Beer
Heineken Beer

လူငယ်တွေကို တက်နိုင်သလောက် ကူညီပေးသွားမယ့် ဟစ်ဟော့ပ် အဆိုတော် ချမ်းငြိမ်းကို

လူငယ်တွေကို တက်နိုင်သလောက် ကူညီပေးသွားမယ့် ဟစ်ဟော့ပ် အဆိုတော် ချမ်းငြိမ်းကို
August 23, 2017 Leanne Win

Chan-Nyine-Thu

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မြန်မာနိုင်ငံကိုယ်စားပြု သွား ရောက်ယှဉ်ပြိုင်ကြတဲ့ Yangon Flow B-Boy  အဖွဲ့ကို ဟစ်ဟော့ပ်အဆိုတော် ချမ်းငြိမ်းကိုက သူ့ရဲ့ Stable Edge Clothing တွေ စပွန်ဆာ ပေးဖြစ်ခဲ့ပါတယ်။  B-Boy ဆိုတာ Hip Hop Culture  ထဲက တစ်ခုဖြစ်တယ်လို့ဆိုတဲ့ ချမ်း ငြိမ်းကိုက…..

“ဘာဖြစ်လို့ပေးလဲဆိုတော့ သူတို့ကမြန်မာနိုင်ငံကို ကိုယ်စားပြုပြီးသွားတယ်။ ပြီးတော့ B-Boy လည်း ကျွန်တော်တို့ Hip Hop Culture  တွေထဲကတစ်ခု၊ အဲဒီ  Culture  တွေကို ကျွန်တော်ကစိတ်ဝင်စားတယ်လေ”လို့ သူစပွန်ဆာပေးဖြစ်ခြင်း အကြောင်းကို ပြောပါတယ်။

ချမ်းငြိမ်းကိုရဲ့ Stable Edge  ကနေ Acid  အဖွဲ့အမှတ်တံဆိပ်နဲ့ ထုတ်လုပ်တဲ့ Clothing  တွေက လူငယ်တွေကြားမှာ တော်တော်လေးပေါက်ခဲ့ပါတယ်။Stable Edge အနေနဲ့  Acid နဲ့ ပူးပေါင်း ဖြစ်ခဲ့ခြင်းအကြောင်းနဲ့ ရှေ့ဆက် ဘာတွေလုပ်ဖြစ် မလဲဆိုတာ တွေကို မေးဖြစ်တဲ့အခါ “ကျွန်တော့် ဥစ္စာလေး နည်းနည်းလူဝတ်များလာတဲ့ အခါမှာ ကျွန်တော် Collaboration  တစ်ခုလုပ်ချင်တယ်။ ကျွန်တော့် စိတ်ထဲမှာလည်း တကယ်ကြိုက်ပြီးတော့ Logo တစ်ခုရှိတဲ့ အဖွဲ့ကို ပြေးမြင်လိုက်တဲ့အခါ Acid ပေါ့။ ကျွန်တော် ငယ်ငယ်က တည်းက ကြိုက်ခဲ့တဲ့အဖွဲ့ပေါ့နော်။ အဲဒါနဲ့ ကျွန်တော် ကိုတွိ(အနဂ္ဂ)ဆီ အရင်ဆုံးဖုန်းဆက်တယ်။ ပြီးတော့ ကိုရန်ရန်ချန်းဆီ ဖုန်းဆက်ပြီးတော့မှ လုပ်ဖြစ် သွားတာပေါ့။ နောက်ပိုင်းကျရင်တော့ Stable Edge Street  Wear  ဆိုပြီးတော့ သေသေချာချာ Run မှာပါ။ နောက်ပိုင်း မှာ Hip Hop Culture ထဲမှာရှိနေတဲ့ လူငယ်တွေကိုလည်း တတ်နိုင်သလောက် Support ပေးမယ်။ ပြီးတော့ ကျွန် တော်တကယ် ကြိုက် နှစ်သက် တဲ့ သူတွေနဲ့လည်း Collaboration  လုပ်ဖို့ရှိ ပါတယ်”လို့ ချမ်းငြိမ်း ကိုက ပြောပြခဲ့ပါ တယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*