Heineken Beer
Heineken Beer

ငါးခွေမြောက်စီးရီးကို ပြင်ဆင်နေပြီ ဖြစ်တဲ့ လင်းလင်း

ငါးခွေမြောက်စီးရီးကို ပြင်ဆင်နေပြီ ဖြစ်တဲ့ လင်းလင်း
August 22, 2017 Leanne Win

Lin-Lin

အဆိုတော်လင်းလင်းက လက်ရှိမှာတော့ သူစီစဉ်ထားတဲ့ စီးရီးတွေကို အပြတ်ဖြတ်ဖို့ စီစဉ်နေတယ်လို့သိရပြီး လတ်တလော မှာတော့ စားသောက်ဆိုင်ဖွင့်မယ့်ကိစ္စအတွက် အလုပ်ရှုပ်နေတယ် လို့လည်း သိရပါတယ်။

“ကျွန်တော်စီစဉ်နေတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စီးရီးကို အခု  Recording ဝင်နေပြီ။ အဲဒါလေးလည်း အပြီး ဖြတ်ချင်တယ်။ ပြီးတော့ ထရီဇာ့အခွေရှိမယ်။ နေဝါ့ အခွေရှိ မယ်။ အခုလောလောဆယ်မှာ ကျွန်တော်က Soccer House ဆိုင်ဖွင့်ဖို့ လုံးပန်းနေတာနဲ့  Recording ခဏ ရပ်နားထားရတယ်။ပြီးရင်တော့ ပြန်စမှာပါ”လို့ လင်းလင်း က ပြောပါတယ်။ လင်းလင်းက အခြားသူတို့ရဲ့ စီးရီးတွေ မှာ ပါဝင်ဖန်တီးပေးဖြစ်နေသလို သူ့ရဲ့ငါးခွေမြောက် စီးရီးသစ်အတွက်လည်း သီချင်းတွေအားရင် အားသလို အသံသွင်းဖြစ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်တခြားအခွေတွေလည်း လုပ်ရင်းနဲ့ ကျွန်တော့်ရဲ့  စီးရီးသစ်ကိုလည်း အချောသတ်ဖို့  လုပ်နေပါတယ်။ ကျွန်တော် စီစဉ်နေတဲ့ ဗိုလ်ချုပ်အမှတ် တရ စီးရီးတော့ မဟုတ်သေးဘူး။ဒါက ကျွန်တော့် သတ်သတ်စီးရီးသစ်ပါ။ဗိုလ်ချုပ်စီးရီးက ကျွန်တော် အစက ပြင်ဆင်ချိန်ကို ၂နှစ်၃နှစ်ဆိုပြီး မှန်းထား တာ။ဒါပေမဲ့ တကယ့်တကယ် လေ့လာတဲ့အခါ အဲဒီ လောက်မလွယ်ဘူး။ တာဝန်ယူမှုတာဝန်ခံဖို့တွေလည်း ရှိတယ်ဆိုတဲ့အခါ ကျွန်တော်သေချာပြင်ဆင်နေ တယ်။ ဒါကြောင့် အဲဒီစီးရီးကတော့ ကြာဦးမယ် ထင်ပါတယ်”လို့ လင်းလင်းက ပြောပြခဲ့ပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*