ခန္တီးမြို့အနိမ့်ပိုင်း၎ရပ်ကွက်သို့ချင်းတွင်းမြစ်ရေတတိယအကြိမ်ဝင်ရောက်ရာ ပြောင်းရွေ့ နေထိုင်သူများအတွက် ကယ်ဆယ်ရေးစခန်း၃ခုဖွင့်ထား

ခန္တီးမြို့အနိမ့်ပိုင်း၎ရပ်ကွက်သို့ချင်းတွင်းမြစ်ရေတတိယအကြိမ်ဝင်ရောက်ရာ ပြောင်းရွေ့ နေထိုင်သူများအတွက် ကယ်ဆယ်ရေးစခန်း၃ခုဖွင့်ထား
August 22, 2017 Leanne Win
ခန္တီးမြို့အနိမ့်ပိုင်း၎ရပ်ကွက်သို့ချင်းတွင်းမြစ်ရေတတိယအကြိမ်ဝင်ရောက်ရာ ပြောင်းရွေ့ နေထိုင်သူများအတွက် ကယ်ဆယ်ရေးစခန်း၃ခုဖွင့်ထား

20776524_1409251752455299_5102659972353006913_o

စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ရက်ဆက်ရှိနေသည်မှာ ရက်သတ္တတစ်ပတ်ခန့် ရှိနေပြီဖြစ်ရာ ချင်းတွင်းမြစ်ရေ သည် သိသိသာသာတိုးလာပြီး ခန္တီးမြို့ အနိမ့်ပိုင်း၎ ရပ်ကွက်တွင် တတိယ အကြိမ်ရေ များဝင်ရောက်နေပြီ ဖြစ်သော ကြောင့် ပြောင်းရွေ့နေထိုင်ကြသူ များရှိလာရာကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်လှစ်ထားကြောင်း လူမှုပရဟိ တလုပ်ငန်းများ ဆောင်ရွက်နေသူ ခန္တီး    မြို့ခံ ကိုအောင်ဆန်းမြင့်ထံမှ သိရသည်။

20861931_1409251695788638_8220764706750348907_o

“မနေ့ကစဝင်တာ အနိမ့်ပိုင်း ၄ရပ်ကွက်က ရေအကုန်ဝင်နေပြီ။အောင် သာရပ်၊ သာစည်ရပ်၊ မြို့မ ရပ်စတဲ့ ၄ရပ်ကွက် မှာရေဝင်နေပြီ။ခန္တီးမြို့မဈေး ကိုတော့ ဒီနေ့သြဂုတ်လ ၁၂ရက်နေ့၊ မနက်ပိုင်းမှာ ကမ်းနားလမ်းဘက်စပြောင်း နေပြီ။ မနေ့က ပြောင်းရွေ့ရတဲ့အိမ်ထောင်စု ၅ဝ လောက်ရှိတယ်။ ကယ်ဆယ် ရေး စခန်းကို မြသိန်းတန်ဘုရားကုန်း၊ မြို့မဘုန်းကြီးကျောင်းနဲ့ ကုန်းဝိုင်းဘုန်း ကြီးကျောင်းတွေမှာဖွင့်ထားတယ်။ ဒီနေ့မှာတော့ တာဝန်ရှိတဲ့သူတွေက စာရင်းကောက်နေတာ တွေ့ ရပါတယ်။ ခန္တီးကိုအခုဝင်တာ တတိယအကြိမ်ပါ။ ရေကမနေ့ကထက် ဒီနေ့တစ်ပေခွဲတက်တာတွေ့ရတယ်။ ခန္တီးမြို့ရဲ့ စိုးရိမ် ရေမှတ် က၁၃၆ဝ စင်တီမီတာဆိုတော့ အခု လက်ရှိ ဒီနေ့သြဂုတ်လ၁၂ရက် နေ့လယ်မှာ ၁၃၉၈ ထိရောက်နေ တာတွေ့ရပါတယ်။ အရင်ဒုတိယအကြိမ် တက်တုန်းကရေက ၁၅ဝဝ စင်တီမီတာထိ တက်တာဆိုတော့ နည်းသေး တယ်လို့ ပြောရင်ရပါတယ်။မိုးကခန္တီးမှာလွန်ခဲ့တဲ့ တစ်ပတ်လောက်ကစ ပြီးနေ့ရော၊ ညရော တစ်နေကုန် ရွာနေတာပါ။ မုံရွာ-ခန္တီးလူစီး အမြန်ရေယာဉ် တွေ၊ ကုန်တင်ရေယာဉ်တွေကတော့ ထွက်တုန်းပါပဲ။ မုံရွာကပိတ်မှသာ ခန္တီးက ပိတ်မယ်ထင်ပါတယ်” ဟု ကိုအောင် ဆန်းမြင့်ကပြော ပြ သည်။

လက်ရှိချင်းတွင်းမြစ်ရေအခြေအနေသည် ခန္တီးနှင့်ဟုမ္မလင်းဒေသ တွင်သာ မိုးများ၍ စိုးရိမ်ရေမှတ်အထက်သို့ တက်ရောက်နေသော်လည်း မုံရွာ မြို့ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးသော်လည်း နောက်၂ရက်ခန့်တွင်မှ စိုးရိမ်ရေ မှတ်သို့ရောက်ရှိနိုင်ဖွယ်ရာရှိကြောင်း သြဂုတ်လ၁၂ရက်က ဝါရင့် မော်တော် လုပ်ငန်းရှင် ဦးသောင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းကို

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*