Heineken Beer
Heineken Beer

မြို့သစ်

မြို့သစ်
August 21, 2017 Leanne Win

myo

မြို့ ပြက မှောက်သွန်လိုက်တဲ့
အဟောင်းထဲက အသစ်တွေ့
သွေးစစ်နေစရာတောင် မလိုဘူး။

နေရာဇစ်မြစ်က
ဝလာပြီး ဖောင်းကားထွက်လာတဲ့ စနစ်။
ကျုပ်တို့ အဖြစ်များ
အောင့်သက်သက်နဲ့ပဲ ကြိတ်ချစ်နေခဲ့ရ။

တကယ်တော့
ကျုပ်တို့ ချစ်တဲ့ မန္တလေးက
‘ဧည့်သည်လာ အိမ်ရှင်ပြေး’
ခပ်ငယ်ငယ်က ကစားကွင်းလေးလို … ။ ။

အဲဒီလို
နီးလျက်နဲ့ ဝေးဝေးလာတိုင်း
ကျုပ်တို့ ရင်ဖိုလို့ စာဆိုနေခဲ့ရ။

ညိုချောရေ …
မြို့ ပြရဲ့ ရင်ပြင်ဟာ
တစ်နေ့တခြား ဖောင်းကြွလို့
အခွင့်တင် နေရာယူချင်သူတွေက
ပေါလွန်းလှရဲ့ ။

အထဝါစိုး( မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*