လူရွှင်တော်ဆိုတာ အကုန်လေ့လာနိုင်ရတယ် မျောက်ရှုံး

လူရွှင်တော်ဆိုတာ အကုန်လေ့လာနိုင်ရတယ် မျောက်ရှုံး
August 14, 2017 Leanne Win
လူရွှင်တော်ဆိုတာ အကုန်လေ့လာနိုင်ရတယ် မျောက်ရှုံး

Monkey

ဟာသသရုပ်ဆောင် မျောက်ရှုံးကတော့ အခုလတ်တလောမှာ ဒါရိုက်တာ ကိုဗညားနဲ့အတူ ပရဟိတကို ဖော်ညွှန်းတဲ့ ဇာတ်ကားရိုက်ကူးနေကြောင်း သိရပါတယ်။ ဇာတ်ကားများ ရိုက်ကူးရုံသာမက သူတို့ Five Star အဖွဲ့အနေနဲ့ ပွင့်လင်းရာသီမှာ ပွဲတွေလည်းတောက်လျှောက် သွားဖြစ်နေပါတယ်။ ဇာတ်ကားရိုက်ကူးမှုနဲ့ ပွဲကတဲ့ အလုပ်ကို မျှတအောင်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပြခဲ့တာက…

“ပွဲကတာနဲ့ ဇာတ်ကားရိုက်တာ အနုပညာချင်းကတော့ အတူတူပါပဲ။ နည်း နည်းပင်ပန်းတာနဲ့ များများပင်ပန်းတာပဲ ကွာပါတယ်။ ဒါပေမဲ့ အစ်ကိုက ဘာပဲလုပ်ရ လုပ်ရ ပျော်ပါတယ်။ ပွဲကတဲ့အခါကျတော့ ပရိသတ်နဲ့ တိုက်ရိုက်တွေ့ရတယ်။ ပရိသတ် ရှေ့မှာ တစ်ခါတည်း ဆုံးဖြတ်ရတယ်။ တိုက်ရိုက် ဖျော်ဖြေရတာပေါ့။ ပွဲကတာကလည်း မကလို့မဖြစ်ဘူး။ ရုပ်ရှင်မကြည့်နိုင်တဲ့ ပရိသတ်အတွက် ပွဲကပေးရမှာပဲ။ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်အတွက်လည်း ရုပ်ရှင်ရိုက်ပေးတာပေါ့။ နောက်ပိုင်းကျရင်လည်း နှစ်ခုစလုံး ကို ညီတူညီမျှ လုပ်ဆောင်သွားပါမယ်” လို့ပြောခဲ့ပါတယ်။

အခုလို ပရိသတ် အသိအမှတ် ပြုတဲ့ လူရွှင်တော်တစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့ခြင်းနဲ့ လူရွှင်တော်တစ်ယောက်ဘဝကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး…

“လူရွှင်တော် တစ်ယောက်ဖြစ်ဖို့ လေ့လာခဲ့ရတာကတော့ အများကြီးပါပဲ။ လူရွှင်တော်ဆိုတာက အကုန် လေ့လာရတယ်။ လေ့လာလို့မဆုံးတဲ့ ဘာသာရပ်ထဲမှာ လူရွှင်တော် ပညာဘာသာရပ်လည်း ပါတယ်။ အစ်ကိုကတော့ လူရွှင်တော် လုပ်ရတာ ပျော်တယ်။ ပရိသတ်ကိုလည်း ပျော်စေချင်တယ်။ ဒီလူရွှင် တော်အလုပ်ပဲ လုပ်တတ်တယ်။ ဒီအလုပ်ပဲ အမြဲလုပ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*