Heineken Beer
Heineken Beer

မြန်မာပေါကားထဲ မပါတဲ့ ဇာတ်ကားအကြောင်း မင်းသွေး ပြောပြ

မြန်မာပေါကားထဲ မပါတဲ့ ဇာတ်ကားအကြောင်း မင်းသွေး ပြောပြ
August 10, 2017 Leanne Win

Min-Thawe

မင်းသွေးပါဝင်ထားတဲ့ ‘ကြောက်…ကြောက်…ကြောက်’ ရုပ်ရှင်ဇာတ်ကားကလည်း အခုရုံတင် ပြသလျက်ရှိပါတယ်။ အစ်ကိုဖြစ်သူ နေတိုး ကလည်း ပထမဆုံး DOP ( Director Of Photography) ပြုလုပ်ထားပြီး အစ်ကိုဖြစ်သူနဲ့အတူ အကြောက်လွန် တတ်တဲ့ သူ တစ်ယောက် အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားက မြန်မာပေါကားထဲ မပါဘူးလို့ဆိုတဲ့ မင်းသွေးက “ဒီဇာတ်ကား အတွက် ပထမဇာတ်လမ်း စလာပေးတုန်းက အဆင်မပြေဘူး။ ရသလည်း ဘာမှမပါ ဘူး။ ဒါကြောင့် အစ်ကိုနဲ့ ပြန်တိုင်ပင်တော့ အစ်ကို ကလည်း ဇာတ်လမ်းပြန် စဉ်းစားဦးမယ်လို့ ပြောတယ်။ တကယ်တမ်းဇာတ်လမ်းကို ပြန်စဉ်းစားတဲ့ အချိန်မှာ ဇာတ်ကားက တအား ကောင်းသွား တယ်။ အစ်ကိုနဲ့ ကျွန်တော် လည်း ဆုံပြီးရိုက်ကူးဖြစ်တဲ့ ဇာတ်ကား။ ကိုနေတိုး လည်း DOP လုပ်တဲ့ ဇာတ်ကား။ အမှတ် တရပါပဲ။ ဟာသအပြင် အခြားသောအခြေအနေ၊ ခံစားမှု ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားပါ။  Special Effect  တွေ လည်းကောင်းတယ်။ ပြောရရင် မြန်မာပေါကားထဲမပါတဲ့ဇာတ်ကားလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ ပြောပြပါ တယ်။

နောက်ထပ် မင်းသွေးပါ ဝင်ထားတဲ့ ” သတ်ကွင်း” ရုပ်ရှင် ဇာတ်ကားရဲ့ Official Trailer ကတော့ အွန်လိုင်းက တစ်ဆင့် ဖြန့် လိုက်ပြီဖြစ်ပါတယ်။ မင်းသွေး၊ စည်ဖြိုး၊ နေတိုးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကား ကြီးမှာတော့ အဓိက သရုပ်ဆောင် မင်းသမီး ပါဝင်ခြင်း မရှိဘဲ ရိုက်ကူးထား တယ်လို့သိရပါတယ်။ စက်တင်ဘာလလောက်မှာ ရုံတင်နိုင်အောင် စီစဉ် နေတဲ့ ‘သတ်ကွင်း’ ဇာတ်ကားကြီး ရဲ့ထူးခြားတဲ့ အနုပညာ ဖန်တီးပုံဖော်မှု တွေအကြောင်းကို “ကျွန်တော်တို့ ‘သက်ကွင်း’ Trailer ကို ၇ လပိုင်း၊ ၂၇ ရက်နေ့က တင်လိုက်တယ်။ ဒီဇာတ်ကားကြီးရဲ့ အသံပိုင်းရော၊ အရုပ်ကိုရော အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ဒီဇာတ်ကား မှာ ထူးခြားတဲ့ ဖန်တီးမှုတစ်ခုက ကာရိုက်တာတွေမှာ မင်းသမီးလုံးဝမပါဘူး။ ဧည့်သည်သရုပ်ဆောင် အနေနဲ့ ပဲပါတယ်။ အားပေး တဲ့ ပရိသတ်တွေလည်း Trailer ကြည့်ပြီး ရင်ခုန် နေမယ်လို့ ထင်ပါတယ်။ ကျွန်တော် က ပုံမှန်လာ ငှားလို့ ဇာတ်ကား တွေ ရိုက်ရင် အကောင်းဆုံး သရုပ်ဆောင်တယ်။ ကျန်တာ ကိုတော့ လိုအပ်တာလေးတွေရှိရင် အကြံပေး တာလောက်ပါဘဲ။ ဒီဇာတ်ကား မှာ တော့ ပရိုဂျူဆာ တစ်ပိုင်းပါပဲ။ Wall Sheet ၊ ကြော်ငြာ အကုန်လုံးပဲ ကျွန်တော် လုပ်နေတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်၊ နေရဲနဲ့ စည်ဖြိုးက ဘာမှ မသိဘူး။ ဒါကြောင့် ထွက်လာရင် ပရိသတ်တွေ အားပေးဖို့ မျှော်လင့်ပါတယ်” လို့ မင်းသွေးက ပြောပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*