Heineken Beer
Heineken Beer

ဘာသာရေးဘက်ကို စိတ်နှစ်ထားတဲ့အတွက် တချို့ကိစ္စတွေဆိုရင်ခံနိုင်ရည်ရှိလာတယ် မင်းမော်ကွန်း

ဘာသာရေးဘက်ကို စိတ်နှစ်ထားတဲ့အတွက် တချို့ကိစ္စတွေဆိုရင်ခံနိုင်ရည်ရှိလာတယ် မင်းမော်ကွန်း
July 24, 2017 Leanne Win

min

 

မင်းမော်ကွန်းက ဘာသာရေးနဲ့ ပတ်သက်လို့ နေ့စဉ်တိုင်းမှာ ပုံမှန် လုပ်ဆောင်နေ တာတွေရှိပါတယ်။ဘာသာရေး လုပ်ဆောင်မှုတွေကြောင့် နေ့စဉ်ဘဝမှာ အကျိုးပေးမှု တွေလည်း များစွာရှိခဲ့ကြောင်း သူက ပြောပြပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ဘာသာရေးနဲ့ ပတ်သက်လို့ နေ့စဉ်လုပ်ဖြစ်နေတဲ့ အကြောင်း အရာတွေကို အခုလိုမေးမြန်းဖော်ပြလိုက်ရပါ တယ်။

ဘာသာရေးနေ့စဉ်လုပ်ဖြစ်တယ်
ဘာသာရေးအနေနဲ့ နိစ္စဓူဝ လုပ်ဖြစ်တာကတော့ ပုတီးစိပ်တယ်။ ပဋ္ဌာန်းရွတ်တယ်။ ရတနသုတ်၊ မေတ္တသုတ်တို့ အမြဲပုံမုန် ရွတ်ဖြစ် ပါတယ်။ ပုတီးစိပ်တဲ့ အခါမှာလည်း အဓိဋ္ဌာန်ပေါ့နော်။ နေ့စဉ်ကျွန်တော် စိပ်နေကျ ပုတီးက ဂုဏ်တော်လည်း စိပ်တယ်။ သရဏဂုံလည်း စိပ်တယ်။ နောက်တစ် နည်းကတော့ ဘာနည်း လဲတော့ကျွန်တော်မသိဘူး။ဘုန်း ဘုန်း ပေးထားတဲ့ ပုတီးစိပ်နည်း တစ်မျိုးလည်း စိပ်ပါတယ်။
ဘာသာရေး ပြုလုပ်တဲ့အတွက် ကောင်းကျိုးခံစားမှု သိတော့သိသာလာတယ်။ ကျွန်တော် ပြန်ပြီးတော့ အရှိန် အဝါလေးတစ်ခုရတာရယ်။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိတာရယ်။ ဘာသာရေးဘက်ကို စိတ်နှစ် ထားတဲ့အတွက် တချို့ကိစ္စ တွေဆို ရင် ခံနိုင်ရည် ရှိလာတယ်။ ဘာသာ ရေးလုပ်တော့ အဲဒီကိစ္စတွေ အတွက် တော်တော်လေး သိသာလာ ပါ တယ်။ ဒါကလည်း ဘာသာရေး လုပ်ခြင်းအတွက် ကောင်းကျိုးခံစားမှု တွေပေါ့နော်။

ဘာသာတရားဆိုတာ လူသား တွေရဲ့ စိတ်ကို ထိန်းချုပ်ပေးတဲ့အရာ
ဘာသာရေးဆိုတာ လူသား တွေရဲ့ စိတ်ကို ထိန်းချုပ်ပေးတဲ့ အရာပါ။ ဘယ်ဘာသာပဲ ဖြစ်ဖြစ် ပေါ့နော်။ ကျွန်တော် ဗုဒ္ဓဘာသာကိုပဲ High Light ပြောတာမဟုတ်ပါဘူး။ အကုန်လုံး ရည်ရွယ်ချက်ကတော့ လူတွေရဲ့ စိတ်နှလုံးကို ငြိမ်းချမ်း အောင်၊ နူးညံ့အောင် ထိန်းချုပ်ပေးတဲ့ အရာဖြစ်တဲ့အတွက် ဘာသာတရား လိုက်စားတာကတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှု၊ ကိုယ့်စိတ်ရဲ့ ကြီးပွားတိုးတက်ကြောင်းကို အ ထောက်အကူ အများကြီး ပြုလုပ် ပါလိမ့်မယ်။

ဘာသာတရားအပေါ် ယုံကြည် ကိုးကွယ်မှု
အရင်တုန်းကတော့ ကျွန်တော် တို့က မိရိုးဖလာ အနေနဲ့ပဲ ကိုးကွယ် တာပါ။ နောက်ပိုင်းကျတော့မှ အသက်အရွယ်ရလာပြီး လေ့လာရင်း လေ့လာရင်းနဲ့မှ ပိုပိုပြီးတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာရ ကို သိသိလာ တယ်။ ပိုပိုပြီးတော့ ကိုးကွယ်ဖြစ် လာတယ်။ ပိုပြီးယုံကြည်လာတယ်။

ဘာသာရေးလိုက်စားတဲ့ လူငယ်တွေအပေါ် အကြံပြုစကား
လိုက်စားကြတဲ့ လူငယ်တွေ ရှိကြပါတယ်။ ဗုဒ္ဓဘာသာ သင်တန်း၊ ယဉ်ကျေးမှု သင်တန်းတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ စနစ်တကျ ပိုပြီးတော့ လေ့လာ သိရှိပြီးတော့ စနစ်တကျ ယုံကြည် ကိုးကွယ်ခြင်းကတော့ ပိုပြီးတော့ ကောင်းပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*