
လက်ရှိမှာ သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သရုပ်ဆောင်အလုပ်တွေ လုပ်နေသလို၊ တစ်ဖက်မှာလည်း သူငယ်ချင်းတစ်ယောက်နဲ့အတူ ထုတ်လုပ် ရေးလုပ်ငန်းတစ်ခုကို အစပျိုး လုပ်ကိုင်လျက်ရှိပါတယ်။ ထုတ်လုပ်ရေး အမည်ကိုတော့ Star King ထုတ်လုပ်ရေးလို့ အမည်ပေးထားပြီး ဇာတ်ကား ၃ကားခန့် ရိုက်ကူးပြီးစီးနေပြီလို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လည်းအနုပညာနဲ့ပဲ ပတ်သက်ပြီး လုပ်ဆောင်ဖြစ်ပုံကိုတော့
“စီးပွားရေးတွေ လုပ်ချင်ပါတယ်။ ဒါပေမဲ့ အချိန်မပေးနိုင်တာရယ်၊ မလုပ် တတ်တာတွေရယ်ရှိနေတာကြောင့်ပါ။ သူငယ်ချင်းနဲ့တော့ ထုတ်လုပ် ရေးလုပ်နေတယ်။ ရုပ်ရှင်ဇာတ်ကားလေးတွေနဲ့ ဗီဒီယိုလေးတွေ စမ်းရိုက် ကူး ထားတယ်။ ၂ကား၊ ၃ ကားလောက်တော့ ရိုက်ကူးထားပေမယ့် အစပဲရှိ သေးတာကြောင့် ၁နှစ်လောက်နေရင် သေသေချာချာလေး အကောင် အထည်အဖော်နိုင်မှာပါ။ အဓိကက ကျွန်တော်က ရုပ်ရှင်ထဲကရတဲ့ငွေကို ရုပ်ရှင်ထဲမှာပဲ ပြန်စီးမျောစေချင်တာကြောင့်ပါ။
အမျိုးသမီးက လည်း ကလေးနည်းနည်းလက်လွတ်လို့ရတဲ့ အရွယ်ရောက်ရင်တော့ ဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်မယ်။ အဲဒီအခါကျရင်လည်း ကိုယ်က ဝိုင်းကူရမှာပေါ့”လို့ အကောင်အထည်ဖော် မယ့် လုပ်ငန်းတွေအကြောင်းကို ဖြိုးငွေစိုးက ပြောပြ ပါတယ်။လတ်တလောမှာတော့ ဖြိုးငွေစိုးက ဒါရိုက်တာ အာကာရိုက်ကူး တဲ့ String (ကြိုးဖုန်း) သရဲ ဇာတ်ကားကို ပြင်ဦးလွင်ဘက်မှာ အိâန္ဒာကျော်ဇင်၊ ရဲနောင်၊ ရဲထွေး အောင်၊ ရွှေအိမ်စည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူး လျက်ရှိပါတယ်။ ဒီလို နယ်ဘက် တွေမှာ သွားရောက် ရိုက်ကူး တဲ့အခါ သားဖြစ်သူ ဂုဏ်ပြည့် စုံဖြိုး ကလည်းလိုက်ပါသွား လေ့ရှိပါတယ်။ သားသားက လည်းအရွယ်ငယ်သေးပေမယ့် အနုပညာကို ဝါသနာပါပုံရ တယ်လို့ဖြိုးငွေ စိုးကပြောပြခဲ့ပါ တယ်။
မြတ်မိုးပွင့်