ယခုလအတွင်း ရုပ်ရှင်ရုံ(၃)ရုံ ဖွင့်လှစ်သွားမည်ဟု အကယ်ဒမီ လွင်မိုး ပြော

ယခုလအတွင်း ရုပ်ရှင်ရုံ(၃)ရုံ ဖွင့်လှစ်သွားမည်ဟု အကယ်ဒမီ လွင်မိုး ပြော
July 12, 2017 Leanne Win
ယခုလအတွင်း ရုပ်ရှင်ရုံ(၃)ရုံ ဖွင့်လှစ်သွားမည်ဟု အကယ်ဒမီ လွင်မိုး ပြော

Lwin-Moe

အချိန်အတော်ကြာ ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ ကင်းကွာနေတဲ့ သရုပ် ဆောင်လွင်မိုးက လွန်ခဲ့တဲ့ ၂နှစ်ခန့်က ရိုက်ကူးထားတဲ့ ‘သူငယ် ချင်းယောက္ခမ -၂ ‘ ရုပ်ရှင် ဇာတ်ကားကြီးလည်း မကြာခင် ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။ ‘ သူငယ်ချင်းယော က္ခမ-၁’ အောင်မြင်ခဲ့လို့ ‘သူငယ်ချင်းယောက္ခမ -၂’ကို ရိုက်ကူးခဲ့ခြင်း မဟုတ်ဘဲ ဇာတ်လမ်း ဇာတ်ကွက်က အကျိုးရှိတဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် ရိုက်ကူးဖြစ်ခဲ့ကြောင်း လွင်မိုးက ပြောပါ တယ်။ ဇာတ်ကားရိုက်ကူးခဲ့စဉ် အမှတ်တရများနဲ့ ပတ်သက်ပြီးလည်း…

“ကျွန်တော်အခု ပြန်ကြည့်တဲ့အခါမှာ မြင်တာတစ်ခုပဲရှိတယ်။ ဒီ ‘သူငယ်ချင်း ယောက္ခမ-၂’ ရိုက်ကူးတဲ့ အချိန်မှာ ဒီဇာတ်ကားမှာပါတဲ့ သရုပ်ဆောင် အကုန်လုံးတော်တော် ညီညွှတ်တာကို မြင်တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြိုင်သရုပ်ဆောင်တဲ့အချိန်မှာလည်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ရှိတာကို တွေ့ရတဲ့အတွက် ဝမ်းသာတယ်။ အမှတ်တရက ကိုနိုင်(ကျော်ရဲ အောင်)နဲ့ ကျွန်တော်တို့နှစ်ယောက် ရိုက်ကွင်းမှာကို ရန်ဖြစ်နေတာ။ ဇာတ်လမ်းကလည်း ရန်ဖြစ်ရမယ့် ဇာတ်လမ်းဆိုတော့ အပြင်မှာလည်း သူနဲ့ ကျွန်တော် ရန်ဖြစ်နေရတာ။ ရိုက်တဲ့အချိန်မှာလည်း တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်ပြောပြီး ညီညွှတ်တဲ့စိတ်နဲ့ ရိုက်ကူးကြတယ်။ ဒီဇာတ်ကားကို ကြည့်ကြတဲ့အခါမှာ သိမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေတာ တွေကအပြင်က အတိုင်းပဲ” လို့ လွင်မိုးက ပြောပါတယ်။ လွင်မိုးတို့ Paradise အနေနဲ့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ရုပ်ရှင်ရုံတွေ ဆက်တိုက် ဖွင့်လှစ်နေပြီး အခုလမှာတော့ သထုံ၊ ကျောက် ပန်းတောင်း၊ ရွှေဘိုမြို့တို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“ဒီလ ၃ရုံဖွင့်လှစ်ဖို့ မှန်းထားပါတယ်။ သထုံ၊ ကျောက်ပန်းတောင်း၊ ရွှေဘိုမှာ ဖွင့်လှစ်ဖို့ မှန်းထားပါတယ်။ ရွှေဘိုက နည်းနည်း နောက်ကျ မယ်။ ဝင်ငွေအခြေအနေတွေက ကောင်းပါတယ်။ သူတို့အတိုင်းအတာနဲ့ သူ ဝင်နေပါတယ်။ ကျွန်တော်လုပ်ချင်တာက တစ်နိုင်ငံလုံးအတိုင်း အတာ ဖြစ်လာမယ်ဆိုရင် ဇာတ်ကားတွေ၊ ဒါရိုက်တာတွေ၊ သရုပ် ဆောင်တွေ သူတို့တွေကဘယ်ဇာတ်ကားတွေ ဘယ်နှစ်မှာ ရိုက်ကူး ခဲ့တဲ့အချိန်မှာ ဝင်ငွေ ဏနမခနညအေါန ဘယ်လောက်ရခဲ့တယ်။ အဲဒီလို ရခဲ့တဲ့အချိန်မှာ ဇာတ်လမ်းကြောင့်လား၊ မင်းသားကြောင့်လား၊ ဒါရိုက် တာကြောင့်လား၊ အဲဒါတွေကအစ အကုန်လုံး ဖော်ပြပေးလို့ရပါတယ်”လို့ လွင်မိုးက ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*