ဒွေးရေးဆွဲခဲ့သော ပန်းချီကားနဲ့ အဝတ်အစားများကို လေလံတင် ရောင်းချကာ အလှူပြုလုပ်သွားမယ့် မိုးမိုး

ဒွေးရေးဆွဲခဲ့သော ပန်းချီကားနဲ့ အဝတ်အစားများကို လေလံတင် ရောင်းချကာ အလှူပြုလုပ်သွားမယ့် မိုးမိုး
July 11, 2017 Asian Fame

D-5ဇူလိုင် ၁၁ရက်နေ့ ဆိုရင် ပြည်သူချစ်တဲ့ နာမည်ကျော် အနုပညာရှင် အကယ်ဒမီ ဒွေးကွယ်လွန်တာ ၁ဝနှစ်ပြည့်ပြီ ဖြစ် ပါတယ်။   ဒွေး ကွယ်လွန်ခြင်း ၁ဝနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ဒွေးရဲ့အသုံး အဆောင်၊ အဝတ်အစား နဲ့ ပန်းချီ ကားတွေ ကို လေလံ ပစ်ကာ   ရောင်းချသွားမယ့် အမှတ်တရပွဲလေး တစ်ပွဲ ပြုလုပ်ဖို့ ဒွေးရဲ့ဇနီးဖြစ်သူ မိုးမိုးက စီစဉ်နေပါတယ်။

ဒွေးရဲ့အမှတ်တရပွဲလေး နဲ့ပတ်သက်ပြီး   မိုးမိုးက အခုလိုပြောပြခဲ့ပါတယ်။

“အစ်မက သူ့ရဲ့ပစ္စည်းလေးတွေ၊ သူကျန်ခဲ့တဲ့ အင်္ကျီလေးတွေ၊ ပန်းချီကားလေးတွေ၊ အမှတ်တရ ပစ္စည်းလေးတွေကို လှူပစ်မလို့   စဉ်းစားထားတာ။ လှူပစ်လိုက်လည်း သေသေချာချာ သိမ်းတဲ့ လူလက်ထဲ မရောက်သွားရင် အလကားပဲလေ။ အဲဒီတော့ ရောင်း ပြီးတော့မှ   ကိုယ့်ဘာသာ ကိုယ် သူလှူခဲ့တဲ့ ဘုရားတို့၊ ကျောင်းတို့ ကို သွားပြီး အစ်မ အသက်ရှင်နေ သရွေ့ထိ မပျက် စီးအောင် ပြုပြင် ပြီး   ထိန်းသိမ်းလို့ရအောင် လုပ်လိုက်မယ်။ ဒါဆိုရင် အမှတ်တရ ဖြစ်သွားမယ်။ တန်ဖိုးထားတဲ့လူ လက်ထဲလည်း ရောက်သွားမယ်။   ကိုယ့်နိုင်သလောက်လေး လုပ်မယ် စိတ်ကူးထားတာပဲလေ။ အိမ်မှာလည်း လူက တအားနည်းတယ်။ အစ်မကလည်း ဘယ်သူနဲ့မှ   အဆက် အသွယ်ကို မရှိတော့တာ။ ကိုယ်နိုင်သလောက် လုပ်ပြီး ဆွမ်းလေးကျွေးလိုက်မယ်။ ဒီပွဲလေးစီစဉ်ဖို့ တစ်နေရာရာမှာ တော့    စပွန်ဆာတောင်းမယ်ပေါ့။ အဲဒီအချိန်မှာပဲ ကံအားလျော်စွာနဲ့ Vitacap  က ကျော်ဇေယျက အစ်မ ဆီ ဖုန်းဆက်လာတယ်။ အစ်မနဲ့   ပွဲလေးတစ်ပွဲ လုပ်ချင်တယ်။ အစ်ကိုရဲ့ ပစ္စည်း ဈေးရောင်းပွဲလေး တဲ့။ အစ်မ စိတ်ကူးထားတာနဲ့ သူနဲ့ စကားမပြောဘဲ သွား တိုက်ဆိုင်တယ်   ဆိုတော့ အစ်မလည်း တအား ဝမ်းသာသွားတယ်။ အစ်မ တစ်ယောက် တည်းဆိုရင် လုပ်ရတာ တအားသေး တယ်။ သူတို့ အားလေးလည်း   ပါလာတော့ သူတို့ အတွက်လည်း အကျိုးရှိတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိတယ်။ ဒါပေမဲ့  အစ်မတို့ စီစဉ် ရတာ ရက်က   တအားကပ်သွားတယ်။ အစ်မတို့ စီစဉ်တဲ့အချိန်မှာ ဘယ်နေရာမှ ဇူလိုင် ၁၁ ရက် လုံးဝ မရဘူး။ သူတို့က Sakura Residence အပေါ်ထပ်ကို   ငှားတယ်။ သူကတော့ ခမ်းခမ်းနားနား လုပ်စေချင်တဲ့ သဘောပါ။ သူတို့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ အစ်မတို့ ကို ထမင်းကျွေးတဲ့   ပရိသတ်တွေက အောက်ခြေလူတန်း စားတွေ၊ အလယ်အလတ်တန်း လူတွေရယ်မှာပဲ တကယ် ရှိတာ။ အပေါ်ကလူ တွေမရှိဘူးလား ဆိုတော့   ရှိတယ်။ ဒီလိုပွဲကို လာနိုင်ချင်မှ လာနိုင်လိမ့်မယ်။ အောက်ခြေ လူတန်းစား ဆိုတာ နယ် ပရိသတ်က အစ်မတို့ အတွက် အမာခံပဲ။   အစ်မတို့လည်း နယ်ပရိသတ် ကပဲ တက်ရတာလေ။ ဗီဒီယိုရုံမှာမှ ဒီပရိသတ်က တောင်း ဆိုလို့ ဒွေးဆိုတာ ဖြစ်လာတာ ဆိုတော့   ဒီပရိသတ်ကို မေ့လို့မရဘူး။ သူတို့ကို အဓိကထားပြီး စဉ်းစားရမယ်။ အစ်မ Sakura Residence  ကို ကြိုက် တယ်။ ခမ်းခမ်းနားနား ဖြစ်တယ်။   မိုးလုံလေလုံ ဖြစ်တယ်။ ဒါပေမဲ့ အစ်မ မရွေးဘူး။ ဘာလို့လဲဆို သူတို့လာဖို့ မရဲဘူး။ ဒီလိုနေရာမျိုး ဆိုတာ လာနေကျ လူမှလေ။ ဒါအစ်မ   ခွဲခြားပြီး ပြောတာ မဟုတ်ဘူး။ တကယ့်ပရိသတ်ကို လိုချင်တာ။ ဒါကြောင့် လှည်းတန်း စင်တာနဲ့ Myanmar Gallery နဲ့ကိုရွေးတယ်။ ဒါပေမဲ့   ရက်မရဘူး။ စီစဉ်ရတဲ့ အချိန်မှာ အစ်မတို့က ပုံးတွေနဲ့ သိမ်း ထားတာလေ။ သိမ်းလိုက်တဲ့ ရည်ရွယ်ချက် က အစ်မသား ကြီးလာရင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့   ဘမညေိ ကောင်းကောင်းတွေကို သိမ်းထားလိုက်တာ။ သားက ကြီးလာတဲ့ အချိန်မှာ သူ့အဘလောက် အရပ်အမောင်းက အဲဒီလောက်   ဖြစ်မလာဘူး။ အဲဒါကြောင့် သိမ်းထား လည်း အစ်မ တစ်ယောက်တည်းရဲ့ လက်ထဲမှာပဲ ရှိနေပြီးတော့ လူတောင် သေရသေးတာပဲ၊   ဒါဆွေးသွားမှာပဲ ကျိန်းသေ တယ်။ တချို့ကလည်း အစ်မ အဲဒီလိုကြေညာလိုက်တဲ့ အချိန်မှာ နားလည်မှု လွဲကြတယ်။ မေ့သွားပြီ ပေါ့နော်။ တန်ဖိုး မထားတော့ ဘူးပေါ့။ အစ်မ တစ်ယောက်တည်း တန်ဖိုးထားလို့ မရဘူးလေ။ သူ့မှာ ပရိသတ် ရှိသေးတယ်။ သူတို့ရဲ့လက်ထဲကို   ထည့်ပေးရမှာ အစ်မရဲ့တာဝန်။ တစ်သက်လုံး သိမ်းထားလို့မှမရတာ။ ပန်းချီကားတွေက ၉ကားရှိတယ်။ ဒီ ၁ဝနှစ်လုံးလုံး မှာ   ဒီပန်းချီကားတွေ အကုန်လုံးကို အန်ကယ် ဦးမြတ်ခိုင်က သူ့ရဲ့ရုံးခန်းမှာ အဲကွန်းနဲ့ သေသေချာချာ ထားပေးထားတယ်။ အန်ကယ့်ကို   တအားကျေးဇူး တင်ပါတယ်။ အစ်မ မသိမ်းနိုင်တော့ဘူး။ ဒါလည်း ပရိသတ် နားလည်မှု လွဲနိုင်တယ်။ အစ်မ ကလေးတွေနဲ့ စင်ကာပူ   ကိုထွက် သွားတော့ အစ်မရဲ့အိမ်ကို သော့ခတ်ခဲ့ ရတယ်။ ဒီပန်းချီကားတွေ က ဖယောင်းနဲ့ ဆွဲတာဖြစ်တဲ့ အတွက် ရိုးရိုးသာမာန်   ပန်းချီ ကားတွေလို သိမ်းခဲ့လို့မရဘူး။ ပူရင် အရည်ပျော် သွားနိုင်တယ်။ တန်ဖိုးမဲ့ သွားနိုင်တယ်။ အန်ကယ် ဦးမြတ်ခိုင်က အကုန် သိမ်း   ပေးထားတယ်။ ဒီနေ့ထိ အန်ကယ့်ဆီမှာပဲ။ အန်ကယ့်ရဲ့ အကြံဥာဏ် လည်း တောင်းထားတယ်။ ဒီပန်းချီကားတွေ ကို လေလံ ပစ်မယ်။   ယူချင်တဲ့ သူငယ်ချင်းတွေကလည်း ရှိပြီး သား။ သူတို့ကိုတော့ အရင်ဆုံး ရွေးခိုင်းလိုက်တယ်။ ရောင်းပြီးသားပစ္စည်း သတ် သတ်   ထားထားတယ်။ ကျန်တာတွေကိုတော့ ဈေးနှုန်းလည်း ကပ်ထားတယ်။ လေလံတင်မယ်ပေါ့။ ပြီးရင် ဂျာကင်လေးတွေ ရှိတယ်။   အများကြီး လည်း မလုပ်ဘူး။ ၄ထည် ၅ထည် နည်းနည်း အကောင်းစားလေးတွေပဲ။ ကျန်တာတွေကိုတော့ လေလံမပစ်ဘူး။ ဒီလိုပဲ တန်းထိုး   ပြီးတော့ အကုန်လုံးဝယ်နိုင်တဲ့ ဈေးပေါ့။ ၅ထောင် ကနေ ၃သောင်း ကြားကပဲ အားလုံး ဝယ်နိုင်တဲ့ ဈေးနဲ့ရောင်းမယ်။ ဘမညေိ ပဲဖြစ်ဖြစ်၊   ဘာပဲဖြစ်ဖြစ် အားလုံးရဲ့လက်ထဲကို ရောက်စေ ချင်လို့ပါ။ အဲဒီလိုလေးစဥ်းစားထားတယ်။ ရက်တော့ရွေ့ သွားတယ်။ နောက် အကျဆုံး   ဇူလိုင်လ ၂ဝ ဖြစ်ပါမယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ အစ်မအိမ်မှာ ဆွမ်းကျွေးမယ်။ အစ်မ လုပ်ရမှာတွေက တအား အချိန် ကပ်နေတယ်။   အစ်မရဲ့ မောင် ဆုံးသွားတာလည်း ဇူလိုင်လ ၁ဝ ရက်နေ့ကျရင် ၁လပြည့်မယ်။ အစ်မရဲ့ မွေးနေ့ကလည်း ၁ဝ ရက်နေ့ပဲ။ ၁၁   ရက်နေ့ကိုတော့ဖြစ်အောင် လုပ်ချင်တယ်။ သူများက အစ်မမွေးနေ့ကို လုပ်တယ်လို့ နားလည် မှုလွဲမှာ စိုးတဲ့အတွက် မနှစ်က ဖြစ် ခဲ့ဖူးပြီးပြီ။   ဘုန်းကြီး ကျောင်းက ၁၁ ရက်နေ့ မရလို့ ၁ဝ ရက်နေ့ လုပ်လိုက်ရတယ်။ အစ်မ မွေးနေ့လုပ် ချင်တာနဲ့ ရောချတယ်ဆိုပြီး တချို့တွေက   မြင်ကြတယ်။ အဲဒါကြောင့် ဘုန်းကြီးကျောင်းမှာ နေရာမရတဲ့ အတွက် အစ်မ အိမ်မှာပဲ ဆွမ်းကပ်မယ်။ ပြီးရင် အစ်မတို့ လှိုင်သာယာ FMI   နားမှာ မပြည့်စုံတဲ့ ဘုန်းကြီး ကျောင်းရှိ တယ်။ အဲဒီကျောင်းအတွက် ဦးစားပေး ပြီး ဆွမ်းကပ်မယ်။ သင်္ကန်း လှူမယ်။ ဆေး တို့၊   ဆန်တို့လှူမယ်။ အဲဒါက ၁ဝ ရက် နေ့လှူမှာ ပါ”လို့ပြောပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*