သားဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ မထိခိုက်အောင် မိခင်တစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်သွားမယ် မယ်လိုဒီ

သားဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ မထိခိုက်အောင် မိခင်တစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်သွားမယ် မယ်လိုဒီ
July 4, 2017 Asian Fame

melodyသရုပ်ဆောင် မယ်လိုဒီက အိမ်ထောင်ကျပြီးတဲ့အချိန် မှစပြီး အနုပညာ အလုပ် တွေနဲ့ အဆက်ပြတ်ခဲ့ပြီး အခုအချိန်မှာတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး နေပါ တယ်။ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးတဲ့ အချိန်မှာလည်း ပရိသတ်တွေ ချစ်ခင် အားပေးတဲ့အတွက် ပိုပြီး ဝမ်းသာကြောင်း မယ်လိုဒီက ပြောပါတယ်။
” အမှန်အတိုင်းပြောရရင် မျိုးကို အခုလို အားပေးကြတဲ့ အတွက် ဝမ်းလည်း ဝမ်းသာဖြစ်တယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်။ ဇာတ်ကားတွေ ပြန်ရိုက်မယ် ပြောလိုက်၊ မရိုက်ဘူး ပြောလိုက်၊ ပြီး တော့မျိုးက ပြန်ရိုက်တယ်။ ပြန်ရိုက် လည်း ပရိသတ်တွေက မျိုးကို နားလည်ခွင့်လွှတ်တဲ့ စိတ်နဲ့ အားပေးတာကို ကျေးဇူးအများကြီး တင်ပါတယ်။ မျိုး အရင် ထက် ပိုပြီး ကြိုးစားထားပါတယ်။ ပြောင်းလဲသွားတာက မျိုးအိမ် ထောင်ကျသွားတယ်။ အသက်တွေကြီးလာတယ်။ အရင်ထက် လည်း ပိုတည်ငြိမ်လာပါတယ်” လို့ ပြောပါတယ်။
အသက် ၂နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ သားလေးသိဒ္ဓိ စစ်ကိုတော့ သူဖြစ်ချင်တာကိုပဲ မိခင်တစ်ယောက်အနေနဲ့ အ ကောင်းဆုံးပံ့ပိုးသွားမှာဖြစ်ကြောင်း မယ်လိုဒီကပြောပါတယ်။ ”သားကိုတော့ သူလုပ်ချင်တာကိုပဲ အကောင်းဆုံး ပံ့ပိုးပေးမှာ ပါ။ အကောင်းဆုံး လမ်းပြပေးမယ်။ ကျန်တာက စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ မထိခိုက်အောင် မိခင်တစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်သွား မယ်။ ကျန်တာကတော့ သူဖြစ်ချင်တာကိုပဲ ဦးစားပေးသွားမှာပါ”လို့ပြောပါ တယ်။ မယ်လိုဒီကနယ်တွေမှာ ဇာတ်ကားရိုက်ကူးတဲ့အခါမှာလည်း သားကို မခွဲနိုင်တဲ့အတွက် ဘယ်သွားသွား ခေါ်သွားကြောင်း ပြောပါတယ်။
”သားလေးကို မျိုး ဘယ်သွားသွားခေါ်သွားတယ်။ နယ်တွေမှာ ဇာတ်ကား ရိုက်ကူးရင်လည်း သားကို ခေါ်သွားတယ်။ သူနဲ့ တစ်စက္ကန့်လေးမှ မခွဲနိုင်ဘူး။ အဲဒါကြောင့် ဘယ်သွားသွားခေါ်သွားဖြစ်တယ်။ မိခင်တစ်ယောက်ဖြစ်လာ တော့ အရာရာကို စိတ်မချဘူး ဖြစ်နေတယ်” လို့ပြောပါတယ်။ မယ်လိုဒီက ဇွန်လ ၂၉ ရက်နေ့၊ ၃ဝရက်နေ့မှာ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပပြုလုပ်တဲ့ မြန်မာ အမျိုးသမီးရေးရာပွဲမှာလည်း ပါဝင်ရှိုးလျှောက်ခဲ့ကြောင်း သိရပါ တယ်။

full mld

တွယ်တာ၊ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*