ဆရာမ ဂျူးပြောပြတဲ့ စာရေးဆရာကောင်း တစ်ယောက် ဖြစ်ဖို့ဆိုရင်

ဆရာမ ဂျူးပြောပြတဲ့ စာရေးဆရာကောင်း တစ်ယောက် ဖြစ်ဖို့ဆိုရင်
July 3, 2017 Asian Fame
ဆရာမ ဂျူးပြောပြတဲ့ စာရေးဆရာကောင်း တစ်ယောက် ဖြစ်ဖို့ဆိုရင်

Jueငယ်စဉ်ကအစ လေးတန်းကျောင်းသူ ဘဝမှာတော့ ဝတ္ထုတွေ စတင် ဖတ်ရှုဖြစ်တာက နေစာရေးဆရာ ဖြစ်ချင်တဲ့ စိတ်ကူးကို အစပြုခဲ့ တယ်လို့ ဆိုလာသူကတော့ ဆရာမ ဂျူးပါ။ ငယ်စဉ် ဘဝကတည်းက စာအုပ်တွေ ဖတ်ရှုရင်း စာရေးချင်စိတ်တွေ ဒီဂရီမြင့်သ ထက် မြင့် လာချိန်မှာ ဂျူး ဆိုတဲ့ စာရေးဆရာမ ဘဝကို အစပြုဖို့ အကြောင်း ဖန်လာခဲ့ ပါတယ်။ အထက်တန်းအောင်လို့မန္တလေးဆေး တက္ကသိုလ် တက်ရောက် ပညာသင်ချိန်မှာ တော့ ၁၉၇၈ -၇၉ မန္တလေး ဆေးတက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းမှာ “ရာဇဝင်ထဲ မှာ မောင့်ကိုထားရစ်ခဲ့” ဆိုတဲ့ ဝတ္ထုတိုကို ဂျူးဆိုတဲ့ ကလောင် နာမည်နဲ့ စတင် ရေးသားခဲ့ပါတယ်။ ဂျူး ဆိုတဲ့ ကလောင်နာမည် ပေးဖြစ်တဲ့ အကြောင်းကိုတော့ ဆရာမဂျူးက အခုလို့ ပြောပါတယ်

“စာတွေဖတ်ရင်း ကနေ နှစ်တိုင်းနှစ်တိုင်း မှာ ကျွန်မရဲ့ စာရေးဆရာ ဖြစ်ချင်တဲ့ စိတ်က ပိုပိုပြီးတော့ ပြင်းပြလာပါတယ်။ ဒါပေမဲ့ တကယ်စာရေးဖြစ်တော့ ကျောင်းရောက်တဲ့ အခါမှ စာရေးဖြစ်ပါတယ်။ ကျွန်မတို့ ဆေး တက္ကသိုလ်က မဂ္ဂဇင်းဆိုတာ နှစ်စဉ်ထွက် ပါတယ်။ နှစ်စဉ်ထွက်တဲ့ အခါမှာ ကလောင် သွေးဖို့ အတွက် “ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့” ကို ရေးခဲ့တာပါ။ ရေးတဲ့အခါမာ ကျွန်မက ဇာတ်ကောင်ကို ယောက်ျားလေး နေရာကနေ ခံစားပြီးတော့ရေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးထူးခြားခြား ဖြစ်အောင် လို့ရယ်၊ ကျွန်မဘယ်သူလဲ ဆိုတာ မသိအောင်လို့ ကျွန်မ ကလောင်နာမည်ကို ဂျူးလို့ရွေးလိုက်တယ်။ ရွေးလိုက်တဲ့ အခါ မှာလည်းယောက်ျား၊ မိန်းမမကွဲအောင် ရွေး လိုက်တာပါ။ ယောက်ျား၊ မိန်းမကွဲရင် ကျွန်မ ရဲ့စာကို ယောက်ျားတွေက မဖတ်ဘူးလို့ အဲဒီ တုန်းက အတွေးပေါ့နော်။ ဂျူးဆိုတာ ယောက်ျား လည်း ဖြစ်နိုင်သလို၊ မိန်းမလည်း ဖြစ်နိုင်တယ် ဆိုပြီးရွေးလိုက်တာပါ” လို့ ဆရာမဂျူး က ပြောပြခဲ့ပါတယ်။

စာရေးဆရာကောင်း တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်ကို ဆရာမ ဂျူးကို မေးကြည့်ရာမှာ တော့

“စာရေးဆရာကောင်း တစ်ယောက် ဖြစ်ဖို့ လိုအပ်ချက် ကတော့ စာများများဖတ်ဖို့၊ ပြီးတော့ စာများများ ရေးဖို့နဲ့ သူများရေးတာက နေ အတုယူတတ်ဖို့ပေါ့။ စာဆိုတာက လည်း ဖတ်တိုင်းတော့ရတာမဟုတ်ပါဘူးလေ။ ဖတ် တတ် ဖို့လည်း လိုတာပေါ့။ စာဖတ်ခြင်းရဲ့ အနု ပညာရှိသလို စာရေးခြင်းအနုပညာဆိုတာ ရှိတယ်။ အဲဒီကနေခွဲခြမ်းစိတ်ဖြာပြီးတော့ ပေါ့။ သူတို့တွေ ဘယ်လိုရေးထားတယ်။ ကိုယ့် ကျရင် ဘယ်လိုရေးမယ်ဆိုတာက အမြဲ တမ်း တွေး နေရမှာ။ Creation  ဆိုတဲ့ဖန်တီး မှုပိုင်း လည်း လိုတာပေါ့”လို့ ဆရာမ ဂျူးက စာရေး ဆရာကောင်း တစ်ယောက်ဖြစ်ဖို့ အနေ အထား လိုအပ်ချက်ကို ပြောပြပါတယ်။

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*