အသက်အရွယ် ကြီးလာတဲ့ နောက်ပိုင်းမှာ ဘုရားတရားကို လက်ကိုင်ထားတယ် သရုပ်ဆောင် ကစ်ကစ်

အသက်အရွယ် ကြီးလာတဲ့ နောက်ပိုင်းမှာ ဘုရားတရားကို လက်ကိုင်ထားတယ် သရုပ်ဆောင် ကစ်ကစ်
June 28, 2017 Asian Fame

Kit-Kit-3

ဘုရားတရားရိပ်မှာ ခိုလှုံရတဲ့ အခါ ရုပ်စိတ် နှစ်ပါးစလုံး တည်ငြိမ် အေးချမ်းစေသလို ဘုရားတရား အလုပ်များ ကိုယ်တိုင် လုပ်ဖြစ်တဲ့ အခါ ဒါန ကုသိုလ်ပြုလုပ်ခြင်းကနေ ကြည်နူးစိတ်၊ သဒ္ဓါတရား စိတ်တို့ စိတ်နှလုံးသားထဲ ကိန်းအောင်း တည်ရှိကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစေတယ်လို့ ဆိုသူ ကတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ကစ်ကစ်ပဲ ဖြစ်ပါတယ်။ သုံးကြိမ်တိုင် ရိပ်သာဝင် သီလရှင် ဝတ်ခဲ့ရာမှ ကိုယ်တွေ့ ဘုရား တရား ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ကောင်းကျိုး ခံစားရပုံ အကြောင်း အပါအဝင် နေ့စဉ်နေ့တိုင်း ဗုဒ္ဓဘာသာဝင်တိုင်း နည်းတူ ဘုရားရှိခိုး ကန်တော့လေ့ ရှိပြီး မေတ္တသုတ်၊ ဂုဏ်တော်ကိုးပါး၊ သမ္ဗုဒ္ဓေ တို့ကို ရွတ် ဖတ်ပွား များ ဖြစ်ကြောင်း အပြင် အနန္တော အနန္တ ငါးပါးနဲ့ ခင်ပွန်းကြီး ဆယ်ပါးတို့ကို မမေ့မပြတ်ကျေးဇူး တရား သိမြင် ကန်တော့ခြင်း ကလည်း ကောင်းကျိုး များ ရရှိခံစားစေကြောင်း သရုပ် ဆောင် ကစ်ကစ်ရဲ့ ဘုရားတရား အလုပ် ယုံယုံကြည်ကြည် လူတိုင်း လုပ်ဆောင် သင့်ကြောင်း ဓမ္မအမြင် စကားသံများ ထပ်ဆင့် ကြည်ညို သဒ္ဓါတရားပွားများကာ သာဓုခေါ် ဆိုနိုင်ဖို့ မေးမြန်း ဖော်ပြ လိုက်ရပါ တယ်။

ဘုရားတရား အမြဲလက်ကိုင်ထား

အစ်မကတော့ ဗုဒ္ဓဘာသာ မြန် မာလူမျိုးတို့ရဲ့ နေစဉ်ဘုရားရှိခိုး ကန်တော့တဲ့ ပုံစံအတိုင်းပဲ နေ့တိုင်း ဘုရားရှိခိုးတယ်။ နံနက်တိုင်းပေါ့။ ဘုရားရှိခိုးပြီးရင် မေတ္တသုတ်ရွတ် တယ်။ ဂုဏ်တော်ကိုးပါး၊ သမ္ဗုန္ဓေကို အမြဲတမ်း ရွတ်ဖြစ်တယ်။ ဒါကလည်း ခေါင်းထဲမှာ သံမှိုစွဲသလို ဖြစ်နေပြီး ကိုယ်စောင့်ဂါထာလိုပါပဲ။ ပြီးရင် သတ္တဝါ အားလုံး အတွက်လည်း အမျှပေးပါတယ်။ အသက်အရွယ် ကြီးလာတဲ့ နောက်ပိုင်းမှာ ဘုရား၊ တရားကို လက်ကိုင်ထားတယ်။ အရင်ကတော့ ဆွမ်းတော်ကပ်ပြီးရင် သတ္တဝါတွေကို ပြန်ပြီး အစာကျွေး တယ်။ အခုတော့ အစာ မကျွေးတော့ဘဲ ဘုရားစင်က စွန့်ပြီးရင် ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး ဆိုပြီး ပြန်စားပါတယ်။ ဘုရားကုသလို ပါပဲ။ အစ်မပြန် ကျန်းမာလာတာကလည်း ဆေးကု တာအပြင် အားလုံး၊ အားလုံး သော ပုဂ္ဂိုလ်များရဲ့ ကူညီမှုကြောင့် ၊ ကျေးဇူး ကြောင့်ပါ။ ဒါကြောင့် အစ်မမှာ အားကိုးစရာ ဘုရား၊ တရား၊ အနန္တောအနန္တငါးပါးနဲ့ ခင်ပွန်းကြီး ဆယ်ပါးပဲရှိတယ်။ ဘုရား၊ တရားအမြဲ လက်ကိုင် ထားပြီး နေ့စဉ် လုပ်ဖြစ်ပါတယ်။

ရိပ်သာမှာ အလှူဒါနပြုခဲ့    

အစ်မတို့ ဒါရိုက်တာ ပြည်ဟိန်း သီဟနဲ့ “မဟာ့မဟာ လှယဉ်ကျေးမယ်” ရိုက်တုန်းက ပုပ္ပါးကို အစ်မရောက် ခဲ့တယ်။ ရွှေမန်ကျည်းတော ရိပ်သာ မှာ အစ်မတို့ တည်းခိုရတယ်။ အဲဒီရိပ် သာမှာလည်း ခုတင်မရှိဘူး။ နောက် ပြီး နွေရာသီဆိုရင် နေအရမ်း ပူတဲ့ အခါ ရေခဲရေ ခဏ ခဏ ဝယ်သောက် ရတယ်။ အဲဒီတော့ ရေခဲရေ ဝယ် သောက် ရမယ့် အတူတူ ဆိုပြီး အဲဒီ ရိပ်သာမှာ  Water Coolerတစ် လုံးလှူ တယ်။ နောက်ပြီး သံခုတင် ၂ ယောက် အိပ်တစ်လုံး၊ ခြင်ထောင်၊ ဖက်လုံးဒါလေးတွေ ကိုယ့်တစ်နိုင် လှူခဲ့တယ်။ ပုပ္ပါးက အပြန်ကျောက် ဆည်ရောက်တော့ မဟာရွှေသိမ် တော်ကြီး ဘုရားမှာလည်း ရွှေ သင်္ကန်းလှူပြီး ၇ရက်သား သမီးများ အတွက် ဆုတောင်း ကုသိုလ်ပြု ခဲ့ပါ တယ်။

သီလရှင်ဝတ်ဖြစ်တာ(၃)ကြိမ်မြောက်ခဲ့ပြီ    

အစ်မ သီလရှင်ဝတ်တာ ၃ ခေါက်ရှိပါပြီ။ နောက်ဆုံး တစ်ခေါက် တုန်းကလည်း ပုပ္ပါးက ရွှေမန်ကျည်း တော ရိပ်သာမှာ သီလရှင် ဝတ်ဖြစ် တာပါ။ စန္ဒာသီရိ ဘွဲ့နဲ့ပါ။ သီလရှင် ဝတ်ဖြစ်တာကတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ကျီးမနိုးရွာ ဇာတ်ဝင်ခန်းမှာ အစ်မက အကြွေး မပေးနိုင်တော့ ကိုလူမင်းက ဆံပင်ကို ဖြတ်ယူတဲ့ အခန်းရိုက် တယ်လေ။ အဲဒီ အတွက် ကတုံးတုံးရတယ်။ အဲဒါ နဲ့ပဲ ကတုံးတုံးထားတာ အလဟဿ မဖြစ်အောင်၊ အကျိုးရှိအောင် ဆိုပြီး သီလရှင် ဝတ်ဖြစ်ခဲ့တယ်။ ဝတ်တာ ရက်တော့ သိပ်မကြာလိုက်ပါဘူး။ ပုပ္ပါးလည်း ရောက် တုန်းရောက်ခိုက် ကုသိုလ် လည်း ရအောင် ကျန်းမာရေး လေး ကောင်းတုန်းဝတ်ဖြစ်ခဲ့တာပါ။ အစ်မ ဒီလိုကျန်းမာရေး ပြန်ကောင်း ပြီး အနုပညာ အလုပ်တွေ ပြန်လုပ် နိုင်တာကလည်း အဘက် ဘက်က ဆုတောင်းပေး၊ အားပေး ပေးကြတဲ့ ပရိသတ်တွေကြောင့်ပါ။ ပရိသတ် အားလုံးကိုလည်း ကျေးဇူး တင်သလို ဘုရားရှိခိုးတိုင်း လည်း ဆုတောင်းပေး ပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*