နတ်မျက်စိ၏မှတ်စုများ ၇

နတ်မျက်စိ၏မှတ်စုများ ၇
June 28, 2017 Asian Fame

qn

ယနေ့ နတ်သဘင်အစည်းအဝေးတွင် မကြာမီက ဖြစ်ပျက်ခဲ့သော စင်ကာပူနိုင်ငံမှ မြန်မာအိမ်အကူလုပ်သား မဇင်မာဦး၏ ကြေကွဲဖွယ်ဖြစ်ရပ်ကို အကြောင်းပြုပြီး ပြည်ပရောက် အိမ်အကူလုပ် သားများအတွက် ဘေးကင်းလုံခြုံရေးကို ဆွေးနွေးနေကြသည်။

” သေဆုံးသူဟာ တရားမဝင်သွား ရောက်လုပ်ကိုင်သူဖြစ်တဲ့အတွက် ကြုံလာသမျှ ဖြစ်ရပ်တွေရဲ့ ကောင်းမွေဆိုးမွေတွေကို သူကိုယ်တိုင်ပဲ တာဝန်ယူမှာ ဖြစ်ပါ တယ်” ဟု နတ်ကြီးတစ်ပါးက ဆိုသည်။ ထိုအခါ အခြားနတ်ကြီးတစ်ပါးက စားပွဲခုံကိုလက်သီးဖြင့် ထုကာ ..” သေနေတဲ့ အလောင်းကြီးက ဘာတာဝန်ယူနိုင်မှာတုံး။ Dead man tells no tales ဆိုတာ မကြားဖူးဘူးလား။ တကယ် တာဝန်ယူရမှာက တရားမဝင်စေလွှတ်တဲ့ အဖွဲ့အစည်းနဲ့ တရားမဝင်လက်ခံတဲ့ အဖွဲ့အစည်းတွေပဲ။ ဒင်း (သင်း) တို့ ဟာ ခေတ်သစ်မြေ ဝယ်ကျွန်စနစ်ကြီးကို ရှင်သန်ဖွံ့ဖြိုး အောင်လုပ်ရင်း ကြားပွဲစားနည်းနဲ့ ကိုယ်ကျိုးရှာနေကြတဲ့ ဝိသမလောဘ ပြိတ္တာကောင်တွေပဲ” ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

” စင်ကာပူနဲ့ ဟောင်ကောင်မှာ တရားမဝင် အိမ်အကူလုပ်သား လေးသောင်းလောက်ရှိတယ်လို့ သိရပါတယ်။ စွန့်လွှတ်စွန့်စားတဲ့ မြန်မာအိမ်အကူ အမျိုးသမီးတွေကို ချီးကျူးရမလိုတောင် ဖြစ်နေပြီ။ သူတို့က နိုင်ငံခြားငွေ ရှာပေးနိုင်ကြသကိုး” ဟု အခြား နတ်တစ်ပါးက ထပြောရာ ဝေဖန်ပြစ်တင်သံများ ပွက်ပွက်ညံသွားလေတော့သည်။ နတ်ခြေနင်း အချို့ပင် တဝီဝီပျံဝဲလာကြသည်။

“ဟေ့…ငွေဝယ်ကျွန်လုပ်ငန်းကို အားမပေးနဲ့ လကွ”
” ကိုယ့်မြန်မာအမျိုးသမီးတွေ တစ်ပါးနိုင်ငံမှာ တစ်ပါးနိုင်ငံသားတွေ ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေတာကို ထောက်ခံရသလားကွ။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်မှုမရှိတဲ့ ငတုံး”

နတ်မျက်စိသည် နတ်သဘင် အစည်းအဝေးမှ ကမောက်ကမ အယူအဆတွေကို နားထောင်ရင်း သက်ပြင်းချလိုက်သည်။ သစ်ပင်လှုပ်လို့ လေတိုက်တာ လား ..၊ လေတိုက်လို့ သစ်ပင်လှုပ်တာလား ..။ ပြဿနာက ဘဲဥအစ ရှာမရ ဖြစ်နေပြီ..ဟူး…။ အိမ်ဖော်ပဲခေါ်ခေါ်၊ အစေခံပဲ ခေါ်ခေါ်၊ အာယားမပဲခေါ်ခေါ်၊ အိမ်အကူလုပ်သားပဲခေါ်ခေါ် Domestic worker ဆိုတဲ့ အိမ်တွင်းမှု လုပ်သားလို့ပဲ ခေါ်ခေါ်၊ ပြည်ပမှာသွားအလုပ်လုပ်သလောက်တော့ ပြည်တွင်းမှာလုပ်ရင် မရနိုင်ဘူး။ အရှေ့အလယ်ပိုင်း ရေနံသူဌေးတွေဆီမှာ သွားအလုပ်လုပ်တဲ့ အိမ်ဖော် တွေဆိုရင် ပြည်တွင်းက ပါချီပါချဲ့မန်နေဂျာလစာကို လှည့်တောင်မကြည့်ဘူး။ (ဟင်း) ဒါပေမဲ့ တစ်ပါး ကျွန်၊ တစ်ပါးကျွန်..။ နိုင်ငံတော်အတွက် ပုံရိပ်မကောင်း ဘူး။ သခင်မျိုးဟေ့ တို့ဗမာလို့ြေ<ွကးကြော်ရမယ့်အစား အိမ်ဖော်မျိုးဟေ့ ရွှေမြန်မာလို့ြေ<ွကးကြော်ရမလို ဖြစ်သွားလိမ့်မယ်…။

နတ်မျက်စိသည် စိတ်နှလုံး သာယာခြင်းကင်းစွာဖြင့် ရွှေမြို့တော် ရန်ကုန်တစ်ခွင်မှာ ဟိုဟိုသည်သည် မျက်စိကစားကြည့်သည်။ လူမျိုးခြား စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်အကူ အမျိုးသမီးတွေ က မြန်မာမတွေချည်း။ ကြေးရတတ် လူမျိုးခြား အိမ် တွေမှာ ညှိုးညှိုးငယ်ငယ် ကုပ်ချောင်းချောင်း အိမ်ဖော် အလုပ်လုပ်နေကြရသူများမှာလည်း မြန်မာမများ။ လူမျိုးခြားပိုင် အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရှင် လူမျိုးခြား၏ ကျက်သရေမရှိသော ဝါကြင်ကြင် မျက် ခွက်ပြဲကြီးတွေကို မော်၍ပင် မကြည့်ဝံ့ကြဘဲ ချွေးဒီးဒီး ကျအောင် အလုပ်လုပ်နေကြရသူတွေမှာလည်း မျိုးသာကီနွယ်ရွှေ မြန်မာမကလေးများ။

” အင်း…ရှေးဆိုရိုးစကားကို ပြင်ပြီး မြင်းအုန်းခွံ၊ ကျွန်ဗမာ၊ မန်နေ ဂျာတရုတ်…လို့ခေါ်ရမလို ဖြစ်နေ သဟ…’ ဟု နတ်မျက်စိသည် အသက်ထွက်မတတ် ညည်းရှိုက် လိုက်ပြန်လေ၏။ မကြာမီ…နတ်မျက်စိသည် မြို့လယ်ကောင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စုဝေးထိုင်ကြရင်း အာပေါင်အာရင်း သန်နေကြသော စာပေယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် လူရွယ်တစ်စုကို တွေ့မြင်မိသည်။ လက်ဖက်ရည် ပန်းကန်လုံးထဲမှာ မုန်တိုင်းဆင် နေကြတဲ့ ဆန်ကုန် မြေလေးတွေ ဘာအတွက် လေကန် နေကြသလဲဆိုတာ အပျင်းပြေ နားထောင်ဦးမှ …’ဟုတွေးကာ နတ်မျက်စိသည် စကားဝိုင်းအနီးသို့ ရောက် ရှိသွားသည်။

” ခရစ်တော်မပေါ်မီ ဘီစီ ၅ဝဝဝ လောက်ကတည်းက ကျေးကျွန်ဆိုတာက ရှိနေခဲ့ပြီ။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်မှာလည်း အမျိုး ၄ ပါးဆိုတာ ရှိနေခဲ့ တယ်။ အနိမ့်ဆုံး အမျိုးက (ဒါသ) လို့ခေါ်တဲ့ ကျွန်ပဲ။ ရောမတို့ရဲ့ ရွှေခေတ်ဆိုတာကြီးကို ကျေးကျွန်တွေရဲ့ လုပ်အားနဲ့ တည်ဆောက်ခဲ့တာလို့တောင် တချို့ ပညာ ရှင်တွေက ယူဆကြတယ်’ ဟု ပိန်ညှောင်ညှောင် ငါး ဖောင်ရိုးခြောက်က ဆို၏။

” အိမ်ကျွန်နေရာမှာ အစားထိုးလိုက်တာက အစေခံ၊ လယ်ကျွန်နေရာမှာ အစားထိုးလိုက်တာက သူရင်းငှား။ ကျွန်ပိုင်ရှင်နဲ့ ငွေဝယ်ကျွန်နေရာမှာ အစား ဝင်လာတာက အလုပ် ရှင်နဲ့ အလုပ်သမား။ အလုပ်ရှင် က ရှေးကလို အလုပ်သမားကို ကြာပွတ်နဲ့ မရိုက်တော့ ပေမယ့် အကြံအဖန်၊ ငွေကြေးနဲ့ မလျော်သြဇာသုံးပြီး ထောင်သွင်းအကျဉ်းချလိုက်တာပဲ” ဟု လူဝကြီး တစ်ယောက်က ဝင်ပြောသည်။ “ဟာ…ဒါဆို ကမ္ဘာဦး ကျေးပိုင်၊ ကျွန်ပိုင် ခေတ်ကြီးက ခုခေတ်မှာ ဝတ်စုံသစ်တွေဝတ်ပြီး ကပြ အသုံး တော်ခံနေတာပေါ့နော်” ဟု လူဖလံကလေးတစ်ယောက် က ဝင်ပြောပြန်သည်။

” ဟေး…ဘယ်ခေတ်မဆို အုပ်စိုးသူနဲ့ အအုပ် စိုးခံဆိုတာရှိတယ်။ ရှေးကဘုရင်လို့ခေါ်တယ်။ ခု ခေတ်မှာ သမ္မတလို့ခေါ်တယ်။ ဘုရင်ကို သမုတိနတ်လို့ တောင် ရှေးကခေါ်တယ်။ ဂနÄဝင်တော်လှန်ရေး စာဆို ကြီး အချုပ်တန်းဆရာဖေက (သမုတိအတွက် ငဝက်က ဒဏ်ခံ) လို့ ရေးဖူးသမှုတ်လား၊ ဘုရင်ကောင်းစားဖို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေက အနစ်နာခံ လှုပ် ရှားရုန်းကန်ပေးရတယ် သမှုတ်လား၊ သူဌေးသြူ<ွကယ် ကြီးတွေ ဇိမ်ကျဖို့ လူလူချင်းဖြစ်ပါလျက် အိမ်ဖော် အစေခံတွေက ခါးကျိုးအောင် လုပ်ရသပေါ့ကွာ…၊ အခု…စင်ကာပူမှာ တိုက်ပေါ်က ခုန်ချတဲ့ ဇင်မာဦး ကတော့ ခါးကုန်းရုံသာမက ဇက်ပါကျိုးရတာပေါ့ ငါ့ လူတို့ရာ..” ဟု ပြောရင်း လူဝကြီးသည် တစ်စုံတစ်ရာ စိတ်ထိခိုက်သလို မျက်ရည်ဝဲလာသည်။

” ဒါဖြင့် ဒုတိယဇင်မာဦးတွေ ပေါ်မလာအောင် ဘယ်လိုလုပ် မတုံး” လူဖလံကလေးက မေးလိုက် ခြင်း ဖြစ်သည်။
” လွယ်ပါတယ်။ ပြည်ပအိမ်အကူလုပ်ငန်းတွေ ပိတ်လိုက်ပေါ့”၊ “ဟာ သူတို့ကြောင့် နိုင်ငံခြား ငွေရသကွ၊ ပိတ်လို့မဖြစ်ဘူး”
“ခင်ဗျားကြီးက ဗမာတွေ ကျွန်ဖြစ်အောင် အားပေးတဲ့ အမျိုးသား သစ္စာဖောက်ကြီးပဲ” အခြေအနေ တင်းမာလာသဖြင့် လက်ဖက်ရည် ပန်းကန်တွေ၊ ဓာတ်ဘူးတွေဖြင့် ကောက်ပေါက်ကြလျှင် မိမိကြားထဲက အချောင်ခံရမည်ကို စိုးရိမ်ကာ နတ်မျက်စိသည် လစ်ထွက်လာခဲ့တော့၏။ ရန်ကုန်မြို့လယ်ကောင် အထပ်မြင့် တိုက်တစ်လုံး ပေါ်မှာ မိန်းမကြီးတစ်ယောက် ပြူးပြူးပျာပျာ အော်ဟစ်နေသည်ကို နတ်မျက်စိတွေ့လိုက်ရပြန်သည်။ “လုပ်ကြပါဦးတော့…တိုက်ပေါ်က ခုန်ချသွား ပြီ။ အရပ်ကတို့ ရေ…ကယ်တော်မူကြပါဦး…” နတ်မျက်စိက မိန်းမကြီး လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ပြီး သူ့နဖူးသူ လက်ဝါးဖြင့်ရိုက်ကာ “အိုး..မိုင်ဂေါ့” ဟု ညည်းတွားလိုက်မိ၏။တိုက်ပေါ်ကနေ အခြားတိုက်ခေါင်မိုးပေါ်သို့ ခုန်ချ သွားသူကား ဝဝကစ်ကစ် ကြောင်ဖြူကြားကလေး တစ်ကောင်သာပါတကား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*