တစ်ကိုယ်တော်စီးရီးခွေ စီစဉ်နေပြီဖြစ်တဲ့ အိမ်မက်ဆုံရာ ရာသက်ပန် Season 2 ရဲ့ Winner ဒေးဗစ်လိုင်

တစ်ကိုယ်တော်စီးရီးခွေ စီစဉ်နေပြီဖြစ်တဲ့ အိမ်မက်ဆုံရာ ရာသက်ပန် Season 2 ရဲ့ Winner ဒေးဗစ်လိုင်
June 20, 2017 Asian Fame

David 2

အိမ်မက်ဆုံရာ ရာသက်ပန် Season 2 ရဲ့ Winner ဆုရှင် ဒေးဗစ်လိုင်က တေးစီးရီးထွက်ရှိဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။ သူအရမ်းကြိုက်တဲ့ သီချင်းအမျိုးအစားကို ပြင်ဆင်နေကြောင်းကို …

” သီချင်းအမျိုးအစားက Country Music မှာမှ ဒီဘက်ခေတ်ကို ရောက်တဲ့ Modern Country ကို လုပ်ထားပါတယ်။ ဒီအမျိုးအစားကို ကျွန်တော်တို့ နိုင်ငံမှာ သိပ်မလုပ်ဖြစ်ကြဘူး။ ဒါပေမဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ Music အမျိုးအစားပါ” လို့ ဒေးဗစ်လိုင်က ပြောပါတယ်။

ပြိုင်ပွဲမှာ Winner ရခဲ့တာကို ကာဗာယူပြီး အနုပညာလမ်းကြောင်းမှာ မသွားချင်ဘူးဆိုတဲ့ ဒေးဗစ်လိုင်က သူ ပြိုင်ပွဲဝင်ချိန်မှာ ကြိုးစားခဲ့ရကြောင်းကို အခုလို ပြန်လည်ပြောပြခဲ့ပါတယ်။

” ပြိုင်ပွဲမှာ Winner ရခဲ့တာကို ကာဗာယူပြီး အနုပညာလမ်းကြောင်းကို မသွားချင်ဘူး။ ဒီထက်ပိုလေးနက်တဲ့ ကြိုးစားမှုနဲ့ လုပ်သွားချင်တယ်။ ပြိုင်ပွဲဆိုတာ အရမ်းစိတ်လှုပ်ရှားရတဲ့ အရာတစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ရတယ်။ ပြိုင်ဆိုင်ခြင်းမှာ မေတ္တာလည်းရှိသလို အမုန်းတရားတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်တော်ပြိုင်တဲ့ အချိန် တုန်းက အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲ စဉ်းစားတယ်။ ကျွန်တော် Winner ရချင်တယ်။ ဒါကိုတော့ မငြင်းပါဘူး။ ဒါပေမဲ့ မရိုးသားတဲ့ နည်းနဲ့လည်း မကြိုးစားဘူး။ အရိုးသားဆုံး ကြိုးစားလို့ ရလာတဲ့ ရလဒ်က ကျွန်တော့်အတွက် ပျော်စရာအကောင်းဆုံးဖြစ်လာစေတယ်” လို့ ပြောပါတယ်။ ဒေးဗစ်လိုင်က သီချင်းခွေ စီစဉ်နေ တာ ၄ဝ ရာခိုင်နှုန်းလောက် ပြီးပြီဖြစ် ကြောင်းလည်း သိရပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*