အောက်တိုဘာလမှာ ပြန်လည် ရောက်ရှိလာမယ့် Super Junior

အောက်တိုဘာလမှာ ပြန်လည် ရောက်ရှိလာမယ့် Super Junior
June 14, 2017 Asian Fame

YmCMPGcStar News ရဲ့ သတင်းပေးချက် အရ Super Junior အဖွဲ့ဟာ အောက်တိုဘာ နောက်ဆုံးပတ် (သို့) နိုဝင်ဘာ ပထမ အပတ်လောက်မှာ ပရိသတ်ထံ သီချင်း အသစ်တွေနဲ့ ပြန်လည် ရောက်ရှိလာတော့မှာပါ။ သူတို့ရဲ့ ၁ဝ နှစ်မြောက် အယ်လ်ဘမ် ထွက်ရှိပြီးကတည်းက အသစ်ထပ်မံ မထွက်ရှိတာ အခုဆို ၂ နှစ်တောင် ရှိသွားပါပြီ။ အဖွဲ့ဝင်များဖြစ်တဲ့ Eunhyuk နဲ့ Donghae တို့နှစ်ယောက်ကလည်း ဇူလိုင်ဆို စစ်တပ်ထဲကနေ ပြန်လည်ရောက်ရှိ လာတော့မှာပါ။ မိန်းကလေး ပရိသတ်တွေ အသည်းစွဲ Siwon ကတော့ သြဂုတ်လမှာ စစ်တပ်ကနေ ပြန်လည်ရောက်ရှိတော့မယ် လို့ သိရပါတယ်။ အဖွဲ့ဝင် Kyuhyun ကတော့ စစ်တပ်ထဲမှာပဲ ကျန်ရှိနေသေးပြီး ဘယ်တော့ပြန်ထွက် လာမယ် ဆိုတာက တော့ မကြေညာထားပါဘူး။ အဖွဲ့ဝင်တွေ အားလုံးနီးပါး ပြန်စုံပြီ ဖြစ်တာကြောင့် Super Junior ရဲ့ သီချင်းအသစ် တွေကို မကြာမီ နားဆင်ခံစားနိုင် တော့မှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*