
“ကျွန်တော်ကတော့ နှစ်တိုင်း နှစ်တိုင်းသူ့ အတွက်ရည်စူးပြီး ဆွမ်းကပ်တယ်။ အကျိုးရှိမယ့် နေရာလေးတွေ လှူဖြစ်တယ်ပေါ့။ အရင်တုန်းက ဆယ်နှစ်ပြည့်မှာ သူနဲ့ကျွန်တော် တိုင်ပင်ပြီး လုပ်ဖို့ ရည်ရွယ်ခဲ့တာကို လုပ်ချင်တယ်။ ဒါပေမဲ့ အဲဒါကြီး က ကျွန်တော် တစ်ယောက်တည်း လုပ်ဖို့က သိပ်မ လွယ်ဘူး။ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်မှရ မယ်။ အဲဒါက ဘာလဲဆိုတော့ “စိမ်းလန်း သောဒွေး” ဆိုပြီး ကျွန်တော်တို့ သစ်ပင် စိုက်ကြမယ်ပေါ့။ တစ်တိုင်းပြည်လုံးမှာ ဘယ်နေရာ၊ ဘယ်ဒေသ ရယ်လို့ မဟုတ်ဘူး။ သစ်ပင်တွေ စိုက်ကြမယ်။ သစ်ပင်တွေ စိုက်လို့ရှိရင် နောင်တစ်ချိန်မှာဒါက ကျွန်တော်တို့တိုင်းပြည် အတွက် အကျိုးရှိမယ့် ကိစ္စ လေ။ အဲဒါက လည်း သူနဲ့ကျွန်တော် ခရီးသွားနေရင်း နဲ့ ရာသီဥတုပူတဲ့ ကြောင်းအရာကို အစွဲပြုပြီး သူပြောခဲ့တာပေါ့လေ။ “အရမ်းပူတယ်ကွာ။ အဲဒီ တော့ ငါအသက်ကြီးလာလို့ အချိန်တန်ရင် အနား ယူတဲ့ အချိန်ကျရင် သစ်ပင်တွေ စိုက်ကြ မယ်ဆိုပြီး သူပြောခဲ့တဲ့ စကားလေး၊ အဲဒီတုန်းက သူနာမည် လေးလည်းရွေးခဲ့တယ်။ “စိန်းလန်း သောဒွေး” ဆိုပြီးတော့လေ” လို့ဒါရိုက်တာစတီးလ် က ဒွေးနဲ့သူ အကောင်အထည် ဖော်ဖို့ ပြောဖြစ်ပုံကို ပြောပြ ခဲ့ပါတယ်။ သူ့အနေနဲ့လည်း အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကျပ်ဆယ်သိန်း သီးသန့် စုထားတာရှိပြီး ပူးပေါင်း လာသည့်အဖွဲ့အစည်း ရှိပါက လုပ်ချင်မိကြောင်း ပြောပါတယ်။