
အနုပညာအလုပ်ကို စလုပ်ဖြစ်ခဲ့တဲ့ အရွယ်…
အသက် ၃ နှစ်နဲ့ ၄ လ ကတည်းက အနုပညာ အလုပ်တွေ စလုပ်ခဲ့တယ်။ အဲဒါကလည်း မရည်ရွယ်ဘဲ လုပ်ဖြစ်သွားတယ်။ အဲဒီက နေ ဆက်မလုပ်ဖြစ်တော့ဘဲ ၆နှစ် အရွယ်လောက်တုန်း ကနေ ပြန်စလုပ်ပြီး အခုချိန်ထိ တောက်လျှောက်ဆို သလို ဖြစ်သွားတယ်။ ညီမက ငယ်ငယ်လေး ကတည်းက ဆော့ရင်တောင်မှ ရုပ်ရှင်ရိုက်တမ်း လိုဟာမျိုး ဆော့တယ်လို့ မေမေ တို့ပြောပြတယ်။ အဲဒီတော့ ငယ်ငယ်ကတည်းက ဝါသနာ ပါတယ်လို့ပဲ ပြောရမလားပေါ့နော်။ ကိုယ် ရိုက်ကူး ရတဲ့ ဇာတ်ကားတိုင်း ကိုလည်း သေချာလေး ရိုက်ကူးတယ်။ ကိုယ်တာဝန် ယူပြီး သားအလုပ် တစ်ခုကို လည်း တာဝန် အပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ အလုပ်အတူတူ လုပ်တဲ့သူတွေ အတွက် အနှောင့် အယှက်မဖြစ်အောင် ကိုယ့်ဘက်က အမှားမလုပ်မိအောင် ကြိုးစားတယ်။ ဘယ်ဇာတ်ကား မှာမဆို ညီမရဲ့ကာရိုက်တာ အတွက် တာဝန်ကျေအောင် ကြိုးစားရင်း၊ ကြိုးစားရင်းနဲ့ ညီမ အကယ်ဒမီ ရသွားတယ်လို့ ထင်တယ်။ အကယ်ဒမီ အတွက် ရည်မှန်းပြီးတော့ လုပ်တာတော့ မရှိပါဘူး။
ပရိသတ်တွေ လက်ခံရခက်မယ့်
ကာရိုက်တာတွေကို ရိုက်မပြချင်သေးဘူး…
ညီမက အနုပညာဆိုတာ ဘာမှန်း မသိခင်ကတည်းက လုပ်ဖြစ် ခဲ့တယ်။ ညီမ စလုပ်တုန်းကလည်း ငယ်သေးတယ်လေ။ ဒါတွေဘာမှ မသိသေးဘူး။ လုပ်ရင်း လုပ်ရင်းနဲ့ ကိုယ့်ရဲ့ဝါသနာ တစ်ခုလို ဖြစ်လာပြီးတော့ ဆက်လုပ်ဖြစ် တယ်။ အဲဒီတော့ ညီမက ညီမရဲ့ အလုပ်အပေါ် လိပ်ပြာလည်း သန့်တယ်။ ပြီးတော့ ငယ်ငယ်လေး ကတည်းက ပရိသတ် တွေရှေ့မှာပဲ ကြီးပြင်းလာ ခဲ့ရတော့ ညီမရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးက Official ဖြစ်ခဲ့တာဆိုတော့ ဘယ်အချိန်ပဲ ပြန်တွေးပြန်တွေး လိပ်ပြာသန့် တယ်။ ကျေလည်း ကျေနပ် တယ်။ အနုပညာ အပေါ် တအားကြီး မျှော်လင့်ထားတာ မျိုးတော့ သိပ်မရှိပါဘူး။ ရှေ့ဆက်လျှောက်မယ့် အနုပညာ အတွက်က ကျတော့လည်း ညီမကိုကမ်းလှမ်း မယ့် သူတွေ၊ ညီမကို ပံ့ပိုးပေးမယ့် ပရိသတ်တွေရှိရင် ဆက်လုပ်ဖြစ်မှာပါ။ အခု လောလောဆယ်တော့ ဇာတ် ကားရိုက်တွေ အရင်လောက် မလုပ်ဖြစ်သေး ဘူး။ အခုညီမရဲ့ အရွယ်က ဟိုမရောက်၊ သည်မ ရောက်အရွယ်ဖြစ်နေတယ်။ ညီမ အရွယ် နဲ့ လိုက်ဖက်တဲ့ ကာရိုက်တာ ကလည်း ရှားနေတယ်။ ညီမ အရွယ် မှာ သူများတွေ မင်းသမီးလုပ်နေတယ် ဆိုပေမယ့်လည်း ညီမကျတော့ ကလေးသရုပ်ဆောင် အနေနဲ့ ပရိသတ်ရဲ့ မျက်စိထဲမှာ အသားကျ နေတယ် ဆိုတော့ ပရိသတ်တွေ လက်ခံရခက်မယ့် ကာရိုက်တာတွေ ကို ညီမရိုက်မပြချင် သေးဘူး။ အဲဒါကြောင့် ဇာတ်ကား ရိုက်တာတွေတော့ မရိုက်ဖြစ်သေးဘူး။ အခုတော့ ကြော်ငြာတွေ၊ TVC တွေ ရိုက်ကူးတယ်။ မဂ္ဂဇင်းကာဗာတွေ ရိုက်ဖြစ်နေပါတယ်။
ပညာရေးမှာ ပင်ပန်းမှု၊ ခက်ခဲမှုရှိရင်လည်း
ဆုံးခန်းတိုင်အောင် လျှောက်မယ်…
ပညာရေးကတော့ ဆုံးခန်းတိုင်အောင် လျှောက်မှာပါ။ အခုပညာရေး လမ်းကြောင်းပေါ်ကို စလျှောက်နေပြီ ဆိုတော့ အဆုံးထိ လျှောက် မယ်။ အခု ညီမ MHR Management မှာ ABE Business Management တက်နေ တယ်။ ရန်ကုန် တက္ကသိုလ်မှာလည်း စိတ်ပညာနဲ့ တက်နေတယ်။ အဲဒီ တော့ ညီမက လမ်း၂လမ်း လျှောက် သလိုဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီ ၂ခု စလုံးက အပြန်အလှန် အသုံးချလို့လည်း ရတယ်။ ညီမအတွက်လည်း အကျိုးရှိမယ် ထင်လို့ လုပ်ဖြစ်နေပါတယ်။ ဒါတွေကိုလည်း မိဘတွေ တိုက်တွန်းလို့ မဟုတ်ဘူး။ ညီမကိုယ်တိုင် ဝါသနာပါလို့ တက်တာဖြစ်လို့ ပင်ပန်းမှု၊ ခက်ခဲ မှုရှိလည်း ဆုံးခန်းတိုင်အောင် လျှောက်သွားမှာပါ။
မြန်မာနိုင်ငံထဲ မှာပဲ ပညာရပ်တွေ ဆည်းပူးသွားမယ်…
ညီမက မြန်မာနိုင်ငံမှာပဲနေပြီး ပညာ ဆည်းပူးတာကို သဘောကျ တယ်။ ညီမက တစ်ဦးတည်းသော သမီးဖြစ်တာမို့ မိဘတွေကလည်း စိတ်မချဘူး။ မိဘတွေ နဲ့လည်း မခွဲချင်ဘူး။ အခုဆိုရင် တအားလည်း ပွင့်လင်းလာပြီ။ နည်း ပညာတွေက လည်း မြန်မာနိုင် ငံနဲ့ နိုင်ငံ တကာ နဲ့ ဆက်သွယ်မှု တွေကလည်း Open ဖြစ်လာပြီဆိုတော့ ဒီကနေပြီး ဟိုက တက္ကသိုလ် တွေကို တက်လို့ရနေပြီ။ ဟိုက ဒီပလိုမာတွေ ကိုလည်း ယူလို့ ရနေပြီ။ ဟိုကစာမေးပွဲကို ဖြေလို့ လည်း ရနေတာပဲဆိုတော့ ညီမကတော့ ပြည်တွင်း မှာနေပြီးတော့ ပညာရပ်တွေကို ဆည်းပူးမှာပါ။ နိုင်ငံခြားသွားဖို့တော့ စိတ်ကူးမရှိပါဘူး။ ပညာရေးနဲ့ အနု ပညာကို ငယ်ငယ်တုန်း ကအတိုင်းပဲ မျှတအောင် လုပ်ဆောင် သွားမှာပါ။
ဇင်မာနွယ်၊
ဓာတ်ပုံ-အောင်ဇော်မင်း