နတ်မျက်စိ၏ မှတ်စုများ

နတ်မျက်စိ၏ မှတ်စုများ
June 13, 2017 Asian Fame
နတ်မျက်စိ၏ မှတ်စုများ

qnick

နတ်မျက်စိသည် လူ့ဘုံ လောက အတွင်းရှိ အခြေခံ လူတန်းစားဆင်းရဲသားများမှသည်..ရေပေါ်ဆီ လူတန်းစားလူ့မလိုင်လွှာအထိ ခုနှစ်ရက်သားသမီးတွေ မည်သို့ မည်ပုံ စားသောက်နေထိုင်ကြသည်ကို အ ပျင်းပြေ လေ့လာကြည့်ရှုတတ်ပေသည်။ ဤသို့ လေ့လာကြည့်ရှုရာမှ လူသည်(စား၊ ဝတ်၊ နေ)ရေးဟူသော တို့တာဝန် အရေးသုံးပါးတွင် (စား ရေး)ကို ပထမဦးစားပေးကြကြောင်း တွေ့ရှိလာရ၏။

” ဟုတ်လေသပေါ့၊ ဟုတ်လေသပေါ့၊ ရုပ်ကို အာဟာရစောင့် ရှောက်၏လို့ ကျမ်းဂန်က အခိုင်အမာဆိုလာသကိုး” ဟုလည်း နတ်မျက်စိက လေးနက်စွာ ဆင်ခြင်နှလုံးသွင်းလိုက် ချေသေးသည်။ မနုဿလူသားတွေ မဆိုထားဘိ တိရစ္ဆာန်တွေ၊ ပိုးမွှားကပ်ပါးကောင် ကလေးတွေလည်း အစာစားမှ အ သက်ရှင်သတဲ့။ သစ်ပင်တွေတောင် အစာစားကြရတယ်လို့ ရုက္ခဗေဒ သိပ္ပံပညာရှင်တွေက ဆိုကြသေးတာ ကိုး။ ဂမ္ဘီရစာရေးဆရာတစ်ယောက် ကတော့ ဖုတ်ဝင်တစ္ဆေကောင်များကျ တော့ သင်္ချိုင်းကုန်းက အသေကောင် တွေရဲ့အင်္ဂါအစိတ်အပိုင်း အပုပ်အ သိုး အရိအရွဲတွေကို ရှာဖွေစား သောက်ကြသတဲ့။ အမယ်လေး … အန်ချင်လိုက်တာ။ ရွံစရာကြီး။ အဲဒီ ဂမ္ဘီရစာရေးဆရာ မသိဘဲနဲ့ ရုတ်တန်းရမ်းတုတ်တာပဲ ဖြစ်ရမယ်။”

နတ်မျက်စိသည် ကိုယ့်အတွေး နှင့်ကိုယ် အော့ချင်သလိုလို၊ အန်ချင်သလိုလို ဖြစ်သွားရာမှ “အင်းလေ လောကကြီးမှာ သတ္တဝါအမျိုးမျိုးအတွက် အစာအာဟာရအမျိုးမျိုးရှိနေ ကြတာ မဆန်းပါဘူး။ ခွေးတွေအ တွက် ဟိုဒင်းရှိနေသလိုပေါ့” ဟု ဆို ရင်း ပြုံးလိုက်မိသည်။ ဤသို့ဖြင့် နတ်မျက်စိသည် စိတ်ရှိသလောက် သိဒ္ဓိပေါက်စွာဖြင့် မဟာရန်ကုန် တစ်နေရာသို့ လှမ်း ကြည့်လိုက်၏။

” သြော်..ခွေးတွေ၊ြ<ွကက်တွေမှ အမှိုက်ပုံကို ရှာဖွေမွှေနှောက် အစားအသောက် ရှာကြတာ မဟုတ် လေဘူး။ လူတွေလည်း အမှိုက်ပုံကို ရတနာသိုက်အမှတ်နဲ့ တူးကြ၊ ဆွကြ၊ ထိုးကြ၊ ကော်ကြနဲ့ ရှာပုံတော်ဖွင့်နေကြသကိုး” ဟု နတ်မျက်စိက အသိအမြင်သစ်ကို ကျူးရင့်လိုက်လေသည်။ နတ်မျက်စိ မြင်ရသော အမှိုက်ပုံမှာ မြို့နယ်စည်ပင်သာယာ ဈေးကြီးတစ်ဈေးအနီးရှိ စွန့်ပစ် ပစ္စည်းအသစ်တွေ ပေါများရာ ဧရာ မ အမှိုက်ပုံကြီးဖြစ်၏။ ယင်ကောင်တို့၏ သုခကမ္ဘာဟုလည်း ခေါ်နိုင်၏။ ထို အမှိုက်ပုံကြီးမှာ လက်ဆွဲအိတ် တစ်လုံး၊ သံဆူးတပ် တုတ်တံကလေး တစ်ချောင်းဖြင့် ရှာဖွေမွှေနှောက် နေသူမှာ အသက် ၁ဝ နှစ်အရွယ် စုတ်ဖွားဖွား ပေတူးတူး ကောင်ကလေး တစ်ယောက်စ်ြလေသည်။

“ဟေ့…ကလေး ဘာရှာနေတာလဲကွ” အလွန်တရာ စပ်စုတတ်ပုံရ သော လူကြီးတစ်ယောက်က လမ်း ပေါ်မှာ လျှောက်သွားရင်း ကိုယ့်လမ်းကိုယ် မသွားဘဲ စပ်စုလိုက်၏။ “ရတနာရှာနေတာ ခင်ဗျ၊ ဟောဒီမှာ ရတနာ”ဟု ဆိုကာ ကောင်ကလေးက မည်းမည်းတူးတူး အာလူးပုပ်တစ်လုံးကို သံဆူးဖြင့် ထိုးကာ မြှောက်ပြသည်။”အာလူးပုပ်ကြီးပါကွာ။ ဘာလုပ်မှာတုန်း လွှင့်ပစ်လိုက်” ဟု ကို စပ်စုကြီးက အမိန့်ပေးသော်လည်း ကောင်းကလေးက အမှုမထား။ ” ညစ်ညစ်ပတ်ပတ်နဲ့မို့ လွှတ် ပစ်လိုက်စမ်းပါ ကောင်လေးရာ” ဟု ကိုစပ်စုကြီးက ထပ်အော်သောအခါ ကောင်ကလေးသည်စွာတီးစွာတာ အမူအရာဖြင့်…

” ခင်ဗျားကြီး ဘာနားလည်လို့လဲ။ ကုန်စုံဆိုင်တွေက လွှတ်ပစ်တဲ့ အာလူးသီးတိုင်း အပုပ်မဟုတ်ဘူး။ အပုပ်တွေကြားထဲမှာ အကောင်း တွေရော ပါလာတတ်တယ်။ အာ လူးအပုပ်ဆိုတာကလည်း တစ်လုံး လုံး ပုပ်နေတာ မဟုတ်ဘူး။ ကောင်းတဲ့ အပိုင်းတွေပါတယ်။ မကောင်းတဲ့ အပိုင်းကို လှီးထုတ်ပစ် လိုက်ရင် ကောင်းတဲ့အပိုင်း ကျန်တာ ပေါ့ဗျာ..” ဟု ကောင်လေးက လက်ချာရိုက်နေသည်။ ” အဲဒါတွေ မင်းတို့ အိမ်မှာ စား ကြမလို့လား။ ဗိုင်းရပ်စ်တွေ၊ ဘက်တီး ရီးယားတွေနဲ့ ရောဂါရပြီး ဒုက္ခတော့ ရောက်ကုန်ကြတော့မှာပါပဲကွာ” “ခင်ဗျားကြီး တော်တော်ပိန်းတာပဲ။ ဒီအာလူးတွေကို ကျုပ်တို့မစားဘူး။ ကစ္စနားဆိုတဲ့ ကုလားကြီးကို ပြန်ရောင်း တာဗျ။ ကုလားကြီးက ကောင်းတဲ့ အာ လူးအပိုင်းအစ ကလေးတွေကို စမူဆာထဲ ထည့်ကြော်လိုက်ကရော… စမူဆာကြော်ဖြစ်သွားတော့ ကောင်းမှ ကောင်း” ကောင်ကလေးက အာလူးပုပ် ဋီကာ ဖွင့်လိုက်စဉ် ကိုစပ်စုကြီးမှာ လမ်းဘေးတွင် တအော့အော့ ထိုးအန်နေသည်။ “ကစ္စနားကို ငါကောင်းကောင်း သိတာပေါ့ကွာ။ သူ့ဆီကနေ ငါက နေ့တိုင်း စမူဆာဝယ်စားနေတာ အဟီး ဝေါ့..အော့…အော့” ကောင်ကလေးက ကိုစပ်စုကြီးကို ဂရုမစိုက်တော့ဘဲ အမှိုက်ပုံထဲကို သံဆူး ဖြင့်ထိုးဆွမွှေနှောက်နေသည်။

” သြော်…မြန်မာနိုင်ငံမှာ Food Administration ခေါ်တဲ့ အစားအသောက်ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့အစည်းကြီး အထင်အရှားရှိပါလျက်ကယ်နဲ့ ရွှေမြန်မာ များဟာ အမှိုက်ပုံက အြ<ွကင်းအကျန် မှန်းမသိဘဲ ဆူလွယ် နပ်လွယ် စား သုံးဝါးမျိုနေကြရရှာပါကလား” ဟု နတ်မျက်စိတိုးတိုးတိတ်တိတ် ညည်း တွားမိသည်။သို့ဖြင့်..ကြေးရတတ် ခရိုနီ၊ ခရိုဝါသူဌေးကြီးများကော ဘယ်လို ဘယ်ပုံ စားသုံးနေထိုင်(ဇိမ်ခံ) နေကြပါသနည်း ဟု သိရအောင်နတ်မျက်စိက မြင်ကွင်းချန်နယ် Channel များကို တိုးချဲ့ဖြန့်ကြက်လိုက်လေသည်။

ရန်ကုန်မြို့တော် အပြင်ဘက် ဆင်ခြေဖုံးရပ်ကွက် တစ်နေရာတွင် “ကကြီးကန်စွန်းပင် ရေမှာရွှင်” ဆိုသော စာဆိုနှင့်အညီ ရေအိုင်ကြီး တစ်အိုင်ထဲမှာ စိမ်းမြစိုလန်းသော ကန်စွန်းခင်းကြီးတစ်ခင်းကို တွေ့ရ၏။ ရေအိုင်ကြီး၏ ကမ်းစပ်တစ်နေရာမှာတော့ “ကျူး” နေအိမ်အချို့မှ အသုံးပြုကြသည့် အိမ်သာသုံးလေးလုံး ကိုတွေ့ရ၏။ အိမ်သာရေ တံလျှောက်မှ ကျလာသမျှသည် ရေအိုင်ထဲ သို့ စီးဆင်းပျော် ဝင်နေကြသည်။ ” အော…ဗီတာမင်မျိုး စုံရရှိလို့ ကန်စွန်းတွေ ဒီ လောက်သန်စွမ်းစိမ်းစို နေကြတာကိုး”ဟု နတ်မျက်စိက ကြည်နူးအားရစွာ ရေရွတ်လိုက်သည်။ ထိုကန်စွန်းခင်းမှ ကန်စွန်းရွက်များ သွားရာလမ်း ကြောင်းကို နတ်မျက်စိက စိတ်ရှည် လက်ရှည် လိုက်ကြည့်ရာ အသေးစား ဟိုတယ်တစ်ခု၏ မီးဖိုခန်းမှာ လမ်းကြောင်းဆုံးသွားသည်ကို တွေ့ရသည်။

ကန်စွန်းရွက်များသည် မီးဖိုထဲတွင် ဘဝပြောင်းကာ “ကန်စွန်းပလိန်း” ခေါ် ကန်စွန်းရွက်ကြော်ဖြစ် သွားကြလေသည်။ ကန်စွန်းရွက်ကြော်ြေ<ွကပန်းကန်အပြန့်ကြီးသည် ငွေရွှင်သော စီးပွားရေးလုပ်ငန်းရှင် ကြီးသုံးဦး၏ ယမကာဝိုင်းသို့ ရောက်သွားသည်။ သူတို့လည်း ကန်စွန်းရွက်ကြော်ကို ဝီစကီနှင့် မြည်းကြ သည်။ “ကန်စွန်းပလိန်းကလေးက ချို လိုက်တာ ဆိမ့်နေတာပဲ” ဟု လူကြီး တစ်ဦးက ဆိုသည်။ “တော်တော်အနံ့မွှေးတဲ့ ကန်စွန်းပလိန်း” ဟု ဗိုက်ရွှဲကြီးတစ်ဦးက လှစ်ဟ ပြန်လေသည်။ “အနောတတ္တ နတ်ရေကန်မှာ ပေါက်တဲ့ ကန်စွန်းရွက်မှတ်ပါရဲ့ဗျာ” ဟု ထိပ်ပြောင်လူထွားကြီးက မြည်တမ်းပြန်သည်။ နတ်မျက်စိကား… တခွီခွီ ရယ်မောမိလေသည်။ သို့သော် သူ့ ရယ်သံကို ဘယ်သူကမျှ မကြား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*