စားရမှာ ကြောက်တယ်

စားရမှာ ကြောက်တယ်
June 13, 2017 Asian Fame
စားရမှာ ကြောက်တယ်

soe kyi phyu

ခုလက်ရှိအချိန် ပစ္စုပ္ပန်တည့်တည့်ကို ကြည့်မိတယ်။ ကမ္ဘာကြီးကို ခြုံပြီးကြည့်မိတာပါရှင်။ တစ်ကမ္ဘာ လုံးက ဆူပွက်နေတာပါပဲ။ ဘယ်သူမှ ငြိမ်းချမ်းတာကို မတွေ့ဘူး။ ကမ္ဘာကြီး မှာ အေးချမ်းတဲ့၊ အကျဉ်းထောင် တောင် မရှိတဲ့နိုင်ငံသေးလေး တချို့ တလေပဲရှိတယ်ဆိုရပါမယ်။ ဘယ်နိုင် ငံမှာ လူအုပ်ကြီးကို ကားနဲ့အသား လွတ်ဝင်တိုက်သွားတယ်ဆို တာကတစ်မျိုး၊ လူတွေတပြုံ ကြီးကို အကြောင်းမဲ့ သတ်ဖြတ် သွားတာ၊ ဖမ်းခေါ်သွားတာ၊ အို..စုံနေတာပါပဲလေ။ အခု မြန်မာနိုင်ငံထဲမှာလည်း မြင်နေ၊ ကြားနေရတာ စိတ်လုံခြုံမှု မရှိတာ အမှန်ပဲလို့ ဝန်ခံပါတယ်။ တစ်နေ့ တစ်နေ့ပေါင်းစုံကြားနေ၊ မြင် နေရလို့ပါရှင်။ ဘယ်မှာလဲ လူသား တွေအချင်းချင်းနွေး ထွေးမှုတွေ၊ စာနာမှု တွေ၊ လေးစားမှုတွေ။ ဒါပေမဲ့အခုချိန်မှာ ရေး ချင်တာက လူတွေက သတ္တဝါတွေကို စားနေကျ အမျိုးအစားကနေ အမျိုးအစား ချဲ့ထွင်အဆန်းတကြယ် စား သောက်နေတာတွေမြင်လို့ရေး သားချင်လာပါတယ်။ နှလုံးသားထဲက မသတီအောင်ဖြစ်မိသလို၊ စက်ဆုပ်ရွံရှာခြင်းလည်း ဖြစ်မိပါတယ်။ ဒါပေမဲ့ စားတဲ့သူတွေကလည်း နှစ် ခြိုက်စွာ စားသုံးကြသလို ရက်စက်သူ တွေကလည်း ရက်စက်ကြတာပါပဲ စာဖတ်သူ။ ဒါပေမဲ့ ဒါတွေဟာ သံသရာလည်နေသလို ကြောင်းကျိုးများ ဆက်နွှယ်နေကြလေရော့သလား တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက အခုယဉ်ကျေးပါတယ်ဆိုတဲ့ ခေတ်ကြီးမှာကို ကျောက်ခေတ်က လူတွေထက် ကြမ်းတမ်းရိုင်းစိုင်းကုန် ကြပြီလားလို့လေ စာဖတ်သူ။ အထူး သဖြင့် စားတဲ့ကိစ္စပေါ့နော်။ အစား အသောက်မှာ အစွမ်းကုန်ကြမ်းတမ်း ကုန်ပြီထင်တာပါပဲရှင်။ လူတွေဟာ စိတ်ဓာတ်တွေပိုပြီး ခက်ထန်ကြမ်း တမ်းလာသလို အစားအသောက်မှာ လည်း ကြမ်းတမ်းလာကြတာကို တွေ့မြင်ရလို့ပါရှင်။ အစားမက်တာနဲ့ အစားကြမ်းတာနဲ့လည်း မတူပါဘူး ရှင်။ ကျွန်မတို့လည်း သမားရိုးကျ အစားအသောက်တွေကို မက်မောတာပါပဲ။ ဒါပေမဲ့ အစားမကြမ်းရဲပါဘူး။ မြတ်စွာဘုရားရှင်က မြင်သား ကြားသားမစားသင့်ဘူး ပညတ်ခဲ့ပေမယ့် FB မှာ ကျွန်မတွေ့သမျှ အစား သမားတွေကတော့ စားသမျှကြောက်စရာတွေပါပဲရှင်။ ပံ့သကူသားဆိုရင် မလတ်ဆတ်တာလို့ တွေးတဲ့လူမျိုးတွေ အများကြီးရှိမယ်ထင်တာပါပဲလေ။ ငရဲဆိုတာမသိတဲ့သူတွေက ပိုဆိုးပါတယ်။

သူတစ်ပါးအသက်ကို သတ်ဖို့ ဝန်မလေးသူတွေလည်း များလာ သလို ခုခေတ်ကြီးမှာ အစားဆန်း ကြယ်တွေကိုလည်း မြင်တွေ့နေ ရပါ ပြီရှင်။ ကျွန်မတို့လည်း သူတော် ကောင်း မကြီးတွေလို့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်မတို့တွေမှာ ကိုယ်ချင်း စာတရားလက်ကိုင် ထားဖို့လိုပါမယ်။ ဘုရားစကားကို မြေဝယ်မကျ နား ထောင်သူများ ဖြစ်အောင် ကြိုးစားရ ပါမယ်။ ပြောသာပြောရပါတယ်။ ကျွန်မတို့တွေအားလုံး၊ မြတ်စွာဘုရား ရဲ့ အဆုံးအမအောက်မှာ တည်သူ အားလုံး အကုသိုလ်ကို ကြောက်ကြ တာများပါတယ်။ သေရင် အပယ်ငရဲရောက်မှာ လည်း ကြောက်ကြပါတယ်။ များသော အားဖြင့် သတ္တဝါတွေအပေါ် အကြင် နာတရားတော့ ထားရှိကြပါတယ် စာဖတ်သူ။ကျွန်မအခုတလော တချို့သော သူများ (နိုင်ငံတကာမှာ ပြောပါ တယ်)စားသောက်နေကြတာတွေကို FB ကနေ တစ်ဆင့်လေ့လာခွင့်ရခဲ့ပါတယ်။ ရင်တွေပန်းတွေ တုန်သလို၊ စိတ်တွေလည်းမကောင်းပါဘူး။ အသတ်ခံသတ္တဝါတွေ၊ အစားခံ သတ္တဝါတွေရဲ့ ဝဋ်ြေ<ွကးတွေကလည်း ကြီးလှပါတယ်။ အခုဒီစာရေးဖြစ် တာကလည်း နွားတစ်ကောင် ကို သတ်နေပုံ FB မှာ ကြည့်မိပြီး စိတ်ဆင်းရဲလွန်းလို့ပါ။ နွားကဘို့ကြီးတွေ နဲ့ နွားထီးကြီးပါ။ နွားကနွားအိုမဟုတ်ဘဲ ခိုင်း ကောင်းသေးတဲ့အရွယ်ပါရှင်။ အဲဒီ နွားကြီးကို သစ်ပင်မှာ ဆယ်ပေ လောက်ရှည်တဲ့ကြိုးနဲ့ မလွတ်နိုင် အောင် ချည်ထားပြီး နွားကလည်း ကြောက်တော့ သစ်ပင်ကို ပတ်ပြေး နေပါတယ်။ သတ်တဲ့သူတွေက လေး ငါးယောက်လောက်ရှိပါတယ်။ နွားက ပတ်ပြေးနေတော့ သူတို့ရှေ့ရောက်တာနဲ့ လည်ပင်းကို ဓားတွေနဲ့ခုတ်တာပါပဲ။

နွားခမျာ နာလည်းနာ၊ ကြောက် လည်းကြောက်ဆိုတော့ ဟိုဘက်ဒီ ဘက်ပြေးနေတာပါ။ တစ်ခေါက် မှာတော့ လူတစ်ယောက်က ဆတ်ခနဲ နွားခေါင်းကို အမိအရ ခုတ်ချလိုက်ပါ တယ်။ နွားခမျာ လည်ပင်းထက် ဝက်လောက် ပြတ်တာကို ဖင်ထိုင် မချဘဲ ပတ်ပြေးပါတယ်။ နောက် ဘိတ်ဆုံး ဝိုင်းခုတ်တော့မှ ဖြည်းဖြည်း ချင်း မြေပေါ်လဲကျသေသွားရှာပါ တယ်။ သတ်သူတွေကတော့ ပျော် ပျော်ပါးပါးပါပဲ။ ဘယ်နိုင်ငံလဲတော့ မမှတ်မိတော့ပါဘူးရှင်။

ဒါလောက်ကလေးအချိန်အတွင်း နွားသတ်ပွဲကို တင်တဲ့သူက လည်းတင်၊ ကြည့်တဲ့သူ တွေလည်း ကြည့်မိကြပါတယ်။ ကြည့်မိသူ တွေများသောအားဖြင့် ရင်တုန် မှာပါပဲ။ နွားသတ်သူတွေကတော့ ပျော်ပျော်ပါးပါး နွားကိုသတ်ပြီး ဖျက် ကြမယ်။ စားကြသောက်ကြမယ်။ မြင်သားကြားသားတင်မကဘူး။ ကိုယ်တိုင်သတ်တာဆိုတော့ ဘယ်လို များ စားဝင်သလဲမသိပါဘူးရှင်။ သူတို့အဖို့တော့လည်း ဒီတစ်ကောင် တည်း မဟုတ်လောက်ပါဘူး။ ဝဋ်ြေ<ွကးကို ယူသူနဲ့ပေးဆပ် သူတွေပါ ပဲလား။

တစ်လောက FB မှာ မြင်တာက တော့ အသည်းယားပြီး ကျွန်မထခုန်မိ တယ်။ စားပွဲပေါ်မှာပေါ့ရှင်။ ပန်း ကန်တစ်ခုတည်းမှာ ရေစိမ်ထားတဲ့ ရေဘဝဲ အရှင်လေးတွေကို ထည့်ထား တယ်။ ထိုင်နေတဲ့ တစ်ယောက်က ရေဘဝဲကို ဒီအတိုင်း အရှင် ပါးစပ်ထဲ လက်နဲ့ ကိုင်ပြီးထည့်တယ်။ ပြီးတော့ ဝါးစားတယ်။ စာဖတ်သူ စဉ်းစား ကြည့်ပါရှင်။ ရေဘဝဲဆိုတာ လက် တွေအများကြီး ရှိတယ်လေ။ သူ့လက်တွေက အကုန်လန်းလန်း၊ လန်းလန်း နဲ့ လှုပ်ရှားရစ်ပတ်နေတာ။ အဲဒါကို ပါးစပ်ထဲသွင်းတော့ ပါးစပ်ထဲ က ရေဘဝဲလက်တွေက အကုန် တွန့်လိမ်လှုပ်ရှား ပြီးပါးစပ် ဝန်းကျင်မှာ အမယ်လေး လေ တွန့်လိမ်နေကြတာများဆိုတာ။ စားတဲ့သူက အပြုံး မပျက်ဘဲ အဲဒီလက်တံ တွေကို ဆွဲပြီးပါးစပ်ထဲ သွင်းဝါးတယ်။ သူက ဒီဘက်က သွင်းရင် ဟိုဘက်လက်တံက ထွက်လာပြန်ရော။ အားလုံးကို အဲဒီပုဂ္ဂိုလ်က မရရအောင် ပါးစပ်ထဲ သွင်းဝါးစားပစ်တာပါပဲ။ တစ်ယောက်ကတော့ ရေဘဝဲကို ငရုတ်သီးဆော့စ်ထဲ နှစ်ပြီးမှပါးစပ်ထဲ ထည့်ပါတယ်။ ရေဘဝဲရဲ့ ဝဋ်ြေ<ွကးကလည်း မသေးလှပါဘူးစာဖတ် သူရှင်။ တစ်ခါများ ကိုရီးယားတွေ စုစားပွဲမှာ အလယ်ကအိုးကြီးထဲကို ရေဘဝဲအရှင်ကြီး တစ်ခါတည်းပစ်ထည့်လိုက်တာပဲ။ ရေဘဝဲခမျာ ပူလွန်းလို့ တွန့်လိမ်လှုပ်ရှား၊ ဝဋ်ြေ<ွကး တွေများလိုက်တာ။ ငြိမ်သွားတော့မှ မိန်းမတစ်ယောက်က ခြေလက်တွေကို ကတ်ကြေးနဲ့ဖြတ်ပြီးပေးတယ်။ တခြားသူတွေက ချဉ်စပ်ဆော့စ်တွေနဲ့ အားပါးတရစား၊ မြိန်ရေယှက်ရေပဲ လေ။ ကျွန်မတော့ ဘယ်နည်းနဲ့မှ ဒီလိုမြင်ကွင်းတွေကို ပါးစပ်ထဲမရွှေ့ နိုင်ပါဘူး စာဖတ်သူရှင်။

တစ်ခါလည်း တရုတ်ပြည်ဘက် ကဆိုင်မှာ ရောင်းတာတွေ့ရတယ်။ စားသုံးသူတွေကလည်း မနည်းမနော ဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်ပါပဲလေ။ မိန်းမတစ်ယောက်က ခြင်းထဲကြေ>ွမ တွေကို လက်အိတ်ရှည်နဲ့ နှိုက်ယူပြီး ရေနွေးအိုးကြီးထဲ ထည့်ပြီးအဖုံးအုပ် လိုက်တယ်။ြေ>ွမတွေလည်း တွန့်လိမ် ပြီး သေကြရှာတယ်။ အဲဒြီေ>ွမတွေ သေတော့ ဆွဲထုတ်ပြီး အသားတွေကို အရသာရှိအောင်ပြုပြင်ပြီး စွတ်ပြုတ် လုပ်ပေးတာတွေ့ရသလို စားသုံးသူ တွေကလည်း တရှူးရှူးတရှဲရှဲစားနေ ကြတာပါပဲလေ။

တစ်ခါလည်း ပယ်လယ်ထဲမှာ ရြေေ>ွမတွေကိုြေ>ွမဖမ်းသမားက လိုက်ဖမ်းနေတာ တွေ့တယ်။ ပြီး တော့ခြင်းထဲထည့်ပြီး ဆိုင်ကိုယူ သွားတယ်။ ဆိုင်ကိုလည်း ရောက်ရော တစ်ကောင်ပြီးတစ်ကောင် ခေါင်းကို သံချိတ်နဲ့ချိတ်ပြီး အရှင်လတ်လတ်ြေ>ွမရေခွံတွေကို အမြီးထိ ဆွဲချွတ် ပစ်လိုက်တာ ကျွန်မ ဆက်မကြည့် တော့ပါဘူး။ သြော်..မသတ်ခင်ြေ>ွမ သွေးကို အရက်နဲ့ရောပြီး ရောင်းသေး တာရှင့်။ အားရှိချင်တဲ့ ပုဂ္ဂိုလ်များ ကလည်း အားရပါးရ သောက်သုံးကြ ပါတယ် စာဖတ်သူ။

အခုမကြာခင်ရက်ပိုင်းကမှ င်္မြှာ တွေ့လိုက်တာကလည်း ဆိုးပါ တယ်ရှင်။ ခြင်းထဲမှာြ<ွကက်တွေ အပြည့်။ြ<ွကက်ဆိုတာက လယ်ြ<ွကက် တွေမဟုတ်ပါဘူး။ အိမ်ြ<ွကက်သေး သေးလေးတွေပါရှင်။ ယောက်ျား သုံးလေးယောက်မှာ တစ်ယောက်ကြ<ွကက်ခြင်းထဲကြ<ွကက်ကိုတစ်ကောင် ချင်း ဆွဲထုတ်ပါတယ်။ ပြီးရင်ဘေးက ရေနွေးအိုးပွက်ပွက်ဆူထဲကိုြ<ွကက် အမြီးကကိုင်ပြီး နှစ်တယ်။ အိုးပူ ထဲမှာ ထွန့်ထွန့်လူးပူနေတြဲ့<ွကက်ကို မသေမရှင်အချိန်မှာ ပစ်ချပေးပါ တယ်။ ကျန်တဲ့သူတွေက တစ်ယောက် တစ်ကောင်ဆွဲယူပြီး အမွေးပြောင် အောင် ဆွဲနုတ်ကြပါတယ်။ ဘေး တစ်ဖက်မှာက အမွေးနုတ်ပြီးသားြ<ွကက်သေတွေ မနည်းမနော ပုံထား ပါတယ်။

နောက်ပိုင်းဘယ်ပုံဘယ်နည်း စားကြလဲတော့မသိချင်တော့ပါဘူး ရှင်။ ကြော်စား၊ ချက်စား တစ်နည်း နည်းတော့ လုပ်ကြမှာပါပဲ။ သားစား ကြူးကြတာကိုးရှင်။ ကျွန်မတို့နိုင်ငံ ထဲမှာ ရိုက်တာမဟုတ်ဘူးဆိုတာ တော့ သူတို့ပြောတဲ့ စကားနားမလည် တဲ့အတွက် သေချာပါတယ်။ နှစ်စဉ်နှစ်တိုင်း ခွေးတွေ သောင်းနဲ့သိန်းနဲ့ချီပြီး စုဆောင်း သတ်ဖြတ်စားသောက်ကြတဲ့ ခွေး သားစားပွဲတော်ကို အိမ်နီးချင်းတိုင်း ပြည်ရဲ့နယ်တစ်ခုမှာ အမြဲကျင်းပသတဲ့လေ။ ခွေးတွေကိုအဲဒီ အချိန် မရောက်ခင်ကတည်းက ပွဲတော် ကျင်းပမယ့်နေရာကိုကြိုတင်စု ဆောင်းပို့ပေးကြရတာတဲ့။ ပွဲတော် ချိန်တွေမှာတော့ ဈေးတန်းတခွင် ချိတ်ဆွဲထားတဲ့ ခွေးသေကောင် အရေခွံချွတ်ပြီး သားတွေကို ရောင်း ကြဝယ်ကြ စားကြဖြစ်မှာပေါ့နော်။ ကျွန်မတို့တိုင်းပြည် မှာသာ ခွေးသား ကိုအဆန်းတကြယ် ဖြစ်နေကြတယ် ထင်ပါရဲ့ရှင်။ တကယ်တော့ခွေး အသားက ပူတယ်ဆိုသကိုး။

အေးလွန်းတဲ့တိုင်းပြည်နဲ့တော့ အဆင်ပြေ သလို ကြိုက်လည်း ကြိုက်ကြတယ်ထင်ပါရဲ့ရှင်။ ဒါပေမဲ့ အခု နောက်ဆုံး ကျွန်မကြားတဲ့သတင်းကတော့ ခွေးတွေ အတွက် မင်္ဂလာသတင်းပါပဲရှင်။ အဲဒီတိုင်းပြည်ကြီးမှာ ခွေးသားစားပွဲတော် မလုပ်ဖို့ပိတ်ပင်ပစ်လိုက်ပြီတဲ့ရှင်။ ဒီအသားစားတာကိုကြောက်တဲ့ ကျွန်မကတော့ ခွေးလေး တွေအတွက် ဝမ်းသာမိတာတစ်ခုပါပဲလေ။

လူတွေဟာ (တချို့ပေါ့လေ)သားစားကြူး တယ်ခေါ်ရ မလားပဲ။ သာမန်မိရိုးဖလာစားသောက်တဲ့ အစားအစာ ကနေ အဆန်းတကြယ်ကို ရှာဖွေစားချင်လာကြတာပါပဲ စာဖတ်သူရယ်။ ဆိုင်တစ်ဆိုင်မှာ ကျွန်မမြင်ဖူးတယ်။ မီး အရှိန်ပြင်းပြင်းနဲ့ ဆီပူအိုးကြီးဘေးမှာ ပန်းကန်လေးတွေနဲ့ ဖြူဖြူအကောင်ကြီးတွေ ထည့်ထားတယ်။ သူတို့ခေါ်တာ ကတော့ သင်ပေါင်းပိုးတဲ့။ အဲဒီတွန့် လိမ်တွန့်လိမ် အကောင်တွေကို စားမယ့်သူလာလို့ လက်ညှိုးထိုးလိုက်တာ နဲ့ ဆီပူထဲထည့်ကြော်ပြီးအပေါ်က အဖုံးအုပ်ထား လိုက် တယ်။ ပြီးရင်တော့ စားသုံးသူတွေက အားရပါးရအရသာ ရှိလွန်းလို့ဆိုပြီး စားကြတော့တာကိုး။

ပိုမပြောပါဘူးရှင်။ ဒီအကောင်တွေကို ထိရမှာ တောင် ကြောက်တာပါရှင်။ စားဖို့ဆိုတာက ဝေးရောပဲ။ ဆီပူထဲ ထည့်ကြော်တာ မြင်တော့လည်း သနားမိပါတယ်။ နည်းတဲ့ဝဋ်ြေ<ွကးပေပဲလားရှင်။ ဒါတောင် အစား အသောက်ရဲတင်းသူတွေက နွားနို့ထဲထည့်ပြီး အဝသောက် ခိုင်းပြီးမှ ကြော်စားတာ ပိုကောင်းတယ်ဆိုပဲလေ။ ဒုက္ခ၊ ဒုက္ခ။ ကျွန်မတို့ထားဝယ်မှာနေချိန် မောင်းမကန်မှာ ညအိပ်သွားနေကြပါတယ်။ အဲဒီအချိန်ပါလာတဲ့ ဦးလေး တစ်ယောက်က သောင်ပြင်မှာ စားစရာရှား ရှားပါးပါးတွေ့ လို့ ဝယ်လာတယ်ဆိုပြီးပြောတော့ ကျွန်မတို့လည်း စပ်စုပြီးကြည့်ကြတာပေါ့ရှင်။ ဦးလေးလက်ထဲက နှီးကြိုးနဲ့ ချည်လာတဲ့ အကောင်တွေတွေ့တော့ ကျွန်မလည်း ထပြေးတာပါပဲ။

” ဒီအကောင်တွေက “သဲပလုပ်” လို့ခေါ်တယ်။ သိပ်စားကောင်းတယ်”
“ကြောက်စရာကြီးဦးလေးရယ်”
“သဲပလုပ်တွေက သဲထဲမှာနေတာ။ သဲပဲစားတာ။ သိပ်သန့် ရှင်းတယ်လေ။ သူတို့တစ်ကိုယ်လုံး ခွဲကြည့်လိုက်၊ သဲတွေချည်းပဲ”

တီကောင်မှ တကယ့်တီကောင်အရှည်တွေကို တုတ်တစ်ချောင်းထိုးထည့်၊ အတွင်းအပြင်လှန်ပြီး ရေဆေးရင်း ဦးလေးက ရှင်းပြနေတာ။ ကြောက် ပေမယ့် ကျွန်မက စပ်စုတာပါပဲ။ အဲဒီအကောင် တွေကို ဓားနဲ့ဖြတ်ပြီး ကြော်ကျွေးပေမယ့် ဦးလေးလက်ရာကို ဘယ်သူမှမစားကြပါဘူး။ ကျွန်မတို့ မိသားစုရော၊ ဦးလေးရဲ့ဇနီးနဲ့ သမီးကလည်း မစားကြတော့ ဦးလေးတစ်ယောက်တည်း စားရတော့တယ်။

“သဲပလုပ်တွေကို ရေဆေးပြီး အရှင်လိုက် မျိုချရင်ဝမ်းအေးတယ်” ဦးလေးစကားနားထောင် ရင်း ကျောစိမ့်လိုက်တာမှလေ။ အခုအဲဒီလိုမျိုး ဆင် ဆင်အကောင်ပျော့ပျော့တွဲလောင်းဖြူဖြူတွေကို သစ်ခေါင်းသစ်ဆွေးတွေထဲက ရှာစားတဲ့ပုံတွေ FB ပေါ်မှာ ပေါ်လာပြန်ပါပြီ။ သူတို့လည်း အစိမ်းကို မျိုချလိုက်ကြတာပဲတဲ့။ စားရဲတဲ့သတ္တိရှိ သူတွေကိုလည်း ချီးမွမ်းရမလား၊ အံ့သြရမလားပါပဲ စာဖတ်သူရှင်။ ဒီလိုပါပဲလေ။ ကင်းမလက်မည်း ကောင်လေးတွေကို အရှင်ကြီး တံစို့ထိုးထားပြီး ဝယ်သူလာမှမီးကင်ရောင်းတာတွေ (ကျွန်မတို့ တိုင်းပြည်တော့မဟုတ်ပါဘူး)။ ပြီးတော့ မျောက်ဦးနှောက်ကိုမှ အရက်နဲ့မြည်းချင်သူတို့၊ ဂျီတို့၊ မျောက်တို့ရဲ့ချေးခါးဟင်းမှ လက်ဖက်ကလေးနဲ့တူပြီး ဆေးဖက်ဝင်တာတို့၊ ခွေးကိုသုံးရက်လောက်အစာငတ်ခံပြီးမှကောက်ညှင်းတွေအဝအပြဲကျွေးပြီးမှ ခွေးဗိုက်ထဲက “ခွေးကောက်ညှင်းအူတောင့်” ကို စားကြတာတွေ …။ ဝဋ်ြေ<ွကး တွေ၊ ငရဲတွေ၊ ကျွန်မမစားဖူးတဲ့ ကြောက်စရာအစာတွေ အများကြီး၊ အများကြီး ။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*