လည်ပင်း အဆီထုတ်ပြီး နောက်တစ်ကြိမ် ဗိုက်အဆီထုတ်ဖို့ ကိုရီးယားနိုင်ငံ ပြန်သွားဦးမယ့် ဆုပန်ထွာ

လည်ပင်း အဆီထုတ်ပြီး နောက်တစ်ကြိမ် ဗိုက်အဆီထုတ်ဖို့ ကိုရီးယားနိုင်ငံ ပြန်သွားဦးမယ့် ဆုပန်ထွာ
June 12, 2017 Asian Fame
လည်ပင်း အဆီထုတ်ပြီး နောက်တစ်ကြိမ် ဗိုက်အဆီထုတ်ဖို့ ကိုရီးယားနိုင်ငံ ပြန်သွားဦးမယ့် ဆုပန်ထွာ

Su-Pan-Htwarကိုရီးယားနိုင်ငံကို မေလလယ် လောက်က သွားရောက်ခဲ့ပြီး လည်ပင်း အဆီထုတ်ခြင်းနဲ့ နှာခေါင်း ခွဲစိတ်ပြုပြင် မှုများကို လုပ်ဆောင် ခဲ့တဲ့ ဆုပန်ထွာက ဇွန်လ တစ်ရက် နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ခွဲစိတ်မှုအပြီး တစ်ပတ် အကြာ မှာတော့ ချုပ်ရိုး များ ကို ဖြေခဲ့ပြီး အခု အချိန်မှာတော့ ခွဲစိတ် ထားတဲ့ ဒဏ်ရာတွေက အသားမကျ သေးဘူးလို့ ဆိုပါတယ်။

“ပါးတွေလည်း ယောင်ကိုင်းနေ သေးတယ်။ နှာခေါင်း ဆိုလည်းယောင် ပြီးကြီးနေသေးတယ်။ ပုံမှန်မဟုတ် သေးဘူး။ သိပ်ပြီး ထိလို့လည်း မရ သေးဘူး။ အရောင်ကျပြီ ဆိုမှအဆင် ပြေမှာ။ အခုတော့ ယောင်ကိုင်းနေ တာ ပေါ့နော်။ ယောင် တာပဲရှိတယ် မနာတော့ ဘူး။ ဆေး လည်းသောက် စရာ မလိုဘူးပြော လို့ အခုဆေးလည်း မသောက်ရဘူး။ ခွဲစိတ်ပြီး တစ်ပတ် အကြာမှာ ချုပ်ရိုးဖြေတုန်း ကတော့ ဆေးသောက် ရတယ်။ အခု မြန်မာ ပြည်ပြန်လာတော့ ဒီလို နာနေတာကို ကြောက်တာပေါ့နော်။ အဲဒီတော့ အစ်မက ဆေးပေး ပါဆိုတော့ ဆေး သောက်စရာမလိုဘူး ဆိုလို့ ဆေး မပေးလိုက်ဘူး။ လည်ပင်း အဆီတွေ များလို့ထုတ်လိုက်တယ်။ အဲ့ဒီမှာ တော့ Neck Lift လို့ခေါ်တယ်။လည်ပင်း အဆီထုတ်တုန်းက အသား တွဲကျနေတာကို တင်းသွား အောင် နားရွက်ရှေ့ ကနေ နောက်နား လေး ထိချုပ်ထားတဲ့ ချုပ်ရိုး လေးရှိ တယ်။ ချုပ်ရိုးကတော့ ဖြေပြီး သွား ပြီ။ မနေ့ကဆိုရင် အနာဖေးလေး တွေ တောင် ကွာသွားပြီ။ အားလုံး တော့ အဆင်ပြေပါတယ်။ နောက် ထပ်ပြန် ပြစရာလည်း မလိုဘူး” လို့ ဆုပန်ထွာ က ပြောပြပါတယ်။

ဒီခွဲစိတ်မှုများ အတွက် ဆေးရုံ မှာ ပြန်ပြစရာ မလိုပေမယ့် ဗိုက်အဆီ ထုတ်ဖို့ ကျန်ရှိနေသေးတာကြောင့် နောက်ထပ် ၆ လနဲ့ ၈ လ အကြာမှာ ကိုရီးယားနိုင်ငံက JW Plastic Surgery Medical Center ကို ထပ်မံ သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*