တော်လှန်ရေးကောင်စီခေတ်မှာ ၎

တော်လှန်ရေးကောင်စီခေတ်မှာ ၎
June 6, 2017 Asian Fame
တော်လှန်ရေးကောင်စီခေတ်မှာ ၎

All File

၁၉၆၅ ခုနှစ်တွင် ကျွန်တော် ပုသိမ်ကောလိပ်မှ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပြန်ပြောင်းရသည်။ ထိုနှစ်တွင် အလုပ်သမားကိုယ်စားလှယ်တော် ကြီးများကို တက္ကသိုလ်ဆရာ၊ ဆရာမ များက ကျွေးမွေးဧည့်ခံရသည့် အစီ အစဉ်မှာ ကျွန်တော်ပါဝင်ရခြင်းဖြစ် သည်။ မှတ်မှတ်ရရ နောက်ထပ်ပါဝင် ဆောင်ရွက်ရသည့် အလုပ်တစ်ခုက လူငယ်ရေးရာညကျောင်းမှာ စာသင် ပေးသည့် အလုပ်ဖြစ်သည်။ ထို အလုပ်ကိုတော့ ခိုင်း၍လုပ်ရခြင်း မဟုတ်ပါ။ ကိုယ်တိုင်က လုပ်ချင် သည့်အတွက် စိတ်ထက်သန်စွာ ဝင် လုပ်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရန်ကုန်မှာ မြို့ နယ်အလိုက် လူငယ့်ရေးရာ ည ကျောင်းများ ဖွင့်နေပါပြီ။ အလုပ်တစ်ဖက်နှင့် ဆယ်တန်းအောင်ဖို့ ကြိုးစားနေကြသော လူငယ်လူရွယ် များအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ပါသည်။ ကျွန်တော်နေ သော တောင်ဥက္ကလာပတွင် အ.ထ.က ၁ မှာ လူငယ်ရေးရာ ညကျောင်းဖွင့်နေကြောင်း သိရ သည်။ ဘွဲ့ရပြီးစ သူငယ်ချင်းတွေ ဝင်ပြီးလုပ်အားပေးနေကြသည်။ ဆယ်တန်းမအောင်သေးသော သူငယ်ချင်းတွေလည်း ကျောင်းပြန် တက်နေကြသည်။ ကျောင်းတက် နေသော သူငယ်ချင်းတစ်ယောက်က စိတ်ကြိုက်မြန်မာစာ ဘာသာရပ် အတွက် သင်မည့်ဆရာ မပြည့်စုံသေး ကြောင်းပြောသည့်အတွက် ကျွန် တော်စိတ်ဝင်စားသွားသည်။ ကျွန် တော်သင်ချင်ကြောင်း သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “ဟာ ခင်ဗျားလာသင်ရင် ကောင်းတာပေါ့ ဗျာ၊ ကျောင်းကို တစ်ရက်လာပြီး စုံစမ်းပါလား”ဟု အကြံပေးသည်။ ကျွန်တော်သွား စုံစမ်းတော့ သင် တန်းတာဝန်ခံ လူငယ့်ရေးရာမှူး ဦးအောင်စိုးက ဝမ်းသာအားရ ကြိုဆိုပြီး ကျွန်တော့်ကို ချက်ချင်း ဆရာခန့်လိုက်ပါသည်။ စိတ်ကြိုက် မြန်မာစာဥမ္မာဒန္တီပျို့သင်မည့်သူ မရှိသေးသည့်အတွက် ကျွန်တော် တာဝန်ယူလိုက်သည်။

ထိုနှစ်က လူငယ့်ရေးရာည ကျောင်းမှာ လုပ်အားပေးသည့် =စေတနာဆရာ+များကို ကားဖြင့် အကြိုအပို့လုပ်ပေးသည်။ ကျောင်း မှာ ကော်ဖီ၊ မုန့်တို့ဖြင့် ဧည့်ခံသည်။ ကျောင်းသားလည်း တော်တော် များသည်။ ဆရာလည်း တော်တော် များသည်။ စည်စည်ကားကား တက် တက်ြ<ွကြ<ွကရှိကြသည်။ ဦးအောင် စိုးက ကျောင်းစည်းကမ်းကို ကြပ် ကြပ်မတ်မတ်ကိုင်သည်။ ကျောင်း သားများ စိတ်ဝင်တစားသင်ယူ ဆည်းပူးကြသည်။ ထိုနှစ်က ဆရာ၊ ဆရာမများ လစာမယူကြပါ။ နောက် နှစ်တွေမှာတော့ လစာ ၁၂ဝ ကျပ်ရ သည်။ ထိုငွေက မနည်းလှပါ။ စာအုပ်ဖိုး၊ လက်ဖက်ရည်ဖိုးအတွက် လုံလောက်ပါသည်။

ကျွန်တော်က စိတ်ကြိုက်မြန်မာ စာတန်းခွဲတွေကိုလှည့်ပြီး ဥမ္မာဒန္တီ ပျို့ သင်ပေးသည်။ ကျောင်းသားတွေ က အလုပ်တစ်ဖက်နှင့်ကျောင်းတက် ရသူတွေများသည်။ တချို့ဆိုလျှင် အိမ်ထောင်ရှင်တွေ၊ အဖေတွေ၊ အမေတွေပင်ဖြစ်နေပါပြီ။ ရုံးတွေမှာ အရာရှိဖြစ်သူတွေ ဖြစ်နေပါပြီ။ ဆယ်တန်းအောင်ချင်သည့်ဆန္ဒဖြင့် ကြိုးကြိုးစားစား ကျောင်းတက်ကြ သည်။ ဆရာ၊ ဆရာမတွေက ဘွဲ့ရပြီးစ လူငယ်တွေများသည်။ တက်တက်ြ<ွကြ<ွကရှိသည်။ စာသင်ဖို့လောဘကြီး သည်။ စနေ၊ တနင်္ဂနွေမှာ နေ့ခင်း ဘက် အချိန်ပိုခေါ်ပြီး သင်သေး သည်။ ငွေကြေးအတွက်မဟုတ်ဘဲ စာသင်ချင်စိတ်ဖြင့် ဝါသနာအရ ထက်ထက်သန်သန် သင်ကြသူများ ဖြစ်သည်။ ကျောင်းသူ၊ ကျောင်းသား တွေနှင့် ခင်မင်ရင်းနှီးကြသည်။ ကျွန် တော်က နောက်ပိုင်းကျတော့ ဥမ္မာ ဒန္တီပျို့သာမကတော့ဘဲ ကဗျာဖွဲ့ နည်းလည်း သင်ပေးရသည်။ ပင် ရင်းမြန်မာစာ ဦးပုညဝတÄုလေးပုဒ် လည်း သင်ပေးရသည်။

ပထမဆုံးနှစ်တွင် သင်ကြားပေး သူတွေထဲမှာ စာရေးဆရာကြီး ဦးသော်ဇင်လည်းပါသည်။ ထိုနှစ် တွင် ကျောင်းအလုပ်တွေကို ပတ်စာ ခွာ ဖျာသိမ်းကူညီလုပ်ကိုင်ပေးသူ များမှာ ဦးမြသိန်းနှင့် ဦးမင်းခေါင် ဦးတို့ဖြစ်သည်။ ဦးမြသိန်းက လမ်းစဉ်ပါတီ တာဝန်များကိုလည်း တက်တက်ြ<ွကြ<ွက ဆောင်ရွက်သည်။ ဦးမင်းခေါင်ဦးမှာ လမ်းစဉ်သတင်း အယ်ဒီတာအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ပြီး ရောဂါဝေဒနာဖြင့် ရုတ်တရက် ကွယ်လွန်သွားရှာသည်။ နောက်နှစ်တွေကျတော့ အကြို၊ အပို့အစီအစဉ်မရှိတော့ပါ။ ကျွန် တော့်မှာ ညနေဘက်၅နာရီ လောက် ကျောင်းကပြန်ရောက်သည်နှင့် ရေမိုးချိုး၊ ထမင်းစားပြီး ညနေ၆ နာရီအမီကျောင်းကို ဆိုက်ကားဖြင့် သွားသည့်အခါသွား၊ ခြေကျင် လျှောက်သည့်အခါ လျှောက်ရသည်။ ညကျောင်းမှာ စာသင်ပြီး အိမ်ပြန် ရောက်တော့ ည၉နာရီကျော်ပါပြီ။ ပင်ပန်းသော်လည်း ပျော်ပါသည်။

သုံးလေးနှစ်ကြာတော့ တောင် ဥက္ကလာပ ၁၃ရပ်ကွက်ထဲက အ.ထ.က ၃ မှာ လူငယ့်ရေးရာ ည ကျောင်းတစ်ကျောင်း ထပ်ဖွင့်သည်။ ကျွန်တော်က ထိုရပ်ကွက်မှာနေ သည်မို့ အိမ်နှင့်နီးသော ထိုကျောင်း သို့ ပြောင်းလိုက်သည်။ တစ်ရပ်ကွက် တည်းမှာ အတူနေသော ဦးမောင် မောင်ရီ (ညွှန်ချုပ် -ငြိမ်း)၊ ဦးမျိုးဝင်း (အထက်တန်းပြ-ငြိမ်း)၊ ဦးမင်းခေါင် ဦးတို့နှင့် သွားအတူလာအတူ ခင်မင် ရင်းနှီးကြသည်။ အ.ထ.က ၃ ညကျောင်းမှာ အတူတူစာသင်ကြ သည်။ ၁၉၇၃ ခုနှစ်တွင် ကျွန်တော် အိမ်ထောင်ကျ လက်ထပ်ပြီး ကမာ ရွတ်၊ လှည်းတန်းသို့ပြောင်းသွား သည့်အချိန်အထိ ၈နှစ်မျှ သင်ကြား ဖြစ်ခဲ့ပါသည်။ ညကျောင်းတက်သည့် တပည့်အများအပြား ဆယ်တန်း အောင်သွားကြပြီး တက္ကသိုလ်ဆက် တက်ကြသည်ကို မြင်ရတွေ့ရသည့် အတွက် ဝမ်းသာရပါသည်။

ပြန်စဉ်းစားကြည့်သောအခါ ပညာသင်လိုသောစိတ်ဖြင့် မိုးထဲလေ ထဲမှာ ပုဆိုးခါးတောင်းကျိုက်၊ ထဘီ တိုတိုဝတ်၍ ကျောင်းသို့လာကြပြီး စာသင်ခန်းထဲမှာ သွေးလာစုပ်သော ခြင်တွေကို တဖတ်ဖတ်ရိုက်ရင်း ဆရာတွေ သင်သမျှ ကြိုးစားနား ထောင်ရသော တပည့်များကို မြင် ယောင်လာပါသည်။ လူငယ့်ရေးရာ ညကျောင်းခေတ်မှာ ပညာဒါနပြု ခွင့်ကြုံရသည်ကို ဝမ်းသာပီတိဖြစ်မိ ပါသည်။

နောက်အမှတ်တရ တစ်ခုက တော့ နှစ်စဉ် “မေဒေး” နေ့မှာ ကျိုက္ကဆံကွင်းသို့ ချီတက်ရခြင်း ဖြစ်သည်။ အလုပ်သမားနေ့လူထုအစည်း အဝေးကို ကျိုက္ကဆံကွင်းမှာ နှစ်စဉ် ကျင်းပသည့်အတွက် ပါတီယူနစ် များက ဦးဆောင်ပြီး နှစ်စဉ်ချီတက် ရပါသည်။ ကျွန်တော်တို့နေထိုင် သော ကမာရွတ်လှည်းတန်းမှ ချီတက်လာသူများက ကမ္ဘာအေး ဘုရားလမ်း၊ ကုက္ကိုင်းနားက ဗဟန်း အ.ထ.က ၂ မှာ စုရပ်လုပ်ပြီး စုဝေးရသည်။ အချိန်ကျတော့ ထိုနေ ရာမှာ ကျိုက္ကဆံကွင်းသို့ ချီတက်ရ သည်။ နေ့ခင်းဘက် နေပူရှိန် အောက်မှာ ချွေးတလုံးလုံးနှင့် ချီ တက်ရသည်မှာ အလွန်ပင်ပန်းပါ သည်။ ထိုအစီအစဉ် စတင်စဉ်က ညဘက်မှာ ချီတက်ပြီး မနက်မိုးလင်း ချိန်တွင် ကျိုက္ကဆံကွင်းသို့ ရောက် သည်။
တစ်ခါတွင် ညဘက်ချီတက်သူ များ လမ်းဘေးမှာ ခေတ္တနားနေကြစဉ် အရှိန်ဖြင့် မောင်းလာသောကား တစ်စီးက ဝင်တိုက်မိသည့်အတွက် သေကျေဒဏ်ရာရကြသည်။ ဝင် တိုက်မိသူများလည်း အပြစ်ကြီး ကြီးရကြသည်။ ထိုနှစ်ကစ၍ နေ့ဘက်ချီတက်သည့် အစီအစဉ်ဖြစ် သွားသည်ဟု သိရသည်။ တစ်နေကုန် ပင်ပင်ပန်းပန်း ချီတက်လာပြီး ညနေ စောင်းတော့မှ ကျိုက္ကဆံကွင်းထဲ ရောက်သည်။ သို့သော် အစည်း အဝေးကျင်းပသော စင်မြင့်က အဝေးကြီးမှာရှိနေပြီး ချီတက်လာ သည့်၏ပရိသတ်အသံများ ဆူညံနေ သည့်အတွက် အခမ်းအနား ကျင်းပ သည့် အစီအစဉ်ကို တစ်ခါမှ ကောင်း ကောင်းမကြား လိုက်ရပါ။ အခမ်း အနားပြီးတော့ ထပြန်လာကြ သည်။ အပြန်ကျတော့ ကားတွေနှင့် လိုက်ပို့သည်။ ဤပုံစံအတိုင်း နှစ်စဉ်ချီ တက်ခဲ့ရသည်ကို သတိတရဖြစ်နေပါသည်။

ကျွန်တော်ဆောင်ရွက်ခဲ့ရ သော အလုပ်တစ်ခုကတော့ မြို့နယ် မြန်မာစာအဖွဲ့ ၂ဖွဲ့မှာ ပါဝင်ပြီး မြန်မာအဘိဓာန်အတွက် ဝေါဟာရ များ စုဆောင်းပေးရခြင်းဖြစ်သည်။ မြန်မာစာပေ ပြုစုရေးနှင့်ဘာသာ ပြန်ကော်မရှင် (မြန်မာစာအဖွဲ့)က မြန်မာအဘိဓာန်ပြုစုရန်အတွက် ဝေါ ဟာရများပေးပို့ရန် တောင်းခံခဲ့ရာ ထိုလုပ်ငန်းကို အထောက်အကူပြုရန် အတွက် မြို့နယ်ပါတီယူနစ်များက မြို့နယ်မြန်မာစာအဖွဲ့များဖွဲ့စည်း ပေးပြီး ထိုလုပ်ငန်းကို အကူအညီ ပေးခဲ့ပါသည်။ ကျွန်တော်က တောင်ဥက္ကလာပမှာ နေထိုင်သည့် အတွက်တောင်ဥက္ကလာပမြို့နယ် မြန်မာစာအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရသည်။ ဥက္ကဋ္ဌမှာ အောင်သန်းမန္တလေး (မောင်မောင် အောင်)ကလောင်အမည်ခံ ဦးအောင်သန်း ဖြစ်သည်။ အဖွဲ့ဝင် များထဲမှာ ဆရာ ဗန်းမော်တင်အောင်၊ ဆရာမင်းသူရိန် (ဦးညွန့်ဝေ)စသည့် စာရေးဆရာများ ပါသည်။ အထက် တန်းကျောင်းများမှ မြန်မာစာ ဆရာများလည်းပါသည်။ လစဉ် အစည်းအဝေးလုပ်ပြီး ဝေါဟာရများ ဆွေးနွေးကြသည်။

ကျွန်တော်တာဝန်ထမ်းဆောင် နေသော ပညာရေးတက္ကသိုလ်မှာ ကမာရွတ်မြို့နယ်ထဲတွင် ပါဝင်သည့် အတွက် ကမာရွတ်မြို့နယ် မြန်မာစာ အဖွဲ့ဖွဲ့စည်းရာတွင် ဒုတိယ ဗိုလ်မှူး ကြီးစံမြင့် (ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်)က ဥက္ကဋ္ဌ၊ ကျွန်တော် က အတွင်းရေးမှူးအဖြစ် တာဝန်ယူ ရသည်။ အဖွဲ့ဝင်များအဖြစ် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန၊ တက္က သိုလ်များ ဗဟိုစာကြည့်တိုက်၊ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတို့မှ ပုဂ္ဂိုလ်များနှင့် ကမာရွတ်မြို့နယ်ရှိ အ.ထ.ကများ မှ မြန်မာစာ ဆရာ၊ဆရာမများ ပါဝင်ပါသည်။ အဖွဲ့လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်ဆရာ ဦးဖိုးကျော်မြင့် (ကမာရွတ်မြို့နယ် ပါတီယူနစ်၊ အရန်ကော်မတီဝင်)က ဆော်သြကြီးကြပ်ပေးပါသည်။ ပါတီ ယူနစ်တွင် လစဉ်အစည်းအဝေးလုပ် ပြီး ဝေါဟာရများ စုဆောင်း၍ မြန်မာစာအဖွဲ့သို့ ပေးပို့ရသည်။ ဆရာ၊ ဆရာမများ အချင်းချင်း ပြောဆိုဆွေးနွေးရသည့်အတွက် အသိအမြင် ဗဟုသုတဖလှယ်ခွင့်ရ ပါသည်။ ဝေါဟာရအများအပြား လည်း စုဆောင်းပေးပို့နိုင်ခဲ့ပါသည်။ ၁၉၇၃ခုနှစ်တွင် ကျွန်တော်တောင် ဥက္ကလာပမှ ကမာရွတ်၊ လှည်းတန်း သို့ ပြောင်းလာသည့်အတွက် တောင်ဥက္ကလာပမြို့နယ် မြန်မာစာအဖွဲ့မှာ မဆောင်ရွက်နိုင်တော့ပါ။ ကမာရွတ် မြို့နယ် မြန်မာစာအဖွဲ့မှာတော့ အစအဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*