Heineken Beer
Heineken Beer

ပထမဆုံး ဇာတ်လမ်းတွဲ အတွက် တစ်လအချိန်ပေးထားတယ် မြင့်မြတ်

ပထမဆုံး ဇာတ်လမ်းတွဲ အတွက် တစ်လအချိန်ပေးထားတယ် မြင့်မြတ်
June 5, 2017 Asian Fame

Myint-Myat1မြန်မာဗီဒီယို ဇာတ်ကားတွေကို ပရိသတ်တွေ ကြည့်ရှုမှု နည်းပါးလာချိန်မှာ မြင့်မြတ်ရဲ့ ဗီဒီယို ဇာတ်ကားဖြစ်တဲ့ “ဗိုလ်အောင်ဒင် ချစ်သော မိန်းမ များ” ဇာတ်ကားက ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။ မြင့်မြတ်က ဒီဇာတ်ကားမှာ သူ့ရဲ့နဂိုအသံ မဟုတ်ဘဲ အသံပုံစံ တစ်မျိုး ပြောင်းလဲပြီး သရုပ်ဆောင် ခဲ့တာကြောင့် ပရိသတ်တွေ သဘောကျ ခဲ့ကြပါတယ်။ ဒီဇာတ်ကား အတွက် စိုးရိမ်ခဲ့ရတယ် ဆိုတဲ့ မြင့်မြတ်က “ကျွန် တော်ဝမ်းသာပါတယ်။ အရမ်းလည်း ကျေနပ်တယ်။ အမှန် တကယ် ပြောရရင် ဒီဇာတ်ကားကို အရမ်းစိုး ရိမ်တယ်။ အဲဒီအသံကို လက်ခံပါ့မလားပေါ့။ အသံ တစ်မျိုးပေါ့။ အသံလေး အသံကြောင်နဲ့ ဆိုတော့ ပရိသတ်လက် မခံမှာ အရမ်းကြောက်တယ်။ ဒါပေမဲ့ ရိုက်ပြီးမှ စိုးရိမ် တာပေါ့။ အရမ်းလည်း ပေါက်တယ်။ အောင်မြင် တယ် ကြိုက်တယ် ဆိုတော့ အရမ်းပျော်ပါတယ်။ ဇာတ်ကားအောင်မြင်တယ် ဆိုတာက အကြောင်းစုံ ကြောင့်ပါပဲ။ ကျွန်တော့်ရဲ့ သရုပ်ဆောင် မှု ဆိုတာ ထက် ကျွန်တော် တစ်ယောက်တည်း ကောင်းလို့ တစ်ကားလုံး မကောင်းပါဘူး။ ရိုက်ကူးတဲ့  ဒါရိုက် တာ၊ ပါဝင်တဲ့ သရုပ်ဆောင်တွေ တက်ညီ လက်ညီ ဝိုင်းပြီး ကြိုးစားကြလို့ ကျွန်တော်တို့ လုပ်ချင်တာ တွေလည်း ဒါရိုက်တာက လုပ်ခွင့်ပေးလို့ပရိသတ် အရမ်းကြိုက်ပြီးအောင်မြင်တာပါ”လို့ပြော ပါတယ်။

မြင့်မြတ်က Myanmar Media 7 နဲ့မင်္ဂလာရှိတဲ့ အရပ် ဇာတ်လမ်းတွဲကို ဇူလိုင်လမှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ ကတော့ သူ့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်း တွဲတစ်ခါမှ မရိုက်ဖူးတာကြောင့် အတွေ့အကြုံလို ချင်တဲ့ အတွက် ရိုက်ကူး တာ ဖြစ်ကြောင်း ပြောပါ တယ်။ “ဇာတ်လမ်းတွဲအတွက်က လောလောဆယ် တော့ တစ်လအချိန် ပေးထားတယ်။ အမှန်တကယ် ကတော့ ရိုက်ကူးရေးက တစ်လတော့ မကပါဘူး။ အရင်ဆုံး ကျွန်တော့် အခြမ်းတွေကိုပဲ အရင်ဖြတ် ပေးရမယ်ထင်ပါတယ်။ ချန်နယ်က ဘာပဲ ပြောပြော တစ်နိုင်ငံလုံးနီးပါး ကြည့် တယ်လေ။ အခု လောလောဆယ်က ဗီဒီယိုကလည်း သိပ် ပြီး အခြေအနေ မကောင်းဘူး။ အဲဒီတော့ပရိ သတ်တွေ အဆက်အသွယ်ပြတ်မှာလည်း စိုးရိမ်တယ်။ အဲဒါကြောင့်လည်း ရိုက်ဖြစ်တာ လည်းပါတာပေါ့။ အချစ်ဟာသ လို့လည်းပြော လို့ရတယ်” လို့ ဇာတ်လမ်းတွဲ ရိုက်ကူးမယ့် အကြောင်း ကို ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*