နတ်မျက်စိ၏ မှတ်စုများ

နတ်မျက်စိ၏ မှတ်စုများ
May 30, 2017 Asian Fame
နတ်မျက်စိ၏ မှတ်စုများ

qnnet

နတ်မျက်စိသည် ရံဖန်ရံခါ ရန်ကုန်မြို့တော်ကြီးကို ပျင်းမုန်းငြီးငွေ့၊ စိတ်ပျက်နွမ်းလျလာမိတတ်၏။ ကားများက ကျပ်၊ တိုက်တာအိုးအိမ်တွေက အြ>ွပတ်ြ>ွပတ် အညပ်ညပ် ဖြစ်နေရုံမျှမက ကားညှော်နံ့ တွေက တထောင်းထောင်း။ အချိန်မီ မသိမ်းဆည်းသော စည်ပင်အမှိုက်ပုံးကြီးတွေက ယင်တစ်လောင်းလောင်းနှင့်မို့ …

” သြော် စင်ကာပူထက်သာခဲ့တဲ့ ရန်ကုန်ဆိုတာ အတိတ်ကာလ နိုင်တီးဂွမ်တီးမှာ ကျန်ရစ်ခဲ့ပြီကော။ အင်း သင်္ခါရ …သင်္ခါရ… သင်္ခါရ” ဟု သံဝေဂအတွေး ဖြင့် ရင်မှာ လေးလံ မွန်း ကျပ်လာသည်။ သို့ရာတွင် ရန်ကုန်သူ၊ ရန်ကုန် သားများကို ကြည့်လိုက်ပြန်တော့ လည်း ဒင်း(သင်း)တို့မှာ နတ်ဘုံ နတ်နန်းက နတ်သမီး၊ နတ်သားတွေ လို ကျော့လို့ မော့လို့ကော့လို့ (ကလေးတွေ ပြောကြသလို) လန် ထွက်နေကြပေသကိုး။ ဒင်း(သင်း)တို့မှာ တောသူတောင်သားများလို ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ စမ်း ရေထွက်ပေါက်တွေမှာ ရေအဝမချိုး နိုင်ကြပေမယ့် ကိုယ်နံ့ ချွေးနံ့တွေကို ဖုံးကွယ်ဖို့ လက်နက် ကိရိယာတွေက အပြည့်အစုံ ရှိသလေ။ ပေါင်ဒါ၊ သနပ်ခါး၊ ရေမွှေး၊ မိတ်ကပ်တွေအပြင် Deodorant ဟု ခေါ်သော ကိုယ်နံ့ပျောက်ဆေး ဘော်ဒီစပရေးတွေက အမျိုးပေါင်းတစ်သောင်းမက ရှိနေကြသည်။ Body Spray ကို ပြည်တွင်းမှာ လုံးဝ (လုံးဝ)မထုတ်လုပ်နိုင်ကြသေး။ အိမ် နီးချင်းနိုင်ငံတွေဆီကနေ နိုင်ငံခြားငွေဖြင့် ဝယ်သုံးကြပေရော့။ ဝံသာနု စိတ်ဓာတ်သည် လုံးပါးပါးရာက ပျောက်ကွယ်မတတ်ပင်ရှိနေချေပြီ ကော။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ သည် ရှေးလူကြီးတွေပြောခဲ့ကြသလို ” အပေါ်ယံရွှေမှုန်ကြဲ၊ အတွင်းနောက်ကြေးခံ” တွေဖြစ်ကုန်ကြပြီလား။ “မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ သေးစီးကြောင်း” ဆိုတာမျိုးနဲ့ တူကုန်ကြပြီလား။ ကားညှော်နံ့၊ မြောင်းပုပ်နံ့၊ လမ်းဘေးက အကြော် ဆိုင်မှ ညှော်နံ့တို့ကို ငရို့ရွှေ ရန်ကုန် သူ၊ ရွှေရန်ကုန်သားတွေ နှာခေါင်းယဉ်ပါး၊ အရေထူကုန်ကြပြီလား။ ဆေးပညာစကားနဲ့ဆိုရင် ဆေးပြီးသလို immune ဖြစ်ကုန်ကြ ပြီလား။ အင်း ခက်ပ၊ ခက်ပ။ နိုင်ငံတော် ခေါင်းဆောင် အမျိုးသမီးကြီးက တစ်ခါသော် အမှိုက်ကောက်ပြခဲ့ပါ ၏။ နိုင်ငံသားတို့ကား အမှိုက်ပုံးထဲ သို့ ထည့်ရမည့်အမှိုက်ကို လမ်းပေါ် သို့ ပျော်ပျော်ကြီးပစ်နေကြတော့၏။ ” ကွမ်းတံထွေး ထွေးလျှင် ဒဏ်ငွေ ၁ဝဝဝဝကျပ်” ဆိုသော သတိပေး ဆိုင်းဘုတ်ကြီးကို ညအခါ ငမူးတွေက ကွမ်းသွေးထွေး ထွေးပစ်ခဲ့ကြ ကုန်သည်။ သြော် ခက်ပ၊ ခက်ပ။ သို့တပြီးကား၊ ကျွန်ုပ်တို့၏ နတ် မျက်စိသည် လေကောင်းလေသန့် ရှူ ရှိုက်ရန်၊ စိမ်းစိုသာယာသော ရှုခင်းများကို ငေးမောရန် မြို့တော်ပြင်ပသို့ ခြေညောင်းလက်ဆန့်ထွက်လာခဲ့ပေ တော့သည်။ ရန်ကုန်စည်ပင် နယ်နိ မိတ်မှ ထွက်လျှင် လှပခန့်ညားသော အဝေးပြေး လမ်းမကြီးဆီသို့ ရောက်လာသည်။ ကွန်ကရိလမ်းမကြီးကား ချောမွတ်သန့်ရှင်းပေစွ။ ဥဒဟို သွားလာနေကြသော ကားကြီး ကားငယ် အသွယ်သွယ်တို့ကား ကျက်သရေ ရှိပေစွ။ “အလို … ဟို ကုန်တင် ထရပ်ကားက မရိုးပါကလားကွယ့်” ဟု နတ်မျက်စိသည် အလန့်တကြား မြည်တမ်းလိုက်မိသည်။

နတ်မျက်စိသည် အထူးအာရုံခံ စွမ်းအင်ကိုရရှိထားသူဖြစ်ပေရာ တရုတ်နိုင်ငံထုတ် ၁၂ဘီးတပ် ကုန် တင် ထရပ်ကြီးကား၏ ကုန်တင်ခန်းမှ ရာထောင်ချီသော ဂေါ်ဖီ ထုပ်များဖြင့် ဖုံးကွယ်ထားသော ကုန်တင်ခန်း ကြမ်းပြင်မှ သံသေတ္တာကြီးများကိုလည်း ထင်ထင် ရှားရှားမြင်၏။ သံသေတ္တာကြီးများထဲမှ သေးငယ်သော အရာဝတ္ထု ထောင် ပေါင်းများစွာကိုလည်း ကွက်ကွက် ကွင်းကွင်းမြင်၏။ ထိုသေးငယ် လှသော အရာဝတÄုကလေးတစ်ခု ချင်းစီတွင် ရိုက်နှိပ်ထားသည့် WY ဆိုသော အမှတ်အသားကိုလည်း ရှင်းလင်းပီသစွာမြင်၏။

” အောင်မလေးလေး … တိုင်းပြည်ကို အနုနည်းနဲ့ ဖျက်ဆီးမယ့် ငရဲဗုံးသီးကလေးတွေပါကလားကွယ့်”ဟု နတ်မျက်စိသည် အော်ဟစ်မြည်တမ်းမိရှာလေသည်။ ” တယ်လည်း အသက်ပြင်းကြတဲ့ မူးယစ်ရာဇာတွေပါကလား။ တစ်ကောင်ြ<ွကသွားရင် နောက်တစ်ကောင်က ထလာပြန်ကရော။ ဒီဆေးပြားတွေအားလုံး၊ ရန်ကုန်မြို့ ထဲမှာ ပြန့်နှံ့သွားခဲ့ရင် လူငယ်လူ ရွယ်တော်တော်များများ သွတ်ချောင် ချောင်တွေဖြစ်ကုန်ကြရော့မယ်။ မလိုအားလပ်တဲ့ ပြဿနာတွေ ဖန်တီးကြရော့မယ်။ တိုင်းပြည်ရဲ့ အဖိုးတန်လုပ်အားတွေ ဆုံးရှုံးကုန် ရော့မယ်။ ကြာလာရင် လက်တင်အမေရိကနိုင်ငံ တချို့မှာလို မူးယစ် ဆေးဝါး တစ်ပွဲကလေးတွေ ဖြစ်လာကြရာက လမ်းတွေပေါ်မှာ အလောင်းတွေ တောင်ပုံယာပုံ ဖြစ်ကုန်ကြရော့မယ် ဘုရား .. ဘုရား” နတ်မျက်စိသည် ရင်တထိတ် ထိတ်၊ ခြေတုန်လက်တုန် ရွေရွတ် မြည်တမ်းရင်း ထရပ်ကားကြီးသွား ရာလမ်းအတိုင်း မျက်ခြည်မပြက်စောင့်ကြည့်အကဲခတ်နေလေသည်။ ထရပ်ကားကြီးမှာ မဟာရန်ကုန် နယ်နိမိတ်အနီးသို့ တရွေ့ရွေ့ ချဉ်းကပ်လာသည်။ အမှတ် ၃ လမ်းဆုံသို့ မရောက်မီကလေးတွင် ရှောင်တခင်စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ကို ထရပ်ကား ဒရိုင်ဘာက ဘွားခနဲ တွေ့လိုက်ရပြီး

” ဟ သောက်ကျိုးနည်း၊ မူးယစ် အထူးတပ်ဖွဲ့ပါကလား”ဟု ရေရွတ်သည်။ ကားကိုရုတ်တရက် ဘရိတ်အုပ်၍ ရပ်လိုက်သည်။ သူ့ဘေးမှာ အိပ်ငိုက်နေသော ယာဉ်အကူ၊ အရံ ဒရိုင်ဘာကို ပခုံးပုတ်၍ နှိုးလိုက်၏။ ” ဟဲ့ ငနာ၊ ဒိုးကြစို့၊ အမြန်ဆုံး ဒိုးကြစို့၊ ဟိုရှေ့မှာ မင်းအဘတွေ တစ်အုပ်ကြီးပဲ”ထို့နောက် ကားသမားနှစ် ယောက် ကားဘေးချုံပုတ်များထဲသို့ ဒရောသောပါး ဝင်ပြေးကြသည်ကို နတ်မျက်စိက စိတ်မသက်သာစွာ ကြည့်နေမိ၏။ “မဟုတ်တာတော့ လုပ်ရဲကြတယ်။ တရားဥပဒေကိုကျတော့ ရင်မဆိုင်ဝံ့ကြဘူး။ အလကား ငကြောက် တွေ” ရဲများသည် ထရပ်ကားကြီးဆီ သို့ ပြေးလာကြပြီး ကားကိုဝိုင်းထားလိုက်ကြ၏။ ဒရိုင်ဘာခန်းကား ဟာလာ ဟင်းလင်း။ “ကျားကိုခွေးကိုက်တာပဲကွာ။ ခွေးနှစ်ကောင် တောထဲကို ဝင်ပြေးပြီ” ဟု ရဲတစ်ယောက်က ညည်းတွားသည်။ “မင်းကကျားတော့ကျားပဲ။ ဒါပေမဲ့ ဖွတ်ကျား” ရဲအရာရှိငယ်တစ်ယောက်က ရဲတပ်သားငယ်ကို ကျွဲမြီးတိုသံဖြင့် သရော်လိုက်၏။ ရဲအရာရှိသည် ဖုန်းပြောနေပြီး “ဟုတ်ကဲ့ ဟုတ်ကဲ့ နှင့် တစ်ဟုတ်ကဲ့တည်း ကဲ့နေသည်။ ဖုန်းပြောပြီးလျှင် ရဲအရာရှိက သူ၏ရဲဘော်များအား ” ကဲ ထုံးစံအတိုင်းပဲဟေ့။ သတင်းအတိအကျရထားတော့ ကားပေါ်မှာ ဘာတွေ ဘယ်လောက် ပါသလဲဆိုတာ ဗေဒင်မေးစရာ မလို တော့ဘူး။ ထုံးစံအတိုင်း ဒီကားကြီး ကို မောင်းနေကျ နေရာကို မောင်းယူသွားပေတော့” နတ်မျက်စိသည် မပြုံးဘဲ ဝါး လုံးကွဲ ရယ်ချလိုက်တော့၏။ သို့သော် သူ့ရယ်သံကို ဘယ်သူမှ မကြားနိုင် ကြပါချေ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*