ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်တဲ့ ထက်ယံ

ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်တဲ့ ထက်ယံ
May 29, 2017 Asian Fame
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်တဲ့ ထက်ယံ

Htet Yan

တစ်ကိုယ်တော်ဖျော်ဖြေပွဲ နီးကပ်လာတာနဲ့အမျှ သီချင်းအတွက်စီစဉ်ရ၊ ရှိုးအတွက်စီစဉ်ရနဲ့ ထက်ယံတစ်ယောက် အလုပ်တွေ ရှုပ်လို့နေပါတယ်။ ဒါပေမဲ့လည်း သူက တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အချိန်တော်တော်ယူကာ ကြိုတင် စီစဉ်ခဲ့တဲ့သူဆိုတော့ အခက်အခဲတွေအတွက် အဆင်ပြေမှာပါ။

” In My Life ဆိုတာ ကျွန်တော့်ဘဝမှာ ကျွန်တော်လုပ်မယ့်အရာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်သီချင်းစလုပ်ကတည်းကနေ အဲဒီပွဲလုပ်တဲ့နေ့အထိ ကျွန်တော့်ကို အားပေးခဲ့သူတွေလည်းပါမယ်။ ကျွန်တော်ဆိုခဲ့တဲ့ သီချင်းတွေလည်းပါမယ်။ ကျွန်တော်နဲ့ ဆိုခဲ့တဲ့ အဆိုတော်တွေပါမယ်။ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ဒီအတွဲတွေ အားလုံး အတူတူဆိုရမယ်ဆိုတဲ့ဟာကို မှတ်တမ်းတင်ထားတဲ့သဘောမျိုးပါ။ အဲဒီအတွက် ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်ပါမယ့် သူတစ်ယောက်က ဘယ်သူဖြစ်မလဲ။ အစိတ်အပိုင်း တစ်ခုအဖြစ်နဲ့ လာခဲ့ပေးဖို့ ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်” လို့ ရှိုးနဲ့ပတ်သက်ပြီး ထက်ယံက ပြောပါတယ်။

ထက်ယံရဲ့ One Man Show လုပ်မယ့်နေ့က ၆လပိုင်း၊ ၉ ရက်နေ့၊ သောကြာနေ့ကျတယ်။ လုပ်မှာက မန္တလေး Diamond Plaza အပေါ်ဆုံးထပ်ပေါ့” လို့ သူကဆိုပါတယ်။ ရှေ့မှာ နောင်တော်တွေ၊ သူငယ်ချင်းတွေ ရုပ်ရှင်ရိုက်ကူးနေကြပြီဆိုတော့ ထက်ယံကော ဘယ်လိုလဲလို့ မေးတဲ့အခါ…” အခြေအနေအရပါပဲ။ ကျွန်တော်ကတော့ သီချင်းဆိုရတာ ပိုပျော်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*