Myanmar Idol Season – 2 က သားငယ် ရဲ့ တစ်ကိုယ်တော်စီးရီး ဘယ်တော့ ထွက်ရှိမလဲ

Myanmar Idol Season – 2 က သားငယ် ရဲ့ တစ်ကိုယ်တော်စီးရီး ဘယ်တော့ ထွက်ရှိမလဲ
May 22, 2017 Asian Fame
Myanmar Idol Season – 2 က သားငယ် ရဲ့ တစ်ကိုယ်တော်စီးရီး ဘယ်တော့ ထွက်ရှိမလဲ

Tar-NgenMyanmar Idol Season – 2 ရဲ့ winner ဆုရှင် သားငယ်ကတော့ လက်ရှိမှာ အဆိုတော် တစ်ဦး အဖြစ် ပရိသတ် လက်ခံ အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်။ ဆုရပြီးနောက် မွေးရပ်ဇာတိမြေ ဖြစ်တဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး အလှူဒါ နများလည်း ပြုလုပ်ခဲ့ ပါတယ်။ ခုလတ်တလောမှာတော့ သူ့ရဲ့ တစ်ကိုယ်တော် စီးရီး ထွက်ဖြစ်ဖို့လည်း ကြိုးစား နေပါတယ်။ တေးစီးရီးနဲ့ ပတ်သတ်ပြီး…

“တစ်ကိုယ်တော် တေးစီးရီးကိုတော့ မြန်မြန် လေးနဲ့အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါ တယ်။ သီချင်းလေးတွေကို လည်းကောင်း တာ လေးတွေ ဖြစ်အောင် လုပ်နေပါတယ်။ ဘယ် တော့ထွက်ရှိမလဲ ဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ ကျွန်တော် ကတော့ Rock သီချင်းတွေ ဆိုတာကြိုက်တယ်။ ကိုယ်ကလည်း Rock သီချင်းဆိုရတာ အား သန်တယ်။ ဒါပေမဲ့ အခွေ ထွက်လာ ရင်တော့ အားလုံး အဆင်ပြေအောင် ရသစုံအောင် တော့ပါလာပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

အိမ်ထောင်သည် တစ်ဦးဖြစ်တဲ့ သား ငယ်အတွက် အိမ်ထောင်ဦးစီး တာဝန်နဲ့ အနုပညာအလုပ်တွေကို နှစ်ဘက်စလုံး အဆင်ပြေအောင် လည်း ကြိုးစား လုပ်ကိုင်နေရပါတယ်။

“စိန်ခေါ်မှုတွေ အများကြီး ရှိတာပေါ့နော်။ ကိုယ်က လည်း အိမ်ထောင်သည် တစ်ဦး ဖြစ်နေတော့ ပြိုင်ပွဲဝင်တုန်းက အိမ်ထောင် ဦးစီး တာဝန် နည်းနည်းလေး လို အပ်တာ ရှိခဲ့တာပေါ့နော်။ အခုတော့ အိမ် ထောင်ရေး ဘက်မှာရော၊ အနုပညာ အလုပ်တွေ လုပ်တဲ့အခါ မှာပါ နှစ်ဘက် စလုံး အကောင်းဆုံး ဖြစ်အောင် ကြိုး စားနေပါတယ်”လို့ပြောပြခဲ့ပါတယ်။

အခုလတ်တလောမှာတော့ သား ငယ်က Show ပွဲတွေ ဆက်တိုက် ဆိုလာရပြီး ကြော်ငြာတွေ လက်ခံ ရိုက်ကူးလာပါတယ်။Myanmar Idol Season – 2 မှ ဘီလီလ မင်းအေးနဲ့အတူ အရှမ်းပြည်နယ် ဘက်မှာ ဓာတ်မြေသြဇာ ကြော်ငြာ တစ်ခု သွားရောက် ရိုက်ကူးထား တာလည်း တွေ့ရပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*