Heineken Beer
Heineken Beer

၁၉ နှစ်ပြည့်မွေးနေ့မှာ ရွှေမှုံရတီ ချစ်သူဆီက ဘာလက်ဆောင် ရခဲ့လဲ

၁၉ နှစ်ပြည့်မွေးနေ့မှာ ရွှေမှုံရတီ ချစ်သူဆီက ဘာလက်ဆောင် ရခဲ့လဲ
May 22, 2017 Asian Fame

ShweHmoneYatiမေလ ၁၆ ရက်နေ့ မွေးနေ့ရှင် ရွှေမှုံရတီက သူ့ရဲ့အသက် ၁၉ နှစ် ပြည့်မွေးနေ့ကို အရင်နှစ်ကလို ကြီးကြီးကျယ်ကျယ် မလုပ်တော့ဘဲ မိသားစု နဲ့အတူ အလှူအတန်းတွေ လုပ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မွေးနေ့ အလှူနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက…

“ဒီနှစ်က ဘာအစီအစဉ်မှ မရှိပါဘူး။ မေလ ၁၅ ရက်နေ့မှာ မွေးနေ့ အကြိုအဖြစ် မန္တလေးက fan တွေအတွက် သီးသန့် လုပ်ပေး ဖြစ်တယ်။ မွေးနေ့ ၁၆ ရက်နေ့ မနက်မှာ ရန်ကုန် ဆေးရုံကြီးမှာ အလှူ လုပ်ခဲ့ပါတယ်။ ဒီနှစ်က ထွေထွေ ထူးထူး ကြီးကြီး ကျယ်ကျယ် ကြီး မလုပ်တော့ဘူး။ မနှစ်က မွေးနေ့ကို ကြီးကြီး ကျယ်ကျယ်လုပ်တယ် ဆိုတာက သမီးအသက် ၁၈ နှစ်ပြည့် မို့လို့။ လူ တစ်ယောက်က ၁၈ နှစ် နောက်တစ်ခါ ပြန်မဖြစ်တော့ဘူး ဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ လုပ်လိုက်တာပါ”လို့ ပြောပါတယ်။

အသက်တစ်နှစ်ကြီးလာတိုင်း ပိုပြီး ရင့်ကျက်လာတယ် ဆိုတဲ့ ရွှေမှုံ ရတီက ချစ်သူဆီက ရရှိထားတဲ့ မွေးနေ့ လက်ဆောင်နဲ့ ပတ်သက်ပြီး တော့လည်း

“မွေးနေ့မှာ အလိုချင်ဆုံး လက်ဆောင်ရယ်လို့ မရှိပါဘူး။ မွေး နေ့လက် ဆောင်တွေလည်း ရထားပါတယ်။ ချစ်သူဆီက မွေးနေ့ လက်ဆောင် ဆိုတာထက် ဂရုစိုက်မှုတွေ၊ ပိုပြီးချစ်တာတွေကို လက်ဆောင် အဖြစ် ရရှိထားပါတယ်” လို့ ပြောပါတယ်။

ချစ်သူ ရှိပေမယ့် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးကြောင်း ဖွင့်ဟ လာတဲ့ ရွှေမှုံရတီက အချစ်က ကိုယ့်အတွက် ဘဝတစ်ခု မဟုတ်ကြောင်း ပြော ပါတယ်။

“အချစ်ကို ရိုးရှင်းစွာပဲ ဖြတ်သန်းပါတယ်။ အာရုံ နောက်စရာတွေနဲ့ မဖြတ်သန်းဘူး။ အချစ်က ကိုယ့်အတွက် ဘဝတစ်ခုမဟုတ်ဘူး။ ကိုယ့်ရဲ့ဘဝက ကိုယ့်မိသားစုနဲ့ ကိုယ့်အလုပ်ကဘဝပဲ။ အချစ်က ကိုယ့်အတွက် ဘဝတစ်ခု မဟုတ်ဘူး။ အိမ်ထောင်ပြုဖို့ အစီအစဉ် လည်း မရှိသေးပါဘူး”လို့ ပြော ပါတယ်။

ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင် ဇာတ်ကားကြီးမှာ ရွှေမှုံရတီက ဗီလိန်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင် ထား တာကိုတွေ့ရပါတယ်။ ဒီဗီလိန် ဇာတ်ရုပ်ကို လက်ခံရိုက်ကူးဖြစ်ရခဲ့ပုံကို ရွှေမှုံရတီက …

“ဒီဇာတ်ကို ဘာဖြစ်လို့ လက်ခံဖြစ်တာလဲ ဆိုရင် သမီး ကာရိုက်တာကို ကြိုက်လို့ပါ။ တချို့ဆို ဗီလိန်ကို ရိုက်ရမှာ ကြောက်တယ်။ သူတို့ ဒါမျိုးကို သိပ်မရိုက်ရဲဘူး။ သမီးက ဗီလိန် ဆိုတာထက် ဇာတ်ရုပ်ကို ပိုပြီးဦးစား ပေးပြီး ဒါကိုတော့ လုပ်ကြည့်ချင်တယ် ဆိုပြီး လက်ခံဖြစ် လိုက်တာ။ စိန်ခေါ်မှုတစ်ခုပေါ့။ ကိုယ့်ဆီလာတဲ့ အလုပ်တွေမှန်သမျှကိုစစ်ထုတ်တယ်။ လက်ခံတယ်။ ကြိုက်တဲ့ ဇာတ်ရုပ်ကို အကောင်း ဆုံးရွေးပြီး သရုပ်ဆောင်တယ်။ ပရိသတ် ကြိုက် လိမ့်မယ်လို့လည်း ထင်ပါတယ်”လို့ ပြောပါတယ်။

ရွှေမှုံရတီက မွေးနေ့လဖြစ်တဲ့ အတွက်ကြောင့် မေလတစ်လလုံးကို ဇာတ်ကား ရိုက်ကူးမှုတွေ ရပ်နားထား မှာဖြစ်ပြီး ခရီးတွေပဲ ထွက်ဖြစ်မှာ ဖြစ်ကြောင်း သိရပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*