အိန္ဒိယရုပ်ရှင် အောင်မြင်ခြင်း အကြောင်း ဘောလိဝုဒ်ထိသွားရောက် လေ့လာခဲ့သူ လူမင်း

အိန္ဒိယရုပ်ရှင် အောင်မြင်ခြင်း အကြောင်း ဘောလိဝုဒ်ထိသွားရောက် လေ့လာခဲ့သူ လူမင်း
May 22, 2017 Asian Fame

Lu Min

သရုပ်ဆောင်လူမင်းက မေလ ၁ဂ ရက်နေ့ကစတင်ပြီးအိန္ဒိယနိုင်ငံ၊ ဘောလိဝုဒ်သို့ ရုပ်ရှင်နဲ့ ပတ်သက် သည်များကို ၄ ရက်ကြာ သွားရောက် လေ့လာခဲ့ပါ တယ်။ ဘောလိဝုဒ်သို့ ရောက်ရှိ တဲ့အချိန်မှာတော့ ရုပ်ရှင်မြို့တော်က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ကာ ရုပ်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ ကိုတော့ သရုပ်ဆောင် လူမင်းက ..

” အဓိကကတော့ လေ့လာရေးပါပဲ။ ဘယ်လိုအလုပ်တွေ တွဲလုပ်လို့ရမလဲ၊ ကျွန်တော် တို့ဘာတွေ အကူအညီ ရနိုင်မလဲ၊ ဘာပဲပြောပြော ဘောလိဝုဒ်ဆိုတာက ရုပ်ရှင် လုပ်ငန်းနဲ့ပတ်သက်ရင် ကမ္ဘာ မှာအောင်မြင်တဲ့ လောက ကြီးတစ်ခုပဲပေါ့။ ဒီတော့ အသိအကျွမ်း မိတ်ဆွေတွေ လည်းရှာရင်းနဲ့ ရှေ့ဆက်ပြီး တော့ ဘယ်လိုပူးပေါင်း ဆောင်ရွက်လို့ရမလဲ၊ လုပ် ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး လေ့လာ ရေး သွားတာပါ။ အကုန်လုံးနဲ့တော့ တွေ့ခဲ့တယ်။ ဒါရိုက်တာ၊ ရုပ်ရှင် ထုတ်လုပ်ရေး၊ စတူဒီယိုတွေ၊ အနု ပညာသင်တန်းကျောင်းတွေ၊ ရုပ်ရှင် မြို့တော်ကတာဝန်ရှိတဲ့သူတွေ အကုန် လုံးနဲ့တော့တွေ့ခဲ့ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်လူမင်းက ဘောလိဝုဒ်ရောက်ရှိနေချိန်မှာ တော့ အိန္ဒိယမီဒီယာများနဲ့လည်း တွေ့ဆုံခဲ့ကြောင်းကို ” ကျွန်တော်လာမယ်ဆိုတော့ သူတို့ဆီက မီဒီယာတွေက Conference လုပ်ချင်တယ်လို့ ပြောလို့ပါ။ အဲဒါနဲ့ restaurant တစ်ခုမှာ စာနယ်ဇင်း တွေ့ဆုံပွဲလေး လုပ်ဖြစ်ခဲ့တာပါ။ သူတို့ကတော့ မြန်မာနိုင်ငံက ဒါရိုက်တာလည်း ဖြစ်တယ်၊ သရုပ်ဆောင်လည်း ဖြစ်တယ်၊ ထုတ်လုပ်သူလည်း ဖြစ် တယ်ဆိုတော့ ကိုယ်လာတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ ဘောလိဝုဒ်အပေါ်အမြင်၊ ရှေ့ဆက်ပြီး ဘယ်လိုပူး ပေါင်းပြီး ဆောင်ရွက်ဖို့အစီ အစဉ်ရှိ မလဲဆိုတဲ့ အကြောင်းအရာတွေကိုမေးကြတာပါ” လို့ ပြောပါတယ်။

ဆက်လက်ပြီး အိန္ဒိယနိုင်ငံရှိ ဘောလိဝုဒ်ရိုက်ကွင်းတည်ရှိရာ နေရာများသို့လည်း သွားရောက်လေ့လာခဲ့တဲ့ သရုပ်ဆောင်လူမင်းက မြန်မာနိုင်ငံနဲ့ ကွာခြားပုံ အကြောင်း နဲ့ ပတ်သက်ပြီးလည်း ….

” အိန္ဒိယက အောင်မြင်တယ်ဆိုတာက human resources လို့ ခေါ်တဲ့ ပညာရှင်အရေအတွက်ကလည်း လုံလုံလောက်လောက်ရှိတယ်။ ကိုယ်သွားကြည့်တဲ့ Post Production စတူဒီယိုဆိုရင် တကယ်ပညာရှင်တွေအပြည့်ပဲ။ ဆိုလိုတာက ပညာရှင်တွေလည်းရှိတယ်။ Facilities တွေ၊ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်း ကိရိယာတွေ၊ နိုင်ငံတကာအဆက်အသွယ်တွေ၊ ကျွမ်းကျင်တဲ့ လူတွေ၊ အကုန်လုံးရှိနေတော့ အိန္ဒိယရုပ်ရှင်က အောင်မြင်တယ်လို့ ကိုယ်ထင် တယ်” လို့ ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*