မိုးစက်ဝိုင် ရဲ့ မွေးနေ့ အလှူဒါန

မိုးစက်ဝိုင် ရဲ့ မွေးနေ့ အလှူဒါန
May 22, 2017 Asian Fame
မိုးစက်ဝိုင် ရဲ့ မွေးနေ့ အလှူဒါန

MoeZမိုးစက်ဝိုင်က သူ့ရဲ့ အမာခံ ပရိသတ်များ၊ သူငယ်ချင်း များနဲ့အတူ မေလ ၂ဝရက်နေ့မှာ ကျ ရောက်တဲ့ မွေးနေ့ အလှူ အဖြစ် ရွှေတိဂုံ ဘုရား ပေါ်မှာ ထီးအချောင်း ၅ဝ လှူဒါန်းခဲ့သလို ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာလည်း ဘုရားဖူး လာပြည်သူများကို အချိုရည်ဘူးများ နဲ့ ထီးအချောင်း ၇ဝ တို့ကို ဝေငှ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မိုး စက်ဝိုင်က ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ NAC (NLD AIDS Center) မှာ အလှူငွေကျပ် ၇သိန်းခွဲ ပေးအပ်လှူ ဒါန်းခဲ့သလို ဒီဂေဟာမှာရှိတဲ့ ကလေးငယ် များကို မုန့်များ၊ အချို ရည်ဘူးများ၊ ဗလာစာအုပ်များ၊ အရုပ်များကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ကလေးငယ် များနဲ့အတူ ဂိမ်းကစားခြင်း၊ ပုံပြင် စာအုပ် ဖတ်ပြခြင်း တို့ကိုလည်း ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါတယ်။

“ဘာသာရေးအရ ဘုရားမှာ တော့ နှစ်တိုင်း လှူဖြစ်ပါတယ်။ အဓိကကတော့ NAC က AIDS ကလေးတွေကို လာလှူတာပါ။ လွန် ခဲ့တဲ့ ၂နှစ်က တခြားအဖွဲ့ တစ်ခု နဲ့ မိုးစက် သုခရိပ်မြုံကို ရောက်ဖူးပါ တယ်။ မိုးစက်က ထပ်လှူချင်တော့ နောက်တစ်နေရာ စုံစမ်း လိုက်တော့ ဒီနေရာကို လာလှူဖြစ်သွားတာပါ။ ဒီနေရာလေးက အဆောက်အအုံ ပဲဖြစ်ဖြစ်၊ ဆေးဝါးပဲ ဖြစ်ဖြစ်ဖြစ် လိုအပ်နေပါသေးတယ်။ ဒီနေရာ လေးကို လာလှူကြဖို့ ဖိတ်ခေါ်ချင် ပါတယ်” လို့ ပြောပါတယ်။ မိုး စက်ဝိုင်ကို We Love Moeset Wine  အဖွဲ့က မေလ ၁၉ ရက်နေ့ ညပိုင်းမှာ Surprise Birthday  ပြုလုပ်ပေးခဲ့ပြီး မွေးနေ့လက် ဆောင် များလည်း ပေးခဲ့ကြပါ တယ်။ ပရိသတ်တွေ မွေးနေ့ကို surprise လုပ်ဖြစ်ပုံကိုတော့

mz2“မိုးစက်ကို we love အဖွဲ့က မဟာဝိဇရ စေတီမှာ ဆီမီးပူဇော် ပေးတယ်။ ဒါပေမဲ့ မိုးစက် ကြို တော့ သိသွားတယ်။ မိုးစက် အတွက် ဘေ ဘုတ်ထောင်ပြီး Birthday Wish လုပ်ပေးတာ တော့ ကြိုမသိဘူး။ အဲဒီ ဘေဘုတ် အောက်မှာ ကိတ်မုန့်ခွဲ တယ်။ အရမ်းပျော် ဖို့ ကောင်းပါတယ်” လို့ မိုးစက်ဝိုင် က ပြောပါတယ်။

မိုးစက်ဝိုင်က NAC က အပြန်မှာ သုခ ရိပ်မြုံ လူငယ်ဖွံ့ဖြိုး ရေး ပရဟိတ ဂေဟာ မှာလည်း အလှူငွေ တစ်သိန်းနဲ့ မုန့်များ၊ အရုပ်များနဲ့ အချိုရည်ဗူး များ လှူဒါန်း ခဲ့ပါသေးတယ်။

ခိုင်ဝေလွင်  ၊
ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*