တရုတ်နိုင်ငံမှာ YBS ယာဉ်လိုင်း ကြော်ငြာ ရိုက်ကူးမယ့် ဝင့်ယမုံလှိုင်

တရုတ်နိုင်ငံမှာ YBS ယာဉ်လိုင်း ကြော်ငြာ ရိုက်ကူးမယ့် ဝင့်ယမုံလှိုင်
May 22, 2017 Asian Fame
တရုတ်နိုင်ငံမှာ YBS ယာဉ်လိုင်း ကြော်ငြာ ရိုက်ကူးမယ့် ဝင့်ယမုံလှိုင်

wint

လက်ရှိရုပ်သံလိုင်းတစ်ခုမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ “ချစ်သူထွင်းတဲ့ အက္ခရာ” ဇာတ်လမ်းတွဲမှာလည်း ဝင့်ယမုံလှိုင်ကို အောင်မြင်ထက်မြက်တဲ့ အမျိုးသမီး လုပ်ငန်း ရှင်သူဋ္ဌေးသမီးနေရာကပါဝင်ထား ပြီး ပရိသတ်များလည်း အားပေး စောင့်ကြည့်ကြတာကို တွေ့ရပါတယ်။ “ထိပ်ထား” ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားတဲ့ ဝင့်ယမုံလှိုင် က ဒီဇာတ်လမ်းတွဲမှာ ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး ….

” ဒီဇာတ်ကားမှာ ညီမက “အမာ” ဘက်သွားတဲ့ ကာရိုက်တာမျိုးပါ။ ပရိသတ်ကြီးလည်း ဝင့်ယမုံလှိုင်ဆိုရင် မြင်နေကျ ဇာတ်ရုပ်တစ်ခုတော့ ဖြစ်တာပေါ့။ အတိတ်ကမကောင်းတဲ့ အရိပ်ဆိုးတွေက ကိုယ့်ကိုယ်ပြန်ပြီး ခြောက်လှန့်နေတဲ့ပုံစံမျိုးပါ။ နောက် ပြီးတော့ ဒုက္ခိတဖြစ်သွားတယ်ပေါ့။ ညီမလည်း ရိုက်နေရင်းနဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်တဲ့အခါအလိုမကျဘဲ ပြန်လုပ်ချင်တာမျိုး အမြဲဖြစ်မိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးနဲ့ အကောင်း ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ရိုက်ကူး ချိန်ကြာတယ်။ အခက်အခဲတွေရှိတယ်။ ဒါတွေက ဖြစ်လေ့ဖြစ် ထရှိ တော့ကျင့်သားရနေပါပြီ။ အသစ်တစ်ယောက်အနေနဲ့ အများကြီး လေ့လာစရာတွေ၊ ကြိုးစားရမှာတွေ ကျန်ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

ဇာတ်လမ်းတွဲ ထုတ်လွှင့်နေချိန်မှာ ကိုယ့်ကိုယ်တိုင်လည်း ပြန်ကြည့် ဖြစ်ပြီး ကြည့်ရှုတဲ့ ပရိသတ်တွေဆီက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်အကြံပေးမှုများနဲ့ ပတ်သက်ပြီး ” ညီမလည်း ဒီဇာတ်လမ်းတွဲကို အားရင်အားသလိုကြည့်ဖြစ်တယ်။ Pyone Play ကနေလည်း ပြန်ကြည့် ဖြစ်တယ်။ ကြည့်တဲ့ပရိသတ်တွေကလည်း အများကြီး ဝေဖန်ပေးကြတယ်။ သရုပ်ဆောင်လိုနေသေးတဲ့ နေရာလေးတွေလည်း ထောက်ပြတယ်။ တော်တော်များများ ကတော့ အမာပုံစံနဲ့လိုက်ဖက်တယ်လို့ မြင်ကြတယ်။ တချို့က လည်း အမာကာ ရိုက်တာနဲ့ ကိုယ့်ကိုမှတ်ယူထားကြတယ်။ တချို့ကလည်း အပြောင်းအလဲ ဖြစ်အောင် ကွဲထွက်တာမျိုးလေး လုပ်ကြည့်ပါလားလို့ ပြောကြတယ်။ ကားရိုက်ဖို့ လာကမ်းလှမ်းရင်လည်း ခက်ထန် တဲ့သူဋ္ဌေးပုံစံမျိုးလိုမျိုးတွေများပါတယ်။ ညီမတို့အနေနဲ့ ရွေးချယ်ခွင့် မရှိသေးတော့ ကျရာနေရာက အကောင်းဆုံး သရုပ်ဆောင်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ အခုညီမ ဇာတ်လမ်းတိုလေးတစ်ပုဒ် ရိုက်ကူး ထားပါ တယ်။ ဒီဇာတ်လမ်းတိုလေး မှာတော့ ပရိသတ်တွေ မြင်နေကျ မဟုတ်တဲ့ သရုပ်ဆောင်မှုမျိုးကို လုပ်ချင်ပါတယ်” လို့ ဝင့်ယမုံလှိုင်ကပြောပါတယ်။

သရုပ်ဆောင် ဝင့်ယမုံလှိုင်က YBS ယာဉ်လိုင်းအတွက် ကြော်ငြာ ရိုက်ကူးဖို့ တရုတ်နိုင်ငံကို သွားရောက်ဦးမယ်လို့ သိရပါတယ်။ ဝင့်ယမုံလှိုင်နဲ့အတူ ဆုမြတ်နိုးဦး၊ အေးချမ်းမိုးတို့က YBS ကားအသစ် တွေနဲ့အတူ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*