Heineken Beer
Heineken Beer

ကိုယ် လျှောက်လှမ်းနေတဲ့ လမ်းတွေပေါ်မှာ သီချင်းတွေနဲ့ပဲ ဖြတ်သန်းချင်သူ ဟန်သီ

ကိုယ် လျှောက်လှမ်းနေတဲ့ လမ်းတွေပေါ်မှာ သီချင်းတွေနဲ့ပဲ ဖြတ်သန်းချင်သူ ဟန်သီ
May 9, 2017 Asian Fame

HanTiဂီတာဟာ သူ့ဘဝရဲ့ အစိတ်အပိုင်း ပါလို့ ပြောလာသူကတော့ အလှမယ်၊ အဆိုတော် ဟန်သီပဲ ဖြစ်ပါတယ်။ ဘဝရဲ့ အရေးပါမှု တစ် ခုဖြစ်တဲ့ ဒီဂီတကို သူဘယ်လို လေ့လာလဲ။ သူ့ဘဝကို ဂီတတွေရဲ့ သံစဉ်တွေနဲ့ ဘယ်လိုဖြတ်သန်းဖြစ် သလဲဆိုတာ ကိုတော့ အလှမယ် ဟန်သီက

“ဟန်သီ့ အတွက် ဒီသီချင်းပိုင်း၊ အဆိုပိုင်းတွေစတဲ့ ဂီတနဲ့ ပတ်သက်တဲ့ အရာတွေက ဟန်သီ့ရဲ့ဘဝ တစ်ခုလို့ ပြောလို့ရတယ်။ ဟန်သီ့ရဲ့ Life  တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း ပြောရင်လည်း မမှားပါဘူး။ ဘာလို့ လဲဆိုတော့ ဟန်သီက ဂီတကို ရူး သွပ်တယ်။ အဲဒီအတွက် ဂီတနဲ့ ပတ်သက်တဲ့ ပညာရပ်တွေ ကိုလည်း လေ့လာသင်ယူ တယ်။ ဂီတဘက်မှာ စန္ဒရားလည်း တီးတတ်တယ်။ ဂီတာလည်း တီးတတ်တယ်။ အဲဒီလိုမျိုး ဂီတအနုပညာ အတွက် ကိုယ်က ဝါသနာပါတော့ အဲဒါတွေ လုပ်ဆောင်ဖြစ်တော့ ကိုယ်လျှောက် လှမ်းနေတဲ့ လမ်းတွေပေါ်မှာ သီချင်းတွေ နဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ ဟန်သီက စိတ်ညစ်ရင် သီချင်း ဆိုသလို ပျော်ရင်လည်း သီချင်း နားထောင်ပါတယ်။ သီချင်းက တစ်ရက်ကို အနည်းဆုံး ၁နာရီ၊ ၂နာရီလောက်တော့ သီချင်း နားထောင်ဖြစ်တယ်၊ သီချင်းဆိုဖြစ်ပါတယ်” လို့ ပြောပြပါတယ်။ အလှမယ် ဟန်သီက သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် စီးရီးခွေကို ဇူလိုင်လလောက်မှာ ထွက်ရှိလာဖို့ ကြိုးစားခဲ့ပေမယ့် အခု ရက်ပိုင်းအတွင်းမှာ အနုပညာ လုပ်ငန်းတွေ တအား ဆက်နေတာကြောင့် ဒီနှစ် ကုန်လောက်မှ အခွေထွက်ရှိနိုင်မှာ ဖြစ်ကြောင်း ပရိသတ် ကို အသိပေး စကားပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*