
“ကမ္ဘာ့ခေါင်းဆောင် တွေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ယောက် ခုလိုတွေ့ ဆုံမှုတွေဟာ သမိုင်းဝင်တဲ့ နေ့ရက်တွေပါ။ မေလ ၅ ရက်နေ့က ဗြိတိန် ဘုရင်မကြီးနဲ့ တွေ့တဲ့ အချိန်မှာလည်း ပိုပြီး ခံစား မိတာက ကိုယ့်တိုင်းပြည်က ခေါင်း ဆောင် တစ်ယောက်ကို ပျူပျူငှာငှာ ဆက်ဆံတာ တွေ့ရတာ ကြည်နူး ဝမ်းသာမိတယ်။ ကျွန်တော်တို့ တိုင်းပြည်က ကမ္ဘာပေါ်က နိုင်ငံ သေးသေးလေးပါ။ ခုလို နိုင်ငံသေး သေးလေးက ခေါင်းဆောင် တစ် ယောက်ကို ပျူပျူငှာငှာ ကြိုဆိုတယ် ဆိုတဲ့ မြင်ကွင်း က ကိုယ့် တိုင်းပြည်မှာ ဒီလိုခေါင်းဆောင်မျိုး ရှိတယ်။ ဒီခေါင်းဆောင် ကို အားကျပြီး ကိုယ်တွေလည်း လုပ်သင့် လုပ်ထိုက် တာကို လိုက်လုပ်သင့်ပါတယ်။ ခုလို တွေ့ ဆုံမှုကနေလည်း ရလဒ်ကောင်း တွေ ထွက်ပေါ်လာမယ်ထင်ပါတယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး အဆိုတော် ရန်ရန်ချန်းကလည်း
“အားလုံးလိုပါပဲ။ ကိုယ့်နိုင်ငံ ခေါင်းဆောင် တစ်ယောက် ခုလို ခရီးစဉ်တွေ သွားတာကို တိုင်းသူ ပြည်သား တစ်ယောက်အနေနဲ့ ဂုဏ်ယူတယ်။ ကိုယ့်နိုင်ငံ အတွက် အကျိုးရှိမှာတွေ ဆွေးနွေး လာမယ်လို့ လည်း ယုံကြည်တယ်။ အဲဒီအတွက် ဝမ်းသာတယ်” လို့  ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ သုံးနိုင်ငံ ခရီးစဉ်အဖြစ် ဘယ်လ် ဂျီယံ၊ အီတလီနှင့် ဗြိတိန် နိုင်ငံများကို သွားရောက် နေတာလည်း ဖြစ်ပါ တယ်။