မိုးဟေကို ဇာတ်ကား ရိုက်ကူးရေးတွေ ကျဲသွားတာ ဘာကြောင့်လဲ

မိုးဟေကို ဇာတ်ကား ရိုက်ကူးရေးတွေ ကျဲသွားတာ ဘာကြောင့်လဲ
May 8, 2017 Popular

Moe-Hay-Ko-(1)

မိုးဟေကိုက သူ့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ “မိုး” ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက် ကူးတင်ဆက်တဲ့ “လူများကို ခြောက်လှန့်ရန် တစ္ဆေ တစ်ကောင် အလိုရှိသည်” သရဲရုပ်ရှင် ဇာတ်ကားကြီးလည်း မကြာခင် ရုံတင်ပြသတော့မယ် လို့ပြောပါတယ်။ ဒါရိုက်တာ ညိုမင်း လွင်ရဲ့ ပရိသတ် တစ်ယောက်ဖြစ်တယ်ဆိုတဲ့ မိုးဟေကိုက ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ညိုမင်းလွင် နဲ့ ရိုက်ကူးဖြစ်ခဲ့ပုံနဲ့  ပတ်သက်ပြီး

“မိုးက ကိုညိုရဲ့ ပရိသတ် တစ်ယောက်ပါ။ မိုးက ထုတ်လုပ်ရေး လုပ်တဲ့အချိန်မှာ တစ်ကားနဲ့ တစ်ကား မတူအောင် ရိုက်ကူးတယ်။ ဒီဇာတ်ကား မရိုက်ကူးခင်မှာ မိုးက သရဲဇာတ်ကား ရိုက်ကူးချင်တယ် လို့ မန်နေဂျာ ဦးဆာမိကို တိုင်ပင်တယ်။ တိုင်ပင်ပြီး ကိုညိုနဲ့ ရိုက်ကူးဖြစ်သွားတာပါ။ မင်းသားတွေကလည်း ပရိသတ်တွေ ကြိုက်နှစ်သက် မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားက မိုးထုတ်လုပ်ရေးရဲ့ Plan ထဲက တတိယ Plan ပါ”လို့ ပြောပါတယ်။

“မိုး” ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဇာတ်ကားတွေတိုင်းက ပရိသတ် အားပေးမှု ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ထုတ်လုပ်ရေးက မိုးဟေကိုနဲ့ ကံစပ်မလား ဆိုတာကိုတော့ …”မိုးက ဇာတ်ကားတွေ ထုတ်လုပ် ကတည်းက ရုပ်ရှင်သရုပ် ဆောင် ဆိုတဲ့စိတ်ကို ဖျောက်ပြီးတော့ ပရိသတ် တစ်ယောက် အနေနဲ့ ခံစားပြီး ဇာတ်လမ်းတွေ ဖတ်တယ်။ အစကတည်း က ဒီအလုပ်ကို ဝါသနာလည်း ပါတယ်။ ကိုယ်ချပြတဲ့ ဇာတ်ကား တွေကို ပရိသတ်တွေ ကြိုက်နှစ်သက်မယ် ဆိုရင်ပဲ ကျေ နပ်တယ်။ ဘာမှ မမျှော်လင့် ထားပေမယ့် ကိုယ့်ဘက် ကအတတ်နိုင်ဆုံး လိုအပ်ချက်နည်းအောင်၊ အကောင်း ဆုံးဖြစ်အောင် စေတနာထားပြီး လုပ်တယ်။ အသံပိုင်း ဆိုင်ရာ၊ စက်မှုပိုင်း ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး လိုအပ်တာ အကောင်းဆုံးဘက်က အနေနဲ့ ဖြည့် ဆည်းပေးတယ်။ ကိုယ်ကလည်း သရုပ်ဆောင် ဘက်က လာတာဆို တော့ လိုအပ်တဲ့ အပိုင်းတွေက ဘာတွေ အားနည်း သလဲ၊ အားနည်းတဲ့ အပိုင်းတွေကို အကုန်ဖြည့် ဆည်းတယ်” လို့ မိုးဟေကိုက ပြောပါတယ်။

ကိုယ်ပိုင် ထုတ်လုပ်ရေး အပြင် တခြား စီးပွားရေးတွေပါ လုပ်ဖြစ်နေ တဲ့ မိုးဟေကိုက သရုပ်ဆောင် ဘက်မှာ ရိုက်ကူးတာ ကျဲလာတာကို တွေ့ရပါ တယ်။ အဲဒီအပေါ်မှာ မိုးဟေကို က

“မိုးဇာတ်ကား ရိုက်ကူးမှုတွေ လျှော့တယ်။ မိုးကို ဇာတ်ကားရိုက် ကူးဖို့ ကမ်းလှမ်း ထားတာတွေရှိ တယ်။ ပရိသတ်တွေလည်း ကိုယ့်ကို အားပေးတာ သိရတဲ့အတွက် သူတို့ နဲ့လည်း အဆက်မပြတ်အောင် ရံဖန် ရံခါတော့ ရိုက်ကူးသွားဖို့ ရှိပါတယ်။ အမှန် အတိုင်း ပြောရရင် ကိုယ်မလုပ်ဖူးတဲ့ ကာရိုက် တာမျိုးတွေကို ထူးထူးဆန်းဆန်းတွေ လုပ်ပြ ချင်တယ်။ ဒါပေမဲ့ အခုအချိန်ထိ တော့ မကြုံ သေးဘူး။ ကိုယ့်စိတ်နဲ့ အံဝင်ခွင်ကျ မဖြစ် သေးပဲ ကိုယ့်ကို ဆွဲဆောင်တာ သိပ်မရှိသေး တော့ မရိုက်ကူး ဖြစ်သေးဘူး။ အဓိကက ကိုယ့်ကိုယ် တိုင် ဆိုတာ ထက် တစ်ကားလုံးကို မိုး ခြုံကြည့် တယ်။ တစ် ကားလုံး ကိုပရိ သတ် ကြိုက်မ လား၊ စိတ် ဝင်စားမှုရှိ လောက် မလား။ ကိုယ်ကိုယ်တိုင် တစ်ဆင်းန်ပဲ ပါရ ပါရ၊ ၅ဆင်းန်ပဲ ပါရပါရ ကိုယ်ကိုယ်တိုင် Hero မဖြစ်ချင်ဘူး။ ဇာတ်ကား တစ်ကားလုံးကို ပရိသတ်ကြိုက်တဲ့ Feeling  မျိုးပဲ လိုချင်တယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*