သားသမီးတွေကို ဘာသာတရားနဲ့ပဲ ထိန်းကွပ်ဖို့ စဉ်းစားထားတဲ့ လူမင်း

သားသမီးတွေကို ဘာသာတရားနဲ့ပဲ ထိန်းကွပ်ဖို့ စဉ်းစားထားတဲ့ လူမင်း
May 5, 2017 Asian Fame
သားသမီးတွေကို ဘာသာတရားနဲ့ပဲ ထိန်းကွပ်ဖို့ စဉ်းစားထားတဲ့ လူမင်း

Lu Min

ငယ်စဉ်ကတည်းက စာပေဖတ်ခြင်းကို ဝါသနာထက်သန်ခဲ့တဲ့ လူမင်းက မသိသေးတဲ့အရာတွေ၊ မတတ်သေးတဲ့အရာတွေကို စာပေက နေတစ်ဆင့် သိနိုင်ကြောင်း ပြောပြပါ တယ်။ သူ့ရဲ့ငယ်စဉ်ဘဝစာဖတ် အကျင့်နဲ့ ပတ်သက်လို့လည်း သူက ..

” အစ်ကိုတို့ ငယ်ငယ်တုန်းက တော့ စာဖတ်တဲ့သူတွေကို တအား အထင်ကြီးတယ်။ အစ်ကိုတို့ ငယ် ငယ် စာဖတ်တာ ဆရာနန္ဒသိန်းဇံတို့၊ ဒေါက်တာမင်းတင်မွန်တို့ပေါ့။ ဘာသာရေးနဲ့လည်း နွယ်တဲ့ အမှန် တရားနဲ့လည်း ရပ်တည်တဲ့ စာပေမျိုး တွေပေါ့။ တော်တော်များများ ဖတ်ခဲ့ တယ်။ အဲဒါတွေ အကျိုးကျေးဇူးက ဒီနေ့အထိ ခံစားနေရတုန်းပဲ။ အဲဒီ ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့အကြောင်း အရာတွေက ဒီနေ့အထိ မှန်နေ တုန်းပဲ။ အဲဒီလိုပဲ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးက အချိန်ကာလ အကန့်အသတ်မရှိဘူး။ အဲဒါကိုချဲ့ ကားပြီး ကိုယ်ကိုယ်တိုင်က တွေးတောပညာÓဏ်မြင့်မားရင် မြင့်မားသလို ဘဝတစ်သက်တာမှာ အသုံးချလို့ မကုန်နိုင်ပါဘူး” လို့ စာပေဖြတ်သန်းမှုနဲ့ တွေ့ကြုံရတဲ့ အနေအထားကို ပြောပြပါတယ်။

စာပေဖတ်ရှုမှုကို ကိုယ်တိုင် ဖတ်ရုံသာမက သားသမီးတွေအပေါ် စာပေဖတ်ရှုမှုနဲ့ ပျိုးထောင်လမ်းညွှန် ပုံကိုလည်း လူမင်းက ပြောပြရာမှာ တော့ ” အစ်ကို့သားသမီးတွေအတွက် ဆုံးဖြတ်ထားတာက သူတို့ကို ဘာသာတရားနဲ့ပဲ ထိန်းကွပ်ဖို့ စဉ်း စားထားပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကိုယ်တို့ငယ်ငယ်တုန်းကလို ဟိုဘက်လှည့်စမ်းဆိုပြီး ဝါးခြမ်းပြား နဲ့ ရိုက်ပြီးဆုံးမလို့ရတဲ့ ခေတ်မဟုတ် တော့ပါဘူး။ သူတို့ရဲ့ပင်ကိုစိတ်မှာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်တဲ့ အသိÓဏ်ရှိမှသာ သူတို့ဘဝ အတွက် စိတ်ချရမယ်။ လုံခြုံမယ်။ အဲဒီတော့ အဲဒီလိုဖြစ်အောင်ပဲ ဆုံးမပါတယ်” လို့ လူမင်းက ပြောပါတယ်။

နည်းပညာခေတ်မှာ သူ့ရဲ့ သားသမီးကို စာဖတ်ခြင်းဓလေ့ကို ပျော်မွေ့ဖို့ ပျိုးထောင်မှုအပိုင်းနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။ “ကလေးတွေဆိုတော့ တက်ပလက်တွေ၊ ဖုန်းတွေ လုံးဝမပွတ်နဲ့ တော့ တားလို့မရဘူး။ သူတို့ဂိမ်းဆော့ချင်တယ်။ You Tube ကြည့်ချင်တယ်။ အချိန်အပိုင်းအခြားနဲ့ ကြည့် ခွင့်ပေးတယ်။ အဲဒီလိုပဲ စာလည်းဖတ်ရတယ်။ ကျောင်းတွေကလည်း သင်ကြားတယ်။ စာကြည့်တိုက်က တစ်ပတ်စာအုပ် ၄အုပ်ငှားရတယ်။ ၄ အုပ်မှာ ၄အုပ်က လေ့ကျင့်ခန်း စာ အုပ်ဖြစ်ရမယ်ဆိုတာမျိုးပေါ့။ အဲဒီလို စာတွေကို ဖတ်ခိုင်းတယ်။ သူတို့တင် မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ညအိပ်ရာဝင်ချိန်သူတို့နဲ့ စာအတူတူ ဖတ် တယ်။ သူတို့နဲ့အတူတူ ဆွေးနွေးတယ်။ ဒါလေးကို အချိန်ရသလောက် ကိုယ်လေ့ကျင့်ပျိုးထောင်ပေးနေပါတယ်” လို့ သားသမီးတွေအပေါ် စာဖတ်ဖို့ ပြုစုပျိုးထောင်မှု အကြောင်း အကယ်ဒမီလူမင်းက ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*