ဘဝကို ပျက်စီးစေမယ့် လောင်းကစား ရှောင်ကြဉ်ပါ ပြည်သူထဲက ပြည်သူ့အသံ

ဘဝကို ပျက်စီးစေမယ့် လောင်းကစား ရှောင်ကြဉ်ပါ ပြည်သူထဲက ပြည်သူ့အသံ
May 2, 2017 Asian Fame
ဘဝကို ပျက်စီးစေမယ့် လောင်းကစား ရှောင်ကြဉ်ပါ ပြည်သူထဲက ပြည်သူ့အသံ

voice
ဒီလိုမျိုး လောင်းကစားတွေ
လူတိုင်းကို မလုပ်စေချင်ဘူး။
လောင်းကစားဆိုတာက…
ဦးမြင့်မောင် (ရွှေပြည်သာ)

ဦးတို့ ရပ်ကွက်က အမျိုးသမီး တစ်ယောက်ပေါ့။ သူ့ယောက်ျားက ကန်ထရိုက်လုပ်တယ်။ သူတို့မှာ အိုးပိုင်အိမ်ပိုင် ရှိတယ်။ သူက ဆုမဲ တွေဘာတွေလည်း ကိုင်တယ်။ နောက်လည်း ကျရော နှစ်လုံးတွေ ထိုးတာ ပေါက်တဲ့နေ့လည်း ပေါက် တယ်။ ပေါက်တဲ့နေ့တော့ ဟိုလူ ကျွေး၊ ဒီလူကျွေးနဲ့ပေါ့။ နောက် တစ်နှစ်ကာလ အတောအတွင်းမှာပဲ မဲဖိုးတွေဘာတွေပါ အကုန်သုံးထိုး လိုက်တော့ ချာချာ လည်နေရော။ သုံးထားတဲ့ မဲဖိုးကို ဟိုဘက်က လှည့် ဆပ်လိုက်၊ ဒီဘက်က လှည့် ဆပ်လိုက် နဲ့ပေါ့။ နောက်ကျတော့ အိမ်ပါပေါင် တဲ့အဆင့်ရောက်သွား ရော။ နောက်ကျတော့ မရွေးနိုင်တော့ ဆုံးသွားရော။ အခုတော့ အိမ်ထောင် သည် အဆောင်မှာ တစ်လ ငါးသောင်း ပေးပြီး နေနေရတယ်။ အိမ်ပိုင်ဘဝ ကနေ အဆောင် ရောက်သွားတယ်။ ကိုယ့်ရှေ့မှာ အဲဒါလေးတွေ တွေ့နေ ရတယ်။ ဦးကတော့ ဒီလိုမျိုး လောင်းကစားတွေ လူတိုင်းကို မလုပ် စေချင်ဘူး။ လောင်းကစား ဆိုတာက ရတာထက် ပါသွားတာက များ တယ် လေ။ အဲဒါကြောင့် လူတွေကို လောင်းကစားမလုပ်ဖို့ ပြောချင်ပါ တယ်။

လောင်းကစားက
မလုပ် တာအကောင်းဆုံးပဲ။
ခုနက ပြောတဲ့ လင်မယားဆို
နှစ်လုံးထီရောင်းတယ်…
ကိုကျော်စိုး (တောင်ဒဂုံ)

လောင်းကစား နဲ့ပတ်သက်လို့ ကျွန်တော် တို့ဘေးနားမှာ လက်တွေ့ ပဲ တွေ့မြင်ခဲ့ရတယ်။ အဲဒီလောင်း ကစားဘဝ ကနေပဲ တိုက်ကြီးဖြစ် လာတယ်။ အဲဒီလောင်းကစား ဘဝကနေပဲ ထောင်တွေကျကုန် တယ်။ လင်မယား နှစ်ယောက်လုံး ထောင်ကျပြီးတော့ ခုဆိုအိမ်ခြေရာ ခြေမဲ့တောင် ဖြစ်နေပြီပေါ့။ အဲဒီလို သဘောမျိုးတွေ တွေ့ခဲ့ရတယ်။ လောင်းကစားဆိုတာ ဘယ်လောင်း ကစားမှ မကောင်းဘူး လို့တော့ မြင် တာပဲ။ လောင်းကစား ဆိုတာ ကိုယ်ရလည်း မကောင်းဘူး။ ကိုယ့် ဘက်က ရှုံးသွားလည်း မကောင်းဘူး။ ဘယ်ဘက်ကမှ ကြည့်လို့မှမကောင်း တဲ့အရာပါ။ လောင်းကစားက မလုပ် တာ အကောင်းဆုံးပဲ။ ခုနက ပြောတဲ့ လင်မယားဆို နှစ်လုံးထီ ရောင်းတယ်။ ဘောလုံးပွဲ လောင်းတယ်။ အဲဒါတွေ ကနေပြီး စီးပွားဖြစ်သွားတယ်။ တိုက်တွေဘာတွေ ဖြစ်သွားတယ်။ အဲဒီကိစ္စနဲ့ပဲ ထောင်ကျတယ်။ စီးပွား ရေးတွေ ပျက်တယ်။ အခုဆိုလို့ရှိရင် အိမ်ပြန် ငှားနေရတဲ့ဘဝ ဖြစ်နေတာ ပေါ့။ လောင်းကစားနဲ့ ရတဲ့ငွေက အမြဲတမ်း မတည်မြဲဘူး။ တည်မြဲတဲ့ သူ မရှိသလောက် နည်းတယ်။ ခေတ္တ ခဏ ဝင်လာတယ်။ ခေတ္တခဏနဲ့ ပြန်ထွက်သွားတယ်။ ပြီးတော့ ဒုက္ခသုက္ခ ပြန်ရောက်သွားတာပါပဲ။

လောင်းက စားဆိုတာမျိုးက
ဘယ်ဟာမှ မကောင်းဘူး။
ကိုယ်လည်း ဝါသနာ မပါသလို…
မသင်းသင်းမော် (လှိုင်သာယာ)

ကျွန်မတို့နေတဲ့ရပ်ကွက်မှာ တော့ လောင်းကစား လုပ်တာ သိပ် မရှိဘူး။ လောင်းကစား ကြောင့် ဘဝ ပျက်သွားတာ မျိုးတွေတော့ အပြင်မှာ ကြားဖူးတယ်။ ကျွန်မ ကတော့ လောင်းကစားကို ဝါသနာ မပါဘူး။ အားလည်းမပေးဘူး။ ကျွန်မတို့က တော့ သမ္မာအာဇီဝ အလုပ်နဲ့ပဲ ရတာ လေးနဲ့ လည်ပတ်တယ်။ လောင်းက စားဆိုတာမျိုးက ဘယ်ဟာမှ မကောင်းဘူး။ ကိုယ်လည်း ဝါသနာ မပါသလို၊ သူများတွေ လောင်းက စား လုပ်နေကြတာလည်း မကြိုက် ဘူး။ ကျွန်မတို့ အသိုင်းအဝိုင်းမှာ လည်း လုပ်တဲ့သူမရှိသလို အနား ပတ်ဝန်းကျင်မှာလည်း လုပ်တဲ့သူ မရှိဘူး။ တချို့လောင်းကစား လုပ်တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ တွေ့ရင် မလုပ်ဖို့ ပြောပါတယ်။ ဘဝပျက်မယ့် လောင်းကစား အလုပ် တော့ မလုပ်စေချင်ဘူးလေ။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*