Heineken Beer
Heineken Beer

အမှိုက်ကနေ ရွှေဖြစ်ဖို့ ဝိုင်းဝန်း ဆောင်ရွက်စို့

အမှိုက်ကနေ ရွှေဖြစ်ဖို့ ဝိုင်းဝန်း ဆောင်ရွက်စို့
April 25, 2017 Asian Fame

Aa-Mhikeမြန်မာ့ရိုးရာ အတာသင်္ကြန် ကာလပြီးဆုံး သွားပြီ ဖြစ်တဲ့အတွက် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ခဲ့ပါပြီ။ ရန်ကုန်မြို့ ရဲ့ ဒီနှစ် သင်္ကြန် မှာကော အရင်နှစ် တွေတုန်း ကလို ပွဲပြီး သွားတဲ့အခါ အမှိုက်တွေ ပရဗွနဲ့ ကျန်ရစ်ခဲ့လေ သလား။ ဒါမှ မဟုတ် ပြောင်းလဲ သွား ခဲ့ပြီလား ဆို တာ ပရဟိတ သမားတစ်ယောက် လည်းဖြစ်သလို လက်ရှိ အချိန်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ၅ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ စာရေးဆရာမ သန်းမြင့်အောင်ကို မေးမြန်းဖြစ်ခဲ့ပါ တယ်။

“ရိုးရာသင်္ကြန် ဖော်ဆောင်ရေး ပရဟိတအဖွဲ့ကို လူငယ်တွေ ဖွဲ့ထား လိုက်တယ်။ လူငယ်တွေ ဖွဲ့ထားတဲ့ အထဲမှာ ပရဟိတ အဖွဲ့ပေါင်းစုံပါ တယ်။ အဲဒီအထဲမှာ ၈၈ ပွင့်လင်းက လူငယ်တွေပါတယ်။ NLD Youth တွေ ပါတယ်။ မြန်မာနိုင်ငံ ကင်း ထောက် တပ်ဖွဲ့ပါတယ်။ ကြက်ခြေနီ ပါတယ်။ နာရေးကူညီမှု အသင်းက လည်း ကိုယ့်အမှိုက် ကိုယ်ရှင်းဆိုပြီး သူတို့လည်း တစ်ထောင့် တစ်နေရာက ကောက်တယ်။ အတက်နေ့ မှာလည်း လမ်းလျှောက် အဖွဲ့က လမ်းလျှောက် ရင်း အမှိုက်ကောက်သွားတယ်။ ဆိုတော့ ပြည်သူတွေကို အများကြီး သင်္ကြန်မှာ ပညာပေးပါတယ်။ ဒါကြောင့်မို့လို့ သင်္ကြန်က ခါတိုင်း သင်္ကြန်လိုပြီးရင် အမှိုက်တွေပွပြီး မကျန်ခဲ့ပါဘူး။ အရင်နှစ် သင်္ကြန် ထက်တော့ ပိုပြီး စည်းကမ်းရှိလာပါ ပြီ”လို့ ဆရာမ သန်းမြင့်အောင်က ပြောပါတယ်။ သင်္ကြန်နဲ့ ပတ်သက်လို့ ဆရာမ သန်းမြင့်အောင် ဆက်လက် ပြောပြတာက ပြည်သူတွေ၊ ပရဟိတ အဖွဲ့တွေနဲ့ အစိုးရဌာနတွေ ပေါင်း ပြီးတော့ အလုပ်လုပ်ကြတဲ့အတွက် “ကိုယ့်အမှိုက်ကိုယ်ရှင်း” ဆိုတဲ့ ဆောင်ပုဒ် နဲ့အတူ အမှိုက်တွေ ရှင်းလင်းခဲ့တဲ့ ဦးကျော်သူတို့ နာရေး ကူညီမှု အသင်း အနေနဲ့ကတော့ သင်္ကြန် ကာလမှာလည်း ပရဟိတ အလုပ်တွေ လုပ်ဆောင်ရင်း ဖြတ်သန်း ခဲ့ကြပါတယ်။ အမှိုက်နဲ့ ပတ်သက် လို့ကတော့ ရုပ်ဝတ္ထု အမှိုက်တွေရော၊ စိတ်ဝတ္ထု အမှိုက် တွေပါ ရှင်းထုတ်ပစ် ရမယ်လို့ ဦးကျော်သူက ဆိုပါ တယ်။ နိုင်ငံ တော်က လုပ်ဆောင်နေတဲ့ အမှိုက် ကို စနစ်တကျ စွန့်ပစ်၊ ဖျက်ဆီးပြီး Recycle ပြန်လုပ်တဲ့ စက်ရုံတွေ အပေါ်ကိုလည်း ဦးကျော်သူက

“ဒါကတော့ လုပ်ရမယ်။ နိုင်ငံ တော်ကလုပ်ရမယ့် ကိစ္စကိုး။ ကျွန်တော်ဂျပန် သွားတုန်းက Recycle ကိစ္စသွားလေ့လာတယ်။ အဲဒီဂျပန် အဘိုးကြီး တစ်ယောက် က ပြောတယ်။ “ငါတို့နိုင်ငံက ဘာသယံ ဇာတမှ ထွက်တဲ့နိုင်ငံ မဟုတ်ဘူး။ စစ် ပြီးသွားတဲ့ အချိန်မှာ ငါတို့ နိုင်ငံ က အမှိုက်ပုံကြီး အဖြစ် ကျန်ခဲ့တာ။ ဒီ အမှိုက်ပုံထဲကနေ တန်ဖိုးရှိတဲ့ အရာ တွေထွက်အောင် ငါတို့ကြိုးစားလာ ခဲ့ရတယ်။” အဲဒီစကားက အဓိကပဲ။ နိုင်ငံ တစ်နိုင်ငံ ထူထောင်တဲ့နေရာ မှာ အမှိုက်ကို ကိုယ်ကနေ ဘယ်လို ပြန်ပြီး အကျိုးရှိအောင် လုပ်မလဲ ဆိုတာ ဒါအရေး ကြီးတယ်။ အမှိုက်ကို Recycle ပြန်လုပ်နိုင်တဲ့ စက်ရုံတွေ ရှိမှသာ တိုင်းပြည်က တိုးတက်မှာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင် အမှိုက်မှ လျှပ် စစ် စွမ်းအင်ထုတ်နိုင်သည့် စက်ရုံကို ဧပြီလ ၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် နဲ့ ရွှေပြည်သာ မြို့နယ်ကြား လှော်ကား လမ်းမှာ ပထမဆုံး စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါတယ်။ အမှိုက်ကို စနစ် တကျနဲ့ Recycle ပြန် လုပ်နိုင်တဲ့ စက်ရုံတွေ ပေါ်ပေါက် လာနိုင်ခဲ့ပြီ ဖြစ်တဲ့အပေါ် ဆရာမ သန်းမြင့်အောင် က သူမရဲ့အမြင်ကို

“လူတစ်ယောက်ချင်းစီ၊ တစ်အိမ်ချင်းစီက စွန့်တဲ့ အမှိုက်ဆို တာ ပြည်သူလူထု က စည်းကမ်းရှိမှ ရမှာလေ။ တကယ်တော့ အမှိုက်ကို စပြီးစွန့်တဲ့ အချိန်မှာတောင် ခွဲခြား စွန့်ဖို့ လိုတာပေါ့။ ဒါတွေလည်း အများကြီး ပညာပေးရဦးမယ်။ အခု ဆရာမတို့ ရွှေပြည်သာ ၊ လှော်ကား မှာ အမှိုက် မီးရှို့စက်ရုံ လုပ်တာပေါ့။ အဲဒီ စက်ရုံက တစ်နေ့ကို အမှိုက် တန်၆ဝပဲ ရှို့နိုင်သေးတယ်။ အများ ကြီး လိုသေးတာပေါ့။ ဒီအမှိုက် တန် ၆ဝမှာ လျှပ်စစ်မီဂါဝပ် ၇ဝဝထွက် တယ်။ အဲဒီ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၇ဝဝမှာ ၃ဝဝက မီးရှို့စက် အတွက် ပြန်သုံးတယ်။ ၄ဝဝက မဟာဓာတ်အား လိုင်းထဲကိုထည့် တယ်။ နောက်ထပ် လည်းပဲ အဲဒါမျိုး တွေ အများကြီး လုပ်ဖို့ ကျန်သေး တယ်။ တစ်ဆင့် တစ်ဆင့် စက်ရုံ တွေ များလာလို့ ရှိရင် အမှိုက်ကိစ္စ လေးက ရှင်းသွားမှာပါ။ ဒါပေမဲ့ ပြည်သူ အားလုံးတော့ စည်းကမ်း ရှိဖို့ လိုတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*